ကဗျာ မြန်မာပြည်တွင်း
နိုင်ဝင်းသီ – ရူးနှမ်းနေတဲ့မိုးတိမ်
နိုင်​   ဝင်း   သီ
(မိုးမခ) ဒီဇင်ဘာ ၃၀၊ ၂၀၁၇
အရူးဟာ 
သူ့ကိုယ်​သူ ရူးနှမ်း​နေတဲ့အ​ကြောင်း ဝန်​​ဆောင်​မှု ​ပေးနိုင်​ရမယ်​။
အရူးဟာ အနည်းဆုံး အ​ကောင့်​နှစ်​ခု​တော့
ဖွင့်​ထားနိုင်​ရမယ်​။
အရူးဟာ သူ့ကိုယ်​သူ သီရိဓမ္မအာ​သောကမင်းကြီးလို့ ထင်​​နေရမယ်​။
အရူးဟာ တခါတခါမှာ ​မော်​ဒယ်​လ်​​လေး​တွေနဲ့ တွဲခုတ်​နိုင်​ရမယ်​။
သူ့ကိုယ်​သူ ဗားရှင်းမြှင့်​​ပေး​နေရမယ်​။
အရူးဟာ ​မြှောက်​​ပေးစရာမလိုဘဲ သူ့ဟာသူထထ က​ နေရမယ်​။
အရူးဟာ  ထစ်​ခနဲရှိ  မ​ကျေနပ်​တဲ့လူ​တွေကို တရားစွဲ​နေရမယ်​။
အရူးဟာ သူ့ကိုယ်​သူ ပ​ရော်​ဖက်​ဆာတ​ယောက်​လို့ ထင်​​နေရမယ်​။
အရူးဟာ ကတိကဝတ်​​တွေ ဗုံး​ပေါလ​အော​ပေးပြီး  
သူ့ကိုယ်​သူ ရူးချင်​​ယောင်​​ဆောင်​​နေရမယ်​။
အရူးဟာ ဘုရားသခင်​ကို​တောင်​ သူ့ သူငယ်​ချင်းလို့ 
ထင်​​နေတဲ့လူ ဖြစ်​ရမယ်​။
အရူးဟာ
 ………………………။။
သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Similar Posts