လိုင်လုဏ် ခေတ်ပြိုင်အတွေ့အကြုံ ဖြစ်ရပ်များ၊ အမှတ်တရများ

လိုင်လုဏ် ● ကာတွန်းဆရာရဲ့ တောမှတ်တမ်း

လိုင်လုဏ် ● ကာတွန်းဆရာရဲ့ တောမှတ်တမ်း
(မိုးမခ) အောက်တိုဘာ ၂၃၊ ၂၀၁၇

Montana ဆိုတဲ့ တက္ကသိုလ်တစ်ခုရဲ့ ကိုယ်ပိုင်လေ့လာစမ်းသပ်မှုတွေပြုလုပ်နိုင်ဖို့ ဝယ်ထားတဲ့ Castles Forestry Center တစ်ခုကိုရောက် ဖြစ်တယ်။ မြို့နဲ့ ၁ နာရီကျော်လောက်ကားမောင်းရင် ရောက်တဲ့နေရာလေးပေါ့။ ကံကောင်းချင်တော့ အဲဒီ Forestry Center မှာ ဘေးပတ်ဝန်းကျင်က သဘာဝပတ်ဝန်းကျင်စိတ်ဝင်စားတဲ့ ရပ်ကွက်သူ ရပ်ကွက်သားများနဲ့ဖွဲ့ထားတဲ့အဖွဲ့လေးတစ်ခုရဲ့ လပတ်အစည်းအဝေးလေးနဲ့ သွားပြီးတိုက်ဆိုင်နေတယ်။ အစည်းအဝေးပြီးတော့ အဲဒီအဖွဲ့ရဲ့ အစီအစဉ် လေးတစ်ခုအနေနဲ့ တောထဲသွားကြပြီး အဲဒီအဖွဲ့လေးရဲ့ နောင်လုပ်ဆောင်ကြမည့် တောတွင်းအပန်းဖြေမည့်နေရာ၊ စက် ဘီး လမ်းဖောက်ပြီး သဘာဝရှုခင်းလေ့လာနိုင်မည့် Eco-Tourism နေရာ၊redd + နှင့်သက်ဆိုင်သော ကာဗွန်ရောင်းမည့် သစ်တောမြေနေရာအခြေအနေများနှင့် Community forest မြေနေများအား သွားရောက်လေ့လာကြမည့် အစီအစဉ်လေးနဲ့ သွားတိုက်ဆိုင်နေလို့ အယောက် ၃၀ ခန့်ပါသည့် သူတို့အဖွဲ့နဲ့ လမ်းကြုံသဘောမျိုးလေး လိုက်ပါလေ့လာခွင့်ရခဲ့တယ်။

 

အဲဒီ Center လေးရဲ့ ဝင်ဝင်ချင်းမြင်ကွင်းလေးပါ

 

မထင်မှတ်ပဲ အဲဒီ Center နားမှာ လတ်လတ်ဆပ်ဆပ် သမင်တစ်ကောင်းရဲ့ အသက်ကင်းမဲ့နေသော ရုပ်ကြွင်းတစ်ခုကို သွားပြီးတွေ့မိကြတယ် ထူးဆန်းတာက ယင်ကောင်မရှိဘူး အနံ့မထွက်ဘူး  လတ်လတ်ဆပ်ဆပ် … အပူချိန်က သုံည ၀န်းကျင်ရှိနေတာလေ ရေခဲသေတ္တာထဲက အသားတုံးလိုပဲ

 

 

ကျွမ်းကျင်တဲ့သူများကပြောကြတာတော့ ၀က်ဝံတစ်ကောင် သို့ ၀ံပုလွေ အုပ်စုတစ်ခုရဲ့ လက်ချက်လို့ပြောကြတယ် … အသားစား သားရဲတိရစ္ဆာန်တွေအများစု သားကောင်ရဲ့ကလီစာတွေပဲ အဓိကစားသုံးကြတယ်လို့လည်း မှတ်သားရတယ်။ ထူးဆန်းတာက အမေရိကန်လူမျိုးအများစုဟာ ကလီစာတွေကိုမစားကြဘူး အခြား လူဖြူတွေလည်းထိုနည်း ဌင်း သိပ်မစားကြဘူး သတ္တလောကနဲ့ နှိုင်ယှဉ်လေ့လာကြည့်သင့်တဲ့ အရာတစ်ခုပါ။

ဒီအပင်အမျိုးအစားကတော့ သစ်တောတွေမှာ ခြုံပုတ်လိုမျိုးအလေ့ကျပေါက်ကြတယ် ခုအပင်ရဲ့အစေ့ကို ဂျင် လို့ခေါ်တဲ့အရက်အမျိုးစားတစ်ခု ထုတ်လုပ်တဲ့နေရာမှာ အဓိကကုန်ကြမ်းတစ်မျိုးပေါ့ … သွားပြီးတော့ စမ်းသပ်စားကြည့်ကြည့်တာ ချင်း (သို့) ဂျင်းလို ပူရှိန်းရှိန်း အရသာမျိုးရှိတယ်။

ခုအပင်ရဲ့ အခေါက်မှာတွေ့ရတဲ့အစင်းကြား ပုံစံမျိုးကို သူတို့ဒေသမှာရှိတဲ့ လက်ထပ် လက်စွပ်လုပ်တဲ့အခါ (သို) ဒီဇိုင်းပုံဖော်တဲ့အခါ အဲဒီသစ်ပင်အခေါက်က pattern design ကို ပုံစံကို ကူးယူ ထုထွင်းထားကြတာတွေ့ရတယ်။

သစ်တစ်ပင် အသက်ဘယ်လောက်ပဲရှိပီလည်းသိချင်ရင် ခုတွေ့ရတဲ့အရစ်တွေကို ရေတွက်ကြည့်ရ တယ်လို့ပြောကြတယ် ဆိုလိုတာက တစ်နှစ်တစ်ခါ အခေါက်ကွာကျပီး အရေခွံလဲကြတယ်လေ တစ်ခါအရေခွံလဲရင် တစ်ရစ်ကျန်ခဲ့တာပေါ့။

 တောမီးဟာ အဲဒီဒေသအတွက်တော့ အကြီးမားဆုံး အန္တရာယ်တစ်ခုပါပဲ .. အဲဒီဒေသရဲ့ ကျောက်ဂူတစ်ချိုမှာ နံရံပန်ချီတွေရှိကြတယ်ပြောတယ် အဓိကအရုပ်ရေးကြတဲ့အခါ ခုလိုတောမီးလောင်းတဲ့ မီးသွေးတွေကို အများဆုံး ခဲတံ လိုမျိုး သုံးကြတယ်ဆိုပဲ … …တွေးကြည့်လိုက်ရင် အရင်က ပန်ချီဆရာတွေရဲ့ စုတ်တံတွေဟာတောမီးလောင်းရကနေ အများဆုံးရကြတာပေါ့။

 

 

တောထဲလမ်းလျှောက်ကြတယ် လေ့လာကြတယ်။ ပြီးတော့ Dr ဘွဲ့တွေရကုန်ရော။ ကိုယ်တွေကတော့ ဖိနပ်ပေါက် တာပဲ အဖတ်တင်တယ်။

 

 

ဒီနေ့ တောထဲလေ့လာရန်သုံးဖြစ်တဲ့ school bus အပြင်ကကြည့်ပီး ကားအစုတ်လို့မထင်လိုက်နဲ့ ကားထဲမှာ ဆေးသေတ္တာပါတယ် .. GPS ပါတယ်။

 

 

လေ့လာရေးတွင်လိုက်လံပြသသည့် သူတစ်ဦး နောက်မှသိလိုက်ရတာ Scientist တစ်ဦးတဲ့။

 

သူတို့အစီးအဝေး … သူတို့ပြောဖြစ်တဲ့အထဲမှာ ၀က်ဝံတွေက သူတို့ ကျွဲနွားတွေ ညည လာပီး ဆွဲဆွဲ သွားကြတဲ့အကြောင်းတွေလည်းပါတယ် .. ပြီတော့ ဝက်ဝံတွေနဲ့တွေ့ကြရင် စပရေးဘူးလိုမျိုး ရေမွှေးဘူးတစ်ခု ဖျန်းလိုက်တာနဲ့ ဝက်ဝံမျက်စိကို နာရီဝက်ခန့် စပ်သွားစေမည့် မိမိကိုကိုယ် ကာကွယ်ရန်လုပ်ဆောင်ချက်တွေကို လည်း သူတို့ meeting ထဲမှာ ဆွေးနွေးကြတာကြားလိုက်တယ် … ဘာလို့သေနတ်နဲ့မပစ်ကြတာလဲ သေနတ် အလွယ်တကူဝယ်လို့ရတယ် ဈေးမကြီးဘူး သို့သော် လိုင်စင်ကြေးပေးရတယ် အဲတာကပိုဈေးကြီးတယ်တဲ့အဲဒီပြည်နယ်အစိုးရက အဲဒီသေနတ်လိုင်စင်ကြေးကို သားငှက်ထိန်းသိမ်းရေး အတွက်ပြန်ပီး အသုံးပြုကြတယ်။


စတော်ဘယ်ရီ အရိုင်း

 

ထင်းရှူးတော့ထဲ ထူးဆန်းစွာပေါက်နေသည့်အပင်အမျိုးအစားမိသားစုလိုက်လို့ သုံးနှုန်းပြောဆိုကြတယ် ဆိုလို့တာက တစ်ပင်ထဲဆိုရင် ပတ်ဝန်းကျင်ဒဏ်ကိုမခံနိုင်ဘူးတဲ့ ခုလိုအစုလိုက်ပေါက်ကြရင်အချင်းချင်း ဝတ်မှုံကူးတာတွေ လုပ်လို့ရကြတယ်တဲ့ … ဒီအပင်အကြောင်းကို DR ဘွဲ့ယူဖို့ ကျောင်းသား ၂ ယောက်က အထူးလေ့လာနေကြတယ်လို့ မှတ်သားရတယ်။

 

Trip အတွက်သယ်လာကြသော အဝေးကြည့်မှန်ပြောင်း

 

နေ့လယ်စာ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts