သာဂိ လောကဓာတ်ခန်း

လောကဓာတ်ခန်း သာဂိ – Office Application in the Cloud (35)

လောကဓာတ်ခန်း သာဂိ – Office Application in the Cloud (35)
အိမ်သုံး ကျောင်းသုံး ရုံးသုံး – GMail နဲ့ Google Office Application အခြေခံလမ်းညွှန်
(မိုးမခ) နိုဝင်ဘာ ၁၆၊ ၂၀၁၇

Text basics စာသားများအတွက် အခြေခံ

ဂူးဂဲဆလိုက်တွေ နဲ့ မရင်းနှီးသူတွေအတွက် Text စာသားတွေ ဘယ်လို ထည့်သွင်းမလဲ၊ သုံးမလဲ ဆိုတဲ့ အခြေခံကို သည်သင်ခန်းစာကနေ ပြောပြပါမယ်။ ပြီးတော့ စာသားတွေကို cut, copy, paste, လုပ်တာနဲ့  format ချတာတွေကို မိတ်ဆက်ပါမယ်။

Entering text စာသားရိုက်သွင်းပုံ

 

Docs တို့ Sheets တို့နဲ့ မတူတာကတော့ စာသားကို စာမျက်နှာအလွတ်မှာ စာရိုက်သလို ရိုက်ထည့်တာထက် SLIDES မှာက Placeholder ဆိုတဲ့ စာသားရိုက်ထည့်ဖို့ ဘောင်ခတ်ထားတာလေးကို အရင်သတ်မှတ်ပြီး အဲသည်အတွင်းမှာ စာကို ရိုက်ထည့်ရတာ ဖြစ်ပါတယ်။ New Slide လုပ်လိုက်တာနဲ့ သူ့သက်ဆိုင်ရာ layout က စီစဉ်ထားတဲ့ placeholder တွေ အလိုလို နေရာချထားပြီးသား တွေ့ရမှာပါ။ အောက်ပါပုံလိုမျိုးပေါ့။
Selecting a placeholder

 

ကိုယ့်ဖာသာကိုယ် လွတ်လွတ်လပ်လပ် text စာသားတွေ ထည့်ချင်တယ် ဖြည့်ချင်တယ် ဆိုရင် ကိုယ်ဖာသာကိုယ် ထည့်တာကို text box လို့ ခေါ်ပါတယ်။ အောက်မှာ ပြထားတဲ့အတိုင်း text box icon လေးကို ကလစ်လုပ်၊ ပြီးတော့ slide ထဲက နှစ်သက်ရာ နေရာမှာ မောက်စ်ကို ကလစ်လုပ် ဖိဆွဲပြီး text box ကို သတ်မှတ်လို့ ရပါတယ်။ ပြီးတာနဲ့ အဲသည်ထဲမှာ စာဝင်ရိုက်ရုံပါပဲ။
Drawing a text box

 

အခု ဥပမာအဖြစ် သုံးတဲ့ slide က အင်တာနက်ကနေ အရင်သင်ခန်းစာမှာ ဒေါင်းလုပ် လုပ်ထားတဲ့ Animal Shelter – တိရစ္ဆာန် စောင့်ရှောက်ရေးဂေဟာအကြောင်း slide တွေ ဖြစ်ပါတယ်။ အဲသည်ထဲမှာ slide တချို့က Bulleted list တွေ Numbered list တွေ သုံးထားပါတယ်။ သင်ကိုယ်တိုင် သုံးချင်ရင် text ကို နေရာချထားပြီး Menu Bar ကနေ More ကို ဆွဲချ၊ ပြီးတော့ အဲသည်မှာ bullte list တို့ Numbered list တို့ကို ခေါ်သုံးလို့ရပါတယ်။
Formatting a bulleted list

 

Working with text – စာသားများနဲ့ အလုပ်လုပ်ပုံ

 

စာသားတွေကို select, copy and paste, လုပ်တာတွေ drag and drop လုပ်တာတွေ စမ်းကြရအောင်။

To select text:

စာသားတွေကို ရိုက်ပြီးတဲ့နောက်မှာ နေရာ အထားအသို စတိုင်တွေ ကစားတော့မယ်ဆိုရင် အရင်ဆုံး ဆလက် select လုပ်ရပါတယ်။ ဆလက်လုပ်တယ်ဆိုတာက မောက်စ်နဲ့ စာသားရဲ့ အစသို့မဟုတ် အဆုံးကို ကလစ်လုပ်တာကို ပြောတာပါ။ ပြီးတာာနဲ့ စာသားတွေကို မောက်စ်နဲ့ ဖိဆွဲပြီး အကုန်လုံးကို ‘ရွေး’ selected လုပ်တယ်ပေါ့။ အောက်က ပုံကို ကြည့်ပါ။

 

Selecting text

To copy and paste text:

  1. Select the text လုပ်ပြီးရင်  Edit menu ကို ဆွဲချပြီး  Copy သို့မဟုတ် Cut ကို ရွေးပါ။ ကော်ပီကတော့ မိတ္တူပွားတာပေါ့။ ကပ်ကတော့ မူလကနေ အခြားနေရာကို ရွေ့ချင်လို့ ဖြတ်ထုတ်တယ်ပေါ့။

 

  1. Copy
  2. ပြီးရင် ဆလိုက်ပေါ်က သင်အလိုရှိရာ နေရာမှာ မောက်စ်ကို ချပါ။
  3. Edit menu ပြန်ဆွဲချပြီးတော့ Paste ကို ရွေးပါ။
  4. Paste
  5. ဒါဆိုရင် စာသားကို copy ပဲဖြစ်ဖြစ် cut ပဲဖြစ်ဖြစ် လုပ်လို့ရပါပြီ။

 

Cut, Copy, and Paste commands တွေကို ကီးဘုတ်ရှော့ကပ်တွေသုံးပြီး ခေါ်လို့ရပါတယ်။  Ctrl+X to cut, Ctrl+C to copy, and Ctrl+V to paste လုပ်လို့ ရပါတယ်။

To drag and drop text: စာသားကို ဆွဲပြီး နေရာရွေ့ပုံ

 

  1. ကိုယ်ရွေ့ချင်တဲ့ စာသားကို Select လုပ်ပါ။ အကုန်လုံး ရွေးပြီးသွားရင် မောက်စ်ကို ဆက်ဖိပြီးတော့ လိုချင်တဲ့ နေရာသစ်မှာ မောက်စ်ကို ဖိရွေ့ပြီးနောက် လွှတ်ချလိုက်ပါ။
  2. Selecting text to drag
  3. စာသားက အဲသည်နေရာသစ်ကို ရွေ့သွားပါပြီ။
  4. Dragging and dropping the selected text

To delete text: စာသားကို ဖျက်ချင်ရင်

  1. Select the text လုပ်ပါ။
  2. Press the Delete key နှိပ်လိုက်ပါ။

 

Formatting text and adding hyperlinks
စာသားများ ပုံစံချခြင်းနဲ့ လင့်ခ်တွေ ထည့်ခြင်း

 

စာသားတွေ ဖော်မက်ချတယ်ဆိုတာက ရိုးရိုးစာသားရိုက်ရုံတင် မဟုတ်ပဲ ဆွဲဆောင်မှုရှိအောင် စာသားတွေကို ပြုပြင်တာ ဖြစ်ပါတယ်။ ဆိုက်ပြောင်းတာ၊ ကာလာထည့်တာ နေရာ အထားအသို ကစားတာတွေ အကုန် ပါဝင်ပါတယ်။

 

အောက်က Menu Bar မှာ စာသားဖော်မက်အမျိုးမျိုး ပြုပြင်နိုင်ပုံကို သင်တန်းဆရာက သရုပ်ပြရပါမယ်။
Google Docs သုံးနေသူတွေအတွက်ကတော့ ဒါတွေကို သိထားပြီးသား ဖြစ်တယ်လို့ ဆိုရပါမယ်။

Align Text စာသားများ ညှိခြင်း

align your text လို့ခေါ်ပါတယ်။ စာသားတွေကို ဘယ်ညှိ၊ ညာညှိ၊ အလယ်ရွေ့ စတာတွေကို လုပ်လို့ရပါတယ်။
More icon ကို နှိပ်ပြီးတော့ မိမိအလိုရှိရာ စာသားကို ရွေးပြီး လုပ်နိုင်ပါတယ်။ ဒီစာသားတွေက placeholder ထဲမှာ သို့မဟုတ် Text box ထဲမှာ ရှိနေတဲ့စာသားတွေ ဖြစ်ရပါမယ်။

 

Adding speaker notes – တင်ဆက်သူ၏ မှတ်စုများ ထည့်ပုံ

 

Slide ရဲ့ အောက်ခြေမှ Notes pane (အကွက်) ရှိပါတယ်။ အဲသည်ဟာကို speaker notes လို့ ခေါ်ပါတယ်။ Presentation လုပ်နေချိန်မှာ သင်က တင်ဆက်သူအဖြစ် ပြောလိုတဲ့ စာသားတွေ မှတ်စု မှတ်ချက်တွေ ရိုက်ထားလို့ ရပါတယ်။

 

အောက်မှာ တိရစ္ဆာန်ဂေဟာရဲ့ လမ်းစဉ်မှာ အောက်ခြေမှတ်စုအဖြစ် ‘ဒီနှစ်မှာ လေလွင့်နေတဲ့ တိရစ္ဆာန် ဘယ်လောက်ကို မွေးစားပေးနိုင်သလဲဆိုတာ ထည့်ပြောရန်’ ဆိုပြီး မှတ်စု ထည့်ထားတာ တွေ့နိုင်ပါတယ်။

 

Typing in the notes pane
Resizing the notes pane
View menu ကနေပြီးတော့ အောက်ခြေမှတ်စုကို ဖွက်ထားနိုင်ပါသေးတယ်။ အောက်ပုံကို ကြည့်ပါ။
Show or hide speaker notes in the View menu

Challenge! အိမ်စာ

  1. ဒီလင့်ကနေ https://docs.google.com/presentation/d/1vmhbBfLmqnibHjhRMElEXQw7K28A5KmLiUKk4uk8v18/edit?usp=sharing ဆလိုက်ဖိုင်ကို ဖွင့်ပါ။
  2. slide 14 ကို သွားပါ။
  3. Placeholder ထဲက Click to add title ကို ရွေးပါ။ ပြီးတော့ Volunteer လို့ ရိုက်ထည့်ပါ။
  4. Volunteer စာသားကို Bold ပြောင်းပါ။ font color ကို အ၀ါရောင် ပြောင်းပါ။
  5. ဆလိုက်ညာဘက်က နောက် စာသားဘောင်ကွက်ထဲမှာ Opportunities: အောက်က စာကြောင်းတွေကို  bulleted list ဖြစ်အောင် ပြင်လိုက်ပါ။ Dog walker ကနေ စတဲ့ စာကြောင်းကနေ အဆုံးက Event coordinator ဆိုတာ အထိ ဖြစ်ရမယ်။
  6. Opportunities:  ဖောင့်ဆိုက်ကို 24 pt အဖြစ် ပြောင်းပါ။
  7. note တခု အောက်ခြေမှာ ထည့်ပါ။ speaker note ကို ပြောတာနော်။ Insert a link to our website ဆိုတဲ့ စာသားကို ရိုက်ထည့်ပါ။
  8. အားလုံးပြီးသွားရင် အောက်ပါအတိုင်း ဖြစ်နေရပါမယ်။
  9. Text Basics Example

 

(ဆက်လက်ဖော်ပြပါမည်)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts