ကဗျာ မြန်မာပြည်တွင်း

မောင်အောင်ပွင့်- မကြောက်ကြနဲ့ဗျို့

မူရင်းဓာတ်ပုံရှင်ကို Credit ပေးပါတယ်

မကြောက်ကြနဲ့ဗျို့
မောင်အောင်ပွင့်
(မိုးမခ)၊ နိုဝင်ဘာ ၁၁၊ ၂၀၁၇ 

“ ကိုအောင်ပွင့်
ဒီစာအုပ်ကိုကျုပ်ထုတ်တယ်
သာဓု ခေါ်ပေတော့
ကျော်ကျော်ခင်
၀၉ ၁၇၃၆ ၇၇ ၈၃ ”
ငယ်ပေါင်းသူငယ်ချင်း လက်မှတ်ထိုးပြီးပေးထားတဲ့
“ဒေါ်အောင်ဆန်းစုကြည်
ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေး
နှင့်
အခြားစာတမ်းများ
ဒေါက်တာ အောင်ခင်(ဘာသာပြန်ဆို တည်းဖြတ်သည်”
စာအုပ်ကို ဒီနေ့ ၇. ၆. ၂၀၁၇ မှာ ပြန်ဖတ်။
ဗားကလဗ်ဟာဗဲရဲ့ စကားဦး
ဒိုရာသန်းအေးရဲ့စုနဲ့မိတ်ဆက်ခြင်း
နော်ဝေနိုင်ငံ နိုဘယ်လ်ကော်မတီဥက္ကဋ္ဌ မိန့်ခွန်း
“ ကလောင်ရှင်နဲ့
အမှာကောင်းတွေပေါင်းမှ စာအုပ်ကောင်း” တဲ့လေ
မန္တလေးတက္ကသိုလ်အဓိပတိအငြိမ်းစား
ဦးကိုလေး(ဇေယျာမောင်)ရဲ့စကား
တရားဖြစ်ခဲ့ပြီ
တစ်ဦးနဲ့တစ်ဦး မချောက်ကြေး
တစ်ဦးကိုတစ်ဦး မကြောက်ရကြေး။ ။ 
(ငြိမ်းချမ်းရေးကဗျာဆရာ ဆရာမောင်အောင်ပွင့် ၇၂ နှစ်မြောက်မွေးနေ့အထိမ်းအမှတ်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts