ကဗျာ ရသဆောင်းပါးစုံ မြန်မာပြည်တွင်း

အောင်မိုး – မီးရောင်တထိန်ထိန် ဝန်ချီစက်ကြီးမှ အစပြု၍

 
မီးရောင်တထိန်ထိန် ဝန်ချီစက်ကြီးမှ အစပြု၍

အောင်မိုး
(မိုးမခ)၊ နိုဝင်ဘာ ၂၆၊ ၂၀၁၇ 
 
အခန်းတံခါးကို နောက်ပြန်ပိတ်
အရာရာတိတ်ဆိတ်သွားတဲ့အချိန်မှာ
ကဗျာဆရာရဲ့ အစစ်အမှန်ဘ၀ဟာ စတင်တယ်တဲ့။
ပြတင်းပေါက်က မြင်နေရတဲ့
မီးရောင်တထိန်ထိန် ဝန်ချီစက်ကြီး
အိမ်ခေါင်မိုးတွေပေါ် ငုံ့ကိုင်းနေတာကြည့်။
ဒီနည်းနဲ့ မြို့ကြီးပြကြီးတွေ
အပြိုင်းအရိုင်းပေါ်လာတာလို့ သူတွေးတယ်
အပြိုင်းအရိုင်းတွေရဲ့အောက်မှာ
အတုံးအရုံးပြိုလဲနေတာတွေလည်း ရှိတော့
သွေးစုပ်ဖုတ်ကောင်ကြီးက
ကောင်းနိုးရာရာ ၀ါးမြိုပစ်ဖို့ မြို့ကို
စီးမိုးကြည့်နေတာလို့လည်း သူတွေးနေတယ်။
နောက်တော့
မြေတူးစက်တွေက ထူမက်နေတာတွေကို
ဖြိုလှဲပြီး
ဝန်ချီစက်တွေက လဲပြိုနေတာတွေကို
ထူမတ်နေကြတယ်လို့လည်း ခံစားမိတော့
သူ့စိတ်ဝိညာဉ်မှာ
အပြိုင်းအရိုင်းထူမက်သံတွေ
အတုံးအရုံးလဲပြိုသံတွေနဲ့
ဆူညံနေတော့တာပေါ့။
နံရံမှာ မျက်နှာကျက်မှာ
အာရုံရုပ်တွေဟာ
တဖျတ်ဖျတ်လှုပ်ရွနေကြတယ်
ကြည့်လေရာရာမှာ မီးရောင်တထိန်ထိန်
ဝန်ချီစက်ကြီး ငုံ့ကိုင်းနေတာကို
မြင်နေရတယ်
သူဟာ အပြိုင်းအရိုင်း ထူမက်ခံရသူလား
အတုံးအရုံးလှဲဖြိုခံရသူလား
သူစဉ်းစား
လမ်းမဆီ ငေးရီမိပြန်တယ်
 
အောင်မိုး
စက်တင်ဘာ ၂၂၊ ၂၀၁

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts