ကဗျာ ကျော်ဟုန်း

ကျော်ဟုန်း – ဘလက်ခ် ဖရိုဒ်ဒေး

ကျော်ဟုန်း – ဘလက်ခ် ဖရိုဒ်ဒေး
(မိုးမခ) နိုဝင်ဘာ ၂၇၊ ၂၀၁၇

ဆောင်းဦးပေါက်ဟာ
အေးမြမြ မလွန်တလွန်
အပြင်မှာ အေးပေမယ့် အတွင်းပူ
ရင်ပူ စိတ်ပူ ရမ္မက်ဆူတစုရဲ့ အခိုးအငွေ့ တွေ
ကုန်တိုက်တံခါးဖွင့်မယ့်အချိန်ကို ငံ့လင့်ကြ။

ကျားက အဝအပြဲ စားပြီးသားအကျန်တွေကို
လေဘယ်သစ်ကပ်ပြီး ကြေးညှိတဲ့ပွဲဟာ
ဘလက်ခ် ဖရိုဒ်ဒေးပေါ့။

လက်သည်းဝှက် ကျားခြောင်းခြောင်းနေတဲ့
ခေတ်မီ ခေတ်လွန်တွေ မြူဆွယ်မှု
တစ တဖဲ့ကျန်အထိ
ရသာကူးမယ့် ပုပ်သိုးနံ့ ကြား
အမဲမလိုက်တတ်တဲ့ ဠင်းတတွေအဖို့ 
စတုဒီသာပွဲတော် ထင်နေကြ။

ဒီသံသရာဟာ
ဘယ်လောက်အထိ အဓွန့် ရှည်သလဲဆို
နှစ်စဉ် ရိုးရာပွဲလို ဖြစ်နေကျ။ ။

ကျော်ဟုန်း
၂၀၁၇၁၁၂၄
ဘလက်ခ် ဖရိုဒ်ဒေး – Black Friday


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts