ဒေါက်တာခင်မောင်ဝင်း (သချာင်္) လောကဓာတ်ခန်း

ဒေါက်တာခင်မောင်ဝင်း(သချာင်္) – Data Sufficiency Questions – နိဂုံး

ဒေါက်တာခင်မောင်ဝင်း(သချာင်္) – Data Sufficiency Questions –  နိဂုံး

(မိုးမခ) အောက်တိုဘာ ၂၆၊ ၂၀၁၇

ဤပုစ္ဆာများကို လေ့လာခြင်းအားဖြင့် ဆယ်တန်းအတွက် ဘါကိုမှ အထောက်အကူမရနိုင်ကြောင်းကို ရှေးဦးစွာ ပြောလိုပါသည်။ ဤပုစ္ဆာများသည် အချက်အလက်ထက် အတွေးအခေါ်ကို ဦးစားပေးသောကြောင့် ဖြစ်ပါသည်။ ဤပုစ္ဆာများသည် ဝေဘန်သုံးသပ်တတ်ခြင်းကို ဦးစားပေးပါသည်။

ပုစ္ဆာတွင် ပေးထားသော အချက်အလက်များသည် ပြည့်စုံမှု ရှိမရှိနှင့် အပိုအလိုရှိ မရှိကို ဝေဘန်တတ်ရန် ဖြစ်ပါသည်။ မည်ကဲ့သို့ ဝေဘန်သုံးသပ်သည်ကို ဥပမာများဖြင့် ပြပါမည်။

ဥပမာ ၁ ကို ကြည့်ပါ။ ဤပုစ္ဆာတွင် ဝေဘန်ရမည့်အချက်များကို အဆိုများဖြင် သီးခြားထုတ် ဖေါ်ပြသထားသည်။ ဤသည်ကါး ထူးခြားချက်တစ်ခု ဖြစ်နေပါသည်။ အကယ်၍ ဤပုစ္ဆာကို ရေးရိုးရေးစဉ်အတိုင်း ရေးလျင် ဤသို့ဖြစ်ပါလိမ့်မည်။

n, 15, 12, 9, 20

ဤဂဏန်းငါးလုံးတွင် n သည် 12 ထက်ကြီးပြီး ထို ဂဏန်းငါးလုံး၏ အလယ်ကိန်းသည် 13 ဖြစ်လျင် n ၏ တန်ဖိုးကို ရှာပါ။

ဤပုစ္ဆာတွင် ပေးထားသောအချက်အလက်များသည် အဖြေကိုရရှိရန်အတွက် လုံလောက်ပါသည်။

သို့သော် အချက်အလက်ပို နေပါသည်။ ဘယ်အချက်သည် ပိုနေသနည်း။ ဒါကို သိရန် လိုပါသည်။ စဉ်းစားနည်းနှင့် အဖြေကို ကြည့်လျင် သိပါလိမ့်မည်။

နောက် ဥပမာ၂ ကို ဆက်ကြည့်ပါ။

ထိုပုစ္ဆာကိုလည်း ရေးရိုးရေးစဉ်အတိုင်း ရေးလျင် ဤသို့ ဖြေ ဖြစ်မည်။

ပြဇာတ်ရုံတရုံတွင် ပထမအတန်းတွင် ခုံ ၁၈ ခုံ ရှိသည်။

ဒုတိယတန်းမှ စ၍ ခုံအရေအတွက်သည် သူ့ရှေ့က တန်းထက် နှစ်ခုံစီ တိုးသွားသည်။

ဇာတ်ရုံထဲတွင် အတန်း၂၇တန်းရှိသည်။

နောက်ဆုံးအတန်းတွင် ခုံပေါင်း ၇၀ ရှိသည်။

ဇာတ်ရုံထဲတွင် ခုံပေါင်း ဘယ်နှခုံ ရှိသနည်း။

အချက်အလက် လုံလောက်သည်ထက် ပိုနေသည်။ စဉ်းစားနည်းနှင့် အဖြေကို ကြည့်ပါ။

ယခု ဥပမာ ၄ ကို ကြည့်ပါ။

J, K, L, M ဟူသော အမှတ်များသည် ဤအစီအစဉ်အတိုင်း ရှိနေကြသည်။

J မှ L သည် ၂၁ ကီလိုမီတာ ဝေးသည်။

K မှ M သည် ၂၆ ကီလိုမီတာ ဝေးသည်။ K မှ L အကွာအဝေးကို ရှာပါ။

ဤပုစ္ဆာတွင် ပေးထားသော အချက်အလက်များသည် အဖြေကိုရရန် လုံလောက်မှုမရှိပါ။

ဤပုစ္ဆာနှင့် ပတ်သက်၍ ပြောရလျင် မသိကိန်း သုံး ခု နှင့် ညီမျှခြင်း နှစ်ခု ဖြစ်သောကြောင့် အဖြေကို ပေးရန် မလုံလောက်ဟု အကြောင်းပြခဲ့သည်။ ထိုအကြောင်းပြချက်သည် ဤနေရာတွင် မှန်သော်လည်း အမြဲမှန်ချင်မှ မှန်ပါလိမ့်မည်။ အခြေအနေပေါ် တည်ပါသည်။

ဥပမာ အောက်ပါညီမျှခြင်းများ ကိုကြည့်ပါ။

3x + y + z = 8,

2x + y + z = 3

ဤညီမျှခြင်းများမှ y သို့မဟုတ် z ကိုရှာမည်ဆိုလျှင် အချက်အလက် မလုံလောက်ပါ။ သို့သော်လည်း x ကိုရှာလျှင် ညီမျှခြင်း နှစ် နှုတ်သော် x = 5 ရသည်။

ဤနည်းအတိုင်း ပုစ္ဆာများကို ဝေဘန်တတ်သောပညာကိုပေးရန် ဤဆောင်းပါးက ရည်ရွယ်ပါသည်။

ဆောင်းပါးတွင်ပြင်ရန် – ဥပမာ ၂ တွင် အဖြေကို မေးခြင်းမဟုတ် အဖြေကို ရနိုင် မရနိုင်ဟု ပြင်ရန်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts