ကဗျာ

ပြည်သစ်ဟန် ● ငါတို့တင်​​ဝေးတာ မဟုတ်​ပါ

ပြည်သစ်ဟန် ● ငါတို့တင်​​ဝေးတာ မဟုတ်​ပါ
(မိုးမခ) ဒီဇင်ဘာ ၂၀၊ ၂၀၁၇

ငါတို့တင်​​ဝေးတာ မဟုတ်​ပါ
ပဲခူးနဲ့တညင်​လည်း​ဝေးတာပဲ
နယူး​ယောခ်​နဲ့တိုင်​​ပေလည်း ​ဝေးတာပဲ
ကောင်းကင်​နဲ့​မြေကြီးလည်း ​ဝေးတာပဲ

ငါတို့တင်​​ဝေးတာ မဟုတ်​ပါ
ပလက်​​ဖောင်း​ပေါ်က က​လေးငယ်​​တွေနဲ့ အီဖယ်​​မျှော်​စင်​ကြီးလည်း ​ဝေးတာပဲ
ကျူး​ကျော်​တဲထဲက ထမင်းဝိုင်း​လေးနဲ့ လွှတ်​​တော်​ထဲက စားပွဲဝိုင်း​တွေလည်း ​ဝေးတာပဲ
ပင်​လယ်​ထဲက​ကျောက်​​ဆောင်​နဲ့ အနုပညာပြခန်းထဲက လက်​ရာ​တွေလည်း ​ဝေးတာပဲ

ငါတို့တင်​​ဝေးတာမဟုတ်​ပါ
ဘာ​နေဗျူးကမြက်​ခင်းပြင်​နဲ့ သုဝဏ္ဏက မြက်​ခင်းပြင်​လည်း​ ​ဝေးတာပဲ
သစ်​ရွက်​အဖျား​လေး​တွေနဲ့ ​ရေ​သောက်​မြစ်​​တွေလည်း​ ဝေးတာပဲ
မင်းနှုတ်​ခမ်းတွဲ​လောင်း​လေးနဲ့ နှင်းရည်​စက်​​လေး​တွေလည်း ​ဝေးတာပဲ။

ငါတို့တင်​​ဝေးတာ မဟုတ်​ပါ
အခုကဗျာအစနဲ့ အဆုံးလည်း ​ဝေးတာပဲ
ငါတို့​တွေ​ဝေးနိုင်​တာပဲ
ဝေး​နေနိုင်​ခြင်းက နီး​နေနိုင်​ခြင်းတမျိုးပါပဲ။

ပြည်​သစ်​ဟန်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts