မိုးသည်းထဲမှာ
မြဇင်ယော်
(မိုးမခ) ဒီဇင်ဘာ ၂၊ ၂၀၁၇
ည ၈ နာရီမှ ဆင်းရမယ့်အတန်းကို ၅ မိနစ်စောဆင်းလိုက်တယ်။
အတန်းစောစောဆင်းရတယ်ဆိုတာ ဆရာလည်းပျော်၊ ကျောင်းသားလည်းပျော်။ ဒါပေမဲ့ ဒီနေ့ကတော့ ဆရာမပျော်ဘူး။
မိုးတွေက သည်းကြီးမည်းကြီးရွာနေတယ်ေ
မိုးရေထဲထွက်ဖို့အရေး မစဉ်းစားတတ်အောင်ပဲ။ အဆောင်မှာနေတဲ့ကလေးမလေးတယောက်က သူ့ထီးလေး လာငှားရှာတယ်။ မယူ တော့ဘူးသမီး၊ အစိုပဲခံလိုက်တော့မယ်ဆိုတော့ သူက ဇွတ်ပေးရှာတယ်။
အဲ့ဒါတို့ကလေးတွေရဲ့ လေးစားစရာကောင်းတဲ့ စိတ်ထားလေးပဲ။ သူတို့ကိုဘယ်လိုဆူဆူ၊ ဘယ်လိုငေါက်ငေါက်၊ ဘယိုအပြစ် ပေးပေး (တခါတလေထိုင်ထလုပ်ခိုင်းတယ်၊ တခါတလေ သီချင်းအော်ဆိုခိုင်းတယ်။ တအားစိတ်ဆိုးလာရင် ဝါးခြမ်းပြားနဲ့ ဆော်ပလော်တီးလိုက်တယ်။)
သူ့စေတနာကို လေးစားသောအားဖြင့် မငြင်းတော့ပဲ ယူလိုက်တယ်။
ယူပြီးတော့မှ သြော် သူ့မှာ တဆောင်နဲ့တဆောင်ကူးချ
ပြီးမှ ရွာမှာ နွားခွေ့ခံရလို့ သေသွားတဲ့ ဦးလေးကြီးတယောက်ကိုသတိရတယ်။ နွားဝှေ့တော့ ရှောင်ရင်းဖယ်ရင်း ရုန်းရင်းဆန်ခတ်ဖြစ်ရင်း နွားချည်ကြိုးနဲ့ငြိပြီး မပြေးနိုင်တော့လို့အသေခံသွားရတာလေ။ ဘာလို့သတိရတာလဲဆိုရင် အဲ့ဒီဦးလေးကြီးကို နွားစဝှေ့တဲ့အချိန်မှာ (ကြိုးမငြိသေးခင်ကတည်းကပေါ့) ဘေးအိမ်က အစ်မကြီးတယောက်က လှမ်းမြင်သတဲ့။ ကြိုးငြိသွားတာလည်း သူမြင်နေရတာပဲ။ သူသာ
စောစောသွားပြီး နွားကြိုးကို ဖြတ်ပစ်လိုက်တာဖြစ်ဖြစ်၊ မိန်းမသားမို့မဝင်ရဲရင်လည်း ဘေးဘီကို အော်ဟစ်အကူအညီတောင်းတာပဲဖြစ်ဖြစ်လုပ်ပေးခဲ့မယ်
သူ ဘာလို့မလုပ်ပေးတာလဲ၊ သူတို့ချင်းမတည့်လို့လား၊ ရန်သူလား၊ စီးပွားပြိုင်ဘက်တွေမလို့လား
ဒီလိုသေသွားမယ်လို့ မထင်လို့လည်းပါမှာပေါ့။ ရွာမှာတော့ အဲ့ဒီအမျိုးသမီးကို အပြစ်ပြောကြ၊ ဦးလေးကြီးကိုသနားကြနဲ့၊ နောက်ဆုံး တော့လည်း ထုံးစံအတိုင်းသူ့သေနေ့စေ့လို့ပေါ့ဆိုပြီး ကိစ္စကိုဖော့ပစ်လိုက်ကြတာပဲ။ ကလေးသာသာကိုယ်ကတော့ ဦးလေးကြီးနေရာ နေကြည့်လိုက်၊ အစ်မကြီးနေရာ နေကြည့်လိုက်နဲ့၊ တော်တော်ကြာအောင် ဒီကိစ္စကိုမမေ့နိုင်ဘူး။ အခုထိပဲလေ။
အဲ့အဖြစ်ကနေ သူများကိစ္စ ဘယ်လိုဖြစ်နေနေ ကိုယ့်ကိစ္စကသာအရေးအကြီးဆုံးလို့သဘောထားတတ်ကြတာသိလာတယ်။ ကိုယ်သာဆိုရင်ရောအဲ့လိုပဲ လုပ်မိသွားမလားဆိုပြီး တွေးပြီးထိတ်လန့်မိတယ်။
မပြောနိုင်ဘူးလေ အဲ့ထက်တောင် ဆိုးဆိုးဝါးဝါး လုပ်မိမလားဆိုတာ။
အခုဆိုရင်ပဲ မိုးစိုသွားလည်း ဘာအကျိုးစီးပွားမှမထိခိုက်နိုင်တဲ့ အသေးအဖွဲကလေးမှာတောင် ကိုယ့်ကိစ္စကိုပဲ ဦးစားပေးလာခဲ့တာ မလား။
ပြည်သူ့ဆေးရုံတွေမှာ ခဏခဏပြဿနာတက်ကြတာ တွေ့ရတာလည်း ဒီအတ္တစိတ်ကြောင့်ပဲနေမှာ။ ဆရာဝန်ဆရာမတွေက ဝန်နဲ့အား မမျှတတဲ့အလုပ်ခွင်မှာ များပြားလှတဲ့လူနာတွေထဲက အသက်အန္တရာယ်နဲ့ နီးကပ်တဲ့လူကို အရင်လုပ်ပေးလိုက်ကြရော။ အဲ့မှာ ဒီ့ပြင်လူတွေ က ငါတို့ကိုတော့ဂရုမစိုက်ဘူး၊ ဒီမှာ ဘယ်လိုခံစားနေရတာ၊ ကိုယ်ချင်းမစာဘူး၊ ဘာဘူးညာဘူးဆိုပြီး ပူညံပူညံတွေ ဖြစ်ကုန်ကြရော။
အပြင်အထူးကုဆေးခန်းကြီးတွေ
တသီကြီးတွေးရင်းတောရင်း အခု ကိုယ့်ကိစ္စဦးစားပေးပြီး ထီးယူလာခဲ့တဲ့ ကိုယ်လည်း မိုးရေထဲထွက်လို့ ရသွားပြီ။
လမ်းပေါ်ရောက်လာတော့ ခါတိုင်း ဥဒဟိုသွားလာနေတဲ့လမ်းပေါ် လူသူလေးပါးကင်းရှင်းနေတာ တွေ့ရရော။ ဝေးမှတခါ ကားမီးရောင် လေး၊ဆိုင်ကယ်မီးရောင်လေး တွေ့ရတာ။ အဲ့ဒါမသွားမဖြစ်သွားရသူတွေ နေမှာပဲ၊ ဒီလောက်မိုးသည်းနေတာဆိုတော့ မသွားသေးဘဲ
ရွှေ့ဆိုင်းလို့ရတဲ့လူတွေက ကိုယ့်အိမ်ထဲမှာကိုယ် နှပ်နေကြမှာပဲလို့ တွေးမိတော့ ကိုယ်က ပထမအမျိုးအစားထဲမှာ ပါနေရော။
စိတ်အားငယ်သလိုလို ဘာလိုလို ဖြစ်လာသေးတယ်။
အကြောက်ဆုံးကတော့ မိုးသည်းနေတုန်း လမ်းမီးလေးတွေ မှိတ်ကုန်မှာပဲ။
သူတို့မရှိတော့ရင် မှောင်မည်း မည်းလမ်းပေါ်မှာ ဘာကိုမှမသဲကွဲတော့ဘူး။ ခေါင်းမှာ မီးသီးတစ်ပွင့်ပန်ထားတဲ့သုံးဘီးဆိုင်ကယ်ကိုလည်း နှစ်ဘီးဆိုင်ကယ်ထင်ပြီး ကပ်ရှောင်လိုက်မိတတ်တယ်။ ပွတ်ကာသီကာလေး လွဲလွဲသွားတာ ခဏခဏဖြစ်ဖူးတယ်။ (မတော်တဆများ ကိစ္စချောသွားခဲ့ရင် ဘယ်သူဘယ်ဝါမှန်းသိအောင်လို
ကားကတော့ မီးသီးနှဟ်ပွင့်ပါတာဆိုတော့ ကားမှန်းတန်းသိတယ်။ အဲ အဲ့ဒီသုံး ဘီးဆိုင်ကယ်ကျတော့ နှစ်ဘီးဆိုင်ကယ်လို့ပဲ
မြင်မြင်နေတတ်တာကြောင့် လန့်တာ။
နောက်တခု လန့်တာကရှေ့မီးနောက်မီး ဘာမီးမှမပါတဲ့ဆိုင်ကယ်၊ စက်ဘီးနဲ့ မြင်းလှည်းတွေကို တွေ့မှာကိုပဲ။ မှောင်နဲ့မဲမဲ ဆိုင်ကယ်က
အနက်ဆိုတော့ နီးမှ ဘွားခနဲ တွေ့တာများတယ်။ စက်ဘီးတို့မြင်းလှည်းတို့ဆိုလည်း အဲ့လိုပဲ။ စီးတဲ့လူက အရောင်တောက်တောက်လေး ဝတ်ထားရင် တော်သေးတယ်။ မဟုတ်လို့ကတော့ ဘရိတ်ကို ကျွီခနဲ ကျွီခနဲပဲ။ တကယ်တော့ သူ(ဘရိတ်)ရှိနေလို့သာ၊ သူမရှိလို့ကတော့ မီးခိုးဖြစ်နေလောက်ပြီ။ အဲ ဇာတိရွာမှာ ပြန်မြှပ်ကြရင်တော့ မြေကြီးပေါ့လေ။
တော်သေးတာ။ အဲ့ မီးသီးတွေကိုဆက်လင်းခွင့်ပေးထားတဲ့ EPC ကျေးဇူးပေါ့။ လမ်းမီးလင်းပြီး လူသွားလူလာ ပြတ်တာပဲရှိတာ။ စိတ်ကလည်း တနေရာလုံခြုံသွားရင် နောက်တနေရာကို တွေးပူတတ်တော့ အဲ့ဒီလူပြတ်တာကိုလည်း တမျိုးကြောက်နေပြန်တာပဲ။ ဒီအနေအထားကိုကြိုက်ပြီး ဒီအချိန်မှ လှုပ်ရှားတတ်တဲ့လူတွေ ရှိနေလို့ပေါ့။ တို့မြို့က ဘယ်အိမ်၊ ဘယ်ဆိုင်အဖောက်ခံရလို့၊ ဘယ်သူတွေ ဘယ်လမ်းမှာ ဘာအလုခံရလို့နဲ့ မကြာမကြာကြားရဖူးတယ်လေ။ ပစ္စည်းယူသွားတာ ပြဿနာမဟုတ်၊
လူကို အန္တရယ်ပေးမှ ဒုက္ခ။
အဲ့လိုနေတုန်း နောက်က ဆိုင်ကယ်မီးရောင်ကလေး တွေ့လိုက်တော့ လမ်းပေါ်မှာ ငါတယောက်တည်းမဟုတ်ဘူးဆိုပြီး အားတက်သွား တယ်။ နောက်ကလာတဲ့ ဆိုင်ကယ်မီလာတော့၊ ထီးဆောင်းထားရင်း ဆိုင်ကယ်စီးရတာမို့ ဆိုင်ကယ်တဘီးချင်းလှိမ့်ေ
အင်း မိုးသံဆိုင်ကယ်သံတွေကြားမှာ ပီပီသသအော်နိုင်တာလည်း နည်းတဲ့စကေးမဟုတ်ဘူးလို့တွေးမိတယ်။ သူပြောတဲ့ဆံပင်ကတော့ ခေါင်းလိမ်းဆီ၊ ပေါင်းဆေး၊ ဖယောင်းလိုဟာမျိုးတွေနဲ့တခါမှမတွေ့ဖူးတော့ ကောက်ကောက်ကွေးကွေး ပွယောင်း ယောင်းနဲ့အရိုင်းဆန်နေတယ်။
ခေါင်းသာသာလုံတဲ့ ထီးအောက်လည်းရောက်ရော သူပြောသလိုစိုကုန်တာပေါ့။ ထီးလန်ပြီး လန်သွားတဲ့ထီးကို သတိလက်လွတ်
လိုက်ဖမ်းရာက ခေါင်းကွဲမှာကြောက်လို့လည်
ထီးတစ်ချောင်းနှမြောလို့ ကွဲသွားတဲ့ ခေါင်းတွေလည်း မနည်းမနောပဲ။
စိုက်ခြံ(စိုက်ပျိုးရေးသုေ
ခွေးကိုသွားတိုးမိလို့ ဆိုင်ကယ်နောက်ကြည့်မှန်ေ
စက်ဘီးကိုလည်း တခါပွတ်ဆွဲပစ်ဖူးတယ်။ အဆွဲခံရတဲ့စက်ဘီးက ဘယ်လိုမှမနေဘဲ ဆွဲတဲ့ဆိုင်ကယ်က ပစ်လဲနေလို့ ဒူးတွေတံတောင်တွေ
ကွဲကုန်တာ၊ ဆေးလည်းမထိုးချင်၊ ဆေးလည်းမသောက်ဖြစ်ဆိုတော့ ၁၀ ရက်လောက်မလှုပ်ရှားနိုင်တာလည်း ကြုံရဖူးသေးတယ်။
အဲ့တော့ အခု သတိကြီးကြီးနဲ့လာရတယ်။ အရင် မတော်တဆတွေဖြစ်တုန်းကနေ့လည်နေ့ခင်းတွေဖြစ်တာဆိုတော့ လမ်းသွား လမ်းလာ တွေက ထူပေးကြ၊ကူညီပေးကြတာ။ အခု လမ်းသွားလမ်းလာ မရှိဘူးလေ။ လူပြတ်ပေမယ့် ထုံးစံအတိုင်း ခွေးတွေကတော့ ရှိနေတယ်။ လမ်းကရေချောက်တွေရှောင်ရ၊ သူတို့ရှောင်ရနဲ့ အလုပ်ကိုတော်တော်ရှုပ်သွားရော။
ဆေးရုံဟောင်းရှေ့ရောက်မှဝင်ပေါက်ရှေ့မှာ ထွန်းထားတဲ့မီးသီးကြီးကြောင့် လမ်းကလင်းထိန်သွားတော့တာ။ အားရှိလိုက်တာ။ ည အလုပ်ဆင်းလို့ အိမ်ပြန်ရင် ဆေးရုံဟောင်းလမ်းအတိုင်း ပြန်တာလို့ပြောတာနဲ့ အံ့သြသွားတဲ့ဆရာတစ်ယောက်ကို သတိရတယ်။ သူက သရဲကြောက်တယ်လေ။ ကိုယ်ကတော့ ကြောက်စိတ်မဝင်တဲ့အပြင် မီးတွေလင်းနေလို့ ပျော်တောင်သွားသေးတာ။ အလင်း ထဲ ရောက်တော့မှ အမှောင်ကြီးထဲဖြတ်နေတုန်းက နောက်ကျောမလုံတဲ့စိတ်တွေ၊ စိုးရိမ်ပူပန်စိတ်တွေ ကြက်ပျောက် ငှက်ပျောက် ပျောက် ကုန်ရော။
ဘီယာဆိုင်ရှေ့ရောက်တော့ လူတွေမူးမူး၊ ဆိုင်ကယ်တဗြူးဗြူးစီးတတ်ကြသူတွေ ရုတ်တရက်ထွက်လာမှာ ကြောက်မိတယ်။ ဒီဆိုင်
စဖွင့်ခါစ က မီးရောင်စုံနဲ့လူတွေစည်နေ
ဘီယာဆိုင်တဲ့။ အရင်က ဒီအိမ်မှာ ပြင်ပဘော်ဒါတခု ဖွင့်ထားတာ။ ဘယ်လိုပဲ ပညာရေးစနစ်မကောင်း ကောင်း၊ ဘော်ဒါယဉ်ကျေးမှု မကောင်းကောင်း၊ လောလောလတ်လတ် ဆေးသုတ်ထားတဲ့သစ်သစ်လွင်လွင်ဘီယာဆိုင်
ကျုပ်တို့နိုင်ငံ တိုးတက်ချင်ရင် ဘီယာဆိုင်တွေနေရာမှာ စာကြည့်တိုက်တွေရှိနေမှဗျ ဆိုတဲ့စကားကို သတိရတယ်။
အထက ၁ ရှေ့ရောက်လို့ အိမ်ဘက်သွားတဲ့လမ်းကိုလည်း ချိုးချလိုက်ရော ပင်လယ်ကြီး စတွေ့ရတာပဲ။ ဒီလမ်းသွယ်လေးက လမ်းမထက်ပိုနိမ့်တော့ရေဝပ်၊ ဗွက်ဖြစ်၊လမ်းသူလမ်းသားတွေက တောင်ပေါ်မြေဝယ်ပြီးဖို့၊ ဒါလည်းမရဘူး။ တောင်ပေါ်မြေအဖို့နည်းတဲ့ မြေနိမ့် ပိုင်းမှာ ရေဝပ်တာပဲ။ ရေတွေဆိုတော့ လမ်းညီလား မညီလား၊ ချောက်လား၊ ကျောက်ခဲလားမသိတော့ဘူး၊ ဆိုင်ကယ်ဖြတ်လိုက်တော့
သံစုံတေးသွားဖြစ်တာပဲ။ အိမ်ရှေ့ရောက်ခါနီးတော့ ပင်လယ်ကြီးတခုထပ်ဖြတ်ရပြန်တယ်။ အင်း ကာတွန်းတွေထဲကလို တို့ရပ်ကွက်လည်း
လှေဆောင်ရတော့မလား တွေးမိသေးတယ်။
အိမ်ရောက်တော့ ဒီလိုမိုးသည်းသည်းထဲ အန္တရာယ်ကင်းကင်းနဲ့ ပြန်လာနိုင်တဲ့ကိုယ့်ကိုယ်
ဒါမှမဟုတ် ဒီမိုး ဒီရေ ဒီလေကြောင့် အမိုးမလုံအကာမရှိတဲ့ အိမ်တွေ၊ အဆောက်အဦးတွေထဲ ဒုက္ခရောက်နေသူ ဘယ်လောက်များလိုက်မလဲလို့တွေးရင်း ဘေးရန်ကင်းပါစေကြောင်း ဆန္ဒပြုမိသေးတယ်။
သြော် လူသားဆိုတော့ လူပီသစွာ ကိုယ်ခက်ခဲနေတုန်းက ကိုယ့်အခက်အခဲကသာ အကြီးဆုံးထင်ခဲ့ပေမယ့် ကိုယ်လုံခြုံတဲ့နေရာရောက် တော့ သူများတွေကိုလည်း ကိုယ့်လိုဖြစ်စေချင်ပါရော
အခက်အခဲတွေများ ကြုံနေလေမလားဆိုတဲ့ ပူပင်တတ်တဲ့ကိုယ်ချင်းစာ တရားလေးဟာ ကိုယ့်ရင်ထဲမှာ လင်းပွင့်လာလို့ပေါ့။
တကယ်ဆို ကမ္ဘာလောကမှာ အခုလို လူတိုင်းကိုယ်စီ ကိုယ်ချင်းစာတရားလေး လင်းပွင့်နေရင် ဘယ်လောက်များ လှပငြိမ်းချမ်းလိုက်မလဲနော်။
ချစ်မြတ်နိုးလှစွာသော ကိုယ်ချင်းစာတရားလေး လင်းပွင့်ထွန်းကားရင်းလေ ….။
မြဇင်ယော်