ဗိုလ်ထက်မင်း သတင်းဆောင်းပါး

ဗိုလ်ထက်မင်း – ရခိုင်၊ ဘင်္ဂလီအရေးနဲ့ လက်မဲကြီးများ – အပိုင်း(၂)

ဗိုလ်ထက်မင်း – ရခိုင်၊ ဘင်္ဂလီအရေးနဲ့ လက်မဲကြီးများ – အပိုင်း(၂)
(မိုးမခ) အောက်တိုဘာ ၆၊ ၂၀၁၇

ပထမလက်မဲနဲ့ဒုတိယလက်မဲ

၁၄။ ဘယ်သူတွေက ဖန်တီးနိုင်သလဲ။ နောက်ကွယ်က ကြိုးကိုင်သူ လက်မဲတွေက ဘယ်သူတွေလဲ၊
စဉ်စားကြည့်လိုက်ရင် ခပ်ရေးရေး ပေါ်ထွက်လာပါတယ်။ နိုင်ငံရေးနဲ့ စစ်ရေးဟန်ချက်ညီဖို့  Strategic Plan ရေးဆွဲနိုင်ဖို့ Strategy Thinking Thought ရှိရမှာ ဖြစ်လို့ ဥာဏ်ပညာထက်မြက်ပြီး ပညာအရည်အချင်းမြှင့်တဲ့ ဒေါက်တာဝါကာအူဒင် သာဖြစ်နိုင်ပြီး ပထမလက်မဲ အဖြစ် သရုပ်ဆောင်ပီသစွာ နိုင်ငံတကာထိုးဖေါက်နိုင်စွမ်း လုပ်ခဲ့သလို လုံခြုံရေးအမြင်ရှိကာ စီမံချက်ချနိုင်သူ၊ စစ်ရေးအရ သမာရိုးကျစစ်ကို မသုံးဘဲ ပျောက်ကျားစစ်ကို ညွှန်ပြနိုင်သူဖြစ်ပါတယ်။ ဒါတွေတတ်မြောက်ဖို့ ဆော်ဒီဗိုလ်ချုပ် အန်နဝါအဆာကီ (ဥက္ကဌ၊ အရှေ့ အလယ်ပိုင်း မဟာဗျူဟာလေ့လာရေးဗဟိုဌာန)က လက်ထပ်သင်ပေးလိုက်ဟန်တူပါတယ်။ ဆော်ဒီ စစ်ဗိုလ်များဟာ အမေရိကန်စစ်ကျောင်းတွေမှာ ငွေကြေးချမ်းသာကာ တက်ရောက်နိုင်တာမို့ အမေရိကန်ရဲ့ Strategy well train ရပြီးသားဖြစ်ပါတယ်။

တည်ကြက်

၁၅။ တဖန် ASRA ခေါင်းဆောင် Ataullah abu Ammar Junjuni ဟာ ဆော်ဒီမှာ ကျောင်းတက်စဉ်က ကိုရမ်ကျမ်းကို အလွတ်ရသည်အထိ ဥဏ်ရည်ထက်မြက်လေရာ ဆော်ဒီအသိုင်းအဝိုင်းက ချစ်ကြတာမို့ သူ့အား ရခိုင်ကို သွားမည့်သူတစ်ဦးအနေနဲ့ ဆော်ဒီက သြဇာပါဝါရှိသူများက ဒေါက်တာဝါကာအူဒင်လို ပါမောက္ခနဲ့  ချိတ်ဆက်ပေးမယ်ဆိုတာ ချင့်ချိန် တွက်ဆနိုင်ပါတယ်။ သူဟာ ဆော်ဒီအသိုင်းအဝိုင်း အတွင်းစည်းထဲရောက်ပြီး  ချမ်းသာမှူဘဝမှ စွန့်လွှတ်ကာ ရခိုင်ကို မွေးရပ်ဇာတိမဟုတ်ဘဲ ဘင်္ဂလီကိစ္စနဲ့ဘာကြောင့် ဆင်းသွားရတာလဲ ဆိုတာ သံသယဖြစ်မိပါတယ်။

ဒုတိယလက်မဲအဖြစ် ဆော်ဒီနိုင်ငံမှ ငွေကြေးချမ်းသာပြီး ဘာသာရေး အစွန်းရောက်သူများက Ataullah abu Ammar Junjuni ကို “ပွန်း ”လူကြမ်း ဗီလိမ် မင်းသားအဖြစ် ထိုးကြွေးကာ ဒေါက်တာ ဝါကာအူဒင်ကိုတော့ Buffer အဖြစ် နောက်ကွယ်မှ လှူပ်ရှားဆောင်ရွက်စေပြီး အစ္စလာန်နယ်မြေသစ် ထူထောင်လိုဟန်ရှိပါတယ်။

၁၆။ ဆော်ဒီက ဘင်္ဂလီများအတွက် Safe Zone ထားလာရင် ထိုဇုန်ကို မြန်မာနိုင်ငံမှ နယ်မြေဖဲ့ထုတ်ကာ  လူဦးရေပေါက်ကွဲမှုဖြစ်နေတဲ့ ဘင်္ဂလားဒေရှ်နဲ့ ပူးပေါင်းစေလိုတဲ့ မဟာဗျူဟာစီမံချက် ရေးဆွဲထားဟန်တူပါတယ်။ တဖန် ဘင်္ဂလီကို တရားဝင် တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုရေး အစွန်ဆုံးရည်မှန်းချက် ထားသလို ယခုအစိုးရကျင်းပနေတဲ့ NCA ညီလာခံမှာ ပြည်တွင်းရှိ အခြားတိုင်းရင်သား လက်နက်ကိုင်အဖွဲ့များနဲ့ တန်းတူ လက်နက်ကိုင်အဖွဲ့အနေနဲ့ ASRAကို ရုပ်လုံးဖေါ်တဲ့ မဟာဗျူဟာစီမံချက်ကိုလည်း ထပ်ပြီးရေးဆွဲထားဟန်တူပါတယ်။

ဘင်္ဂလီတွေရဲ့ မဟာဗျူဟာ၊ နည်းဗျူဟာစီမံချက်

၁၇။ အထက်တင်ပြခဲ့ပါ မဟာဗျူဟာစီမံချက် (၂) ခုထားရှိနိုင်ရာ ဒုတိယစီမံချက်အရ အောင်မြင်ရင် ပြည်တွင်းမှာ တရားဝင်ရပ်တည်ခွင့်ရလာပြီး အစိုးရထိပ်ပိုင်းအထိ ပေါက်အောင်လုပ်ဆောင်မည်ဖြစ်သလို အဲဒါမှ မရရင်တော့ ပထမစီမံချက်ဖြစ်တဲ့ မြန်မာနိုင်ငံကို ဖဲ့ထုတ်ကာ သီးခြားနိုင်ငံ (ဝါ) ဘင်္ဂလားဒေရှ်နဲ့ပေါင်းမည့် အန္တရယ်ကြီးတဲ့ မဟာဗျူဟာမြောက် အကြံကြီးချက်တွေဘဲ ဖြစ်ပါတယ်။

နည်းဗျူဟာအနေနဲ့ တိုက်ပွဲများစတင်သည်နှင့် ရွာသားအလုံးအရင်းဖြင့် ထွက်ပြေးခြင်း၊ ရွာမီးတင်ရှို့ခြင်း၊ တစ်ပြိုင်နက်တည်းမှာပင် နိုင်ငံတကာ ၄င်းတို့အသိုင်းအ၀ိုင်းတွင် အချိန်ကိုက် ကန့်ကွက်ဆန္ဒပြကြခြင်း၊ မထင်မှတ်ဘဲ ရုရှားနိုင်ငံမှာအင်အားကြီးစွာနဲ့ ဆန္ဒပြနိုင်ခြင်း၊ မြန်မာနိုင်ငံရဲ့သတင်းမီဒီယာပျော့ကွက်အား အပိုင်နင်းပြီး တူရကီနဲ့ အယ်ဂျားဇီးယားလိုမျိုး ဘာသာရေးအရ ဘက်လိုက်နိုင်တဲ့ မူဆလင်မီဒီယာများကို ကြိုတင်ချိတ်ကာ Genocide, Ethnic Cleaning အဖြစ် ဟန်ချက်ညီ စီမံဆောင်ရွက်လေရာ …

ပထမအဆင့် HRC တင်ခြင်း၊ ဒုတိယအဆင့် UN၊ တတိယအဆင့် UNSC ၊ အင်အားကြီးအနောက်နိုင်ငံ ခေါင်းဆောင်များကို တူရကီနဲ့  မလေးရှားခေါင်းဆောင်တို့က ထိတွေ့ခြင်း၊ နောက်ဆုံး တရုတ်ကိုပင် ဘင်္ဂလားဒေ့ရှ်က ဝင်ရောက် စည်းရုံးခြင်း၊ ချုပ်လိုက်ပါက ဆန္ဒပြမှူတွေနဲ့ သတင်းလိမ် ဖန်တီးချက်တွေ မီးရှို့ဝိုင်းထားတဲ့ မီဒီယာသတ်ကွင်းထဲမှာ မျော့နေတဲ့ မြန်မာနိုင်ငံကို ဗြိတိန်၊ အမေရိကန်၊ ပြင်သစ်နဲ့ OIC အစ္စလာမ္မစ်နိုင်ငံတွေရဲ့ ဖိအားပေးမှု၊ ကုလသမဂ္ဂရဲ့ ရာဇသံနဲ့ခြိမ်းချောက်တာဘဲ ဖြစ်ပါတယ်။

၁၈။ ဒေါက်တာဝါကာအူဒင်တို့အဖွဲ့၊ အဖွဲ့ဝင် ဦးရွှေမောင်ဟာ ဗွီဒီယိုကော လွှင့်တင်ကာ ခြိမ်းချောက်နေတာမို့ သူ့အား အကြမ်းဖက်အားပေးမှု ဥပဒေနဲ့ ပြန်လည်အရေးယူလိုက်တာမို့ သူတို့အဖွဲ့ဟာ ASRA နဲ့ ပတ်သက်နေတာ အစိုးရက သိနိုင်တယ်လို့ ယုံကြည်ပါတယ်။

၁၉။ တဖန် ASRA အဖွဲ့မတိုင်ခင် RSOလိုမျိုး အမျိုမျိုးပေါ်ခဲ့ပေမဲ့ ကိုယ်ကျိုးရှာအလွှဲသုံးစားမှု နဲ့  နယ်မြေမှာ တပ်မတော်က တိုက်ထုတ်တာ မကြာခဏခံရလို့ ပြိုကွဲတာကြောင့် ရေရှည်ရပ်တည်မှု မရှိတာတွေ့ရပါတယ်။

ASRA ခေါင်းဆောင်ဟာ အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ အဆက်အသွယ်ရှိတယ်လို့ ပါကစ္စတန်သတင်းအရင်းအမြစ်က ဆိုသလို10/10/2002 တွင် ရန်ကုန်မြို့ရှိ အမေရိကန် သံရုံးမှ မှတ်တမ်းတင်ခဲ့သည့် 02 RANGOON 1310 စာတန်းအား Wikileaks မှ ဖေါ်ပြချက်အရ ရိုဟင်ဂျာအကြမ်းဖက်သမားများက Al Qaeda၊ မြန်မာအစိုးရ ဆန့်ကျင်ရေး လက်နက်ကိုင် အဖွဲ့များနှင့် ဆက်သွယ်ခဲ့တယ်လို့ဆိုပါတယ်။

ဘာဘဲဖြစ်ဖြစ် မြို၊ ဟိန္ဒူဘာသာဝင်တွေကို လည်လှီးကာ ရက်စက်စွာ သတ်ဖြတ်တဲ့ ပုံစံတွေဟာ အကြမ်းဖက်တွေရဲ့ ပြုမူဆောင်ရွက်ချက်နဲ့ တထပ်တည်းဆိုတာ ငြင်းလို့ မရအောင် မြေပြင်က သက်သေပြပါတယ်။

ဟိန္ဒူဘာသာဝင်နှစ်ဦးနဲ့ တိုင်းနောင်းသတင်းဌာနတို့ ပြောဆိုတာကို ဖေါ်ပြပေးလိုက်ပါတယ်-“ဒါအစ္စလမ်နိုင်ငံ၊ ရခိုင်ပြည်ဟာ ငါတို့ရိုဟင်ဂျာပြည်ဆိုပြီး အော်ကြပါတယ်။ ရခိုင်ပြည်နယ်ဟာ သူတို့ပိုင်မဟုတ်ဘူးလို့ ရွာသားတွေက ပြန်ပြောတဲ့အခါ ဟိန္ဒူတွေကို သတ်ပစ်ရမယ်လို့ပြောပြီး လိုက်သတ်ပါတယ်။ အိမ်တွေကို ဘင်္ဂါလီတွေက မီးရှို့တော့ ကျွန်တော်တို့ ထွက်ပြေးရပါတယ်” ဟုပြောသလို သတ်ဖြတ်ခြင်းမခံရဘဲ ကျန်ရစ်သူအမျိုးသမီးတစ်ဦးက ” သူတို့က မျက်နှာဖုံးတွေတပ်ထားပြီး မျက်လုံးပဲ မြင်ရပါတယ်။ သူတို့မှာ သေနတ်တွေ၊ ပုဆိန်တွေ၊ ဓားတွေ ပါပါတယ်။ သူတို့က ကျွန်မတို့ကို ဖမ်းခဲ့ပါတယ်။ ကျန်မရဲ့ မိသားစုဝင်တွေကို သတ်ပြီး ကျွန်မတို့ကို အစ္စလမ်ဘာသာကို အတင်းအကျပ် ပြောင်းခိုင်းပါတယ်။ ကျွန်မယောက်ျား၊ ယောင်းမနဲ့ တူတွေ အသတ်ခံရပါတယ်” ဟု တိုင်းနောင်းသတင်းဌာနသို့ ပြောပါတယ်။

အိန္ဒိယရဲ့မီဒီယာထိုးစစ်ကြောင့် ဘင်္ဂလီတွေဟာ အကြမ်းဖက်တယ်ဆိုတာ ကမ္ဘာက ရိပ်မိလာပြီဖြစ်ပါတယ်။

၂၀ ။ ပိုအဆိုးဆုံးက ASRA ပြောတဲ့အတိုင်း လိုက်လုပ်ခဲ့တဲ့ ဘင်္ဂလီရွာသားတွေက ဝေဖန်ရာမှာ တပ်မတော်ရဲ့ထိုးစစ်ကို လမ်းဖွင့် ပေးသလိုဖြစ်သွားပြီး သူတိုကို ကယ်တင်ရာ မရောက်ဘဲ အိုးအိမ်ပစ် ထိုးကြွေးခံရတဲ့ နယ်ရုပ်၊ ပွန်း တည်ကြက် တွေအဖြစ် အတိဒုက္ခသာ ရောက်ကြကြောင်း ပြစ်တင်ခဲ့ပါတယ်။

အမှတ်ရယူသွားပြီး ပိုက်ဆံတွေ နိုင်ငံရေး အမြတ်တွေ အိတ်ကပ်ထဲနိုင်သူကတော့ ARU နဲ့ASRA တို့သာဖြစ်ပါလိမ့်မယ်။

တတိယလက်မဲများ

၂၁။ ဗြိတိန်နိုင်ငံမှာ ဘင်္ဂလီတွေ အုံလိုက်ကျင်းလိုက်ရောက်နေလို့လည်း ချဉ်းကပ်စည်းရုံးရလွယ်ကူနေပါတယ်။ Burma Campaign UK က ဘင်္ဂလီအရေးအခင်းမှာ တက်ကြွစွာ ပါဝင်လှူပ်ရှားခဲ့ပါတယ်။ ဗြိတိန်ကိုယ်တိုင်ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို သူတို့ပြောရင်ပြီးလိမ့်မယ်လို့ လျှော့တွက်ခဲ့ဟန်တူပါတယ်။

လုံခြုံရေးကောင်စီကို (၃)ကြိမ်စလုံး ဦးဆောင်တင်နေသူဟာ ဗြိတိန်ဖြစ်နေတာမို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရင်ထဲ စိတ်မကောင်းဖြစ်နေဟန်တူကာ ဒါကို ဗြိတိန် မရိပ်မိဖူးထင်ပါတယ်။ တတိယအကြိမ် တင်ခါနီး
ဗြိတိန်က အရှေ့အာရှ အငယ်တန်းဝန်ကြီး လာရောက် တီးခေါက်ကြည့်လိုက်မှ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြတ်သားတဲ့ ရပ်တည်ချက်ကို သိရှိသွားဟန်တူပါတယ်။

တကယ်တော့ ပညာတွေ တတ်ပါတယ်ဆိုတဲ့ ဗြိတိန်ဟာ မြန်မာနိုင်ငံကို အုပ်ချုပ်သွားပေမဲ့ မြန်မာလူမျိုးတွေရဲ့ ဓလေ့စရိုက် မျိုးချစ်စိတ်ကို လျှော့တွက်တုန်း ဖြစ်ကာ ယခုဆို အောက်စ်ဖို့ တက္ကသိုလ်ကောလိပ်အသိုင်းအဝိုင်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ပန်ချီကားကို ဖြုတ်ချလိုက်တာ၊ အောက်စ်ဖို့ ဂုဏ်ထူးဆောင်ဘွဲ့ကို ဖြုတ်သိမ်းတာတွေဟာ  ဒေါ်အောင်ဆန်းစုကြည်အပေါ်  မြန်မာပြည်သူလူထု မဲတင်းမှု ထောက်ခံရပ်တည်ချက် ခိုင်မာတောင့်တင်းသွားသလို တပ်မတော်ကပါ အမြင်ရှင်းသွားတာ သတိထား စေချင်တယ်။

၂၂။ ဘာလို့ဒီလိုပြောရသလဲဆိုရင် ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်အာဏာရှင်တွေက ဖခင်အမျိုးသား ခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းကို သတ်ခဲ့တဲ့ အင်္ဂလိပ်လူမျိုးကို ယူမိခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ်  အမျိုးမစောင့်လို့ဆိုတဲ့ အစွန်းရောက်တွေက ထိုးနှက်ဝေဖန်တိုက်ခိုက်ထားတာကြောင့် အမြဲတစေလောင်းရိပ်က  လွတ်ပါ့မလားဆိုတဲ့အတွေး မျိုးချစ်တပ်မတော်အရာရှိတွေရဲ့ စိတ်ထဲမှာ ကိန်းအောင်းနေတာမို့ အခုဆို အမျိုးသားရေးမျက်နှာကို ခိုင်မာစွာ ရပ်တည်ပြလိုက်တဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် တပ်မတော်က အမြင်ကြည်လင်သွားလို့အဖိုးမဖြတ်မနိုင်တဲ့ ယုံကြည်မှုကို ရသွားစေပါတယ်။

၂၃။ ဗြိတိန်ကို သတိပေးလိုတာက စစ်အာဏာရှင်တွေက မြန်မာနိုင်ငံက ထွက်ခွါစေချင်တဲ့ အကျယ်ချုပ်ခံရနေစဉ် – ဒေါ်အောင်ဆန်းစုကြည်ဟာ ဗြိတိန်နိုင်ငံသား ခင်ပွန်းသည် မိုက်ကယ်အဲရစ် အသည်းအသန် ဖြစ်နေတာတောင် ဖိနှိပ်ခံပြည်သူလူထုကို ပစ်မသွားဘဲ စွန့်လွှတ်ရဲတဲ့ သံမဏိစိတ်ဓါတ်ကို လေးစားဖို့လိုပြီးသူမအနေနဲ့  ခင်ဗျားတို့ချီးမြှင့်ခဲ့တဲ့ ဆုတွေကို ပြန်သိမ်းခဲ့ရင်တောင် ဝမ်းနည်းနေမှာ မဟုတ်ဘဲ သူ့ရင်ထဲမှာ ပြည်သူလူထုရဲ့ မေတ္တာနဲ့ တပ်မတော်ရဲ့ ယုံကြည်မှု ရသွားတဲ့ ဆု နဲ့အစားထိုးလိုက်ပြီဆိုတာဖြစ်ပါတယ်။

တကယ်တမ်း ဘင်္ဂလီပြသနာ အရင်းခံဟာ ဗြိတိန်က မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့စဉ်က လုပ်အားခဈေးသက်သာဖို့ နဲ့ လူမျိုး၊ ဘာသာ အခြေခံ သွေးခွဲ အုပ်ချုပ်ဖို့ ဘင်္ဂလီတွေကို ခေါ်ခဲ့လို့ သမိုင်းမူလ တရားခံဖြစ်တယ်ဆိုတာ မြန်မာပြည်သူလူထုက သိနေပြီဖြစ်တဲ့အပြင် ယနေ့ထိ ဗြိတိန်ဟာ လုံခြုံရေးကောင်စီမှာ မိမိလက်အောက်ခံလို ရင်သီးစွာစကားလုံးများ သုံးလိုက်ကတည်းက ဗြိတိန်ဟာ မြန်မာနိုင်ငံအတွက် ကောင်းကျိုးမပေးတဲ့သူပါလား ဆိုတဲ့ အတွေးတွေ မြန်မာတွေရဲ့စိတ်ထဲမှာ ကိန်းအောင်းသွားပြီဖြစ်ပါတယ်။

၂၄။ ဗြိတိန်ဟာ ဒေါ်အောင်ဆန်းစုကြည်တက်လာပြီးနောက် ရခိုင်ပြည်နယ်မှာ စွမ်းအင်ကဏ္ဏမှာ ရင်းနှီးမြှပ်နှံခွင့်ရနိုင်မလားဆိုတဲ့ မျှော်လင့်ချက် ကုန်ဆုံးသွာဟန်တူသလို တရုတ်ဝင်ရောက်ထားတာကို Power Game ကစားကာ ရခိုင်မှာ မတည်မငြိမ်ဖြစ်အောင် ဖန်တီးတာဖြစ်ပါတယ်။

ဒီနေရာမှာ မြန်မာကို ဒုက္ခပေးခဲ့တာခြင်းအတူတူ ဂျပန်နဲ့ ဗြိတိန်ယှဉ်ရင် ဘင်္ဂလီကိစ္စမှာ အစိုးရကို နားလည်မှူပေးပြီး အစိုးရ အဆက်ဆက် ထောက်ခံခဲ့တဲ့ စေတနာသဘောထား မှန်မှန် ယနေ့ထိ ကူညီနေတဲ့ ဂျပန်ကို မြန်မာလူထုရဲ့ နှလုံးသားက ခွင့်လွှတ်သွားပြီး မိတ်ဆွေစစ်ဘဲဆိုတာ အသိအမှတ်ပြုသွားပြီဖြစ်ပါတယ်။

ဥရောပသမဂ္ဂမှ ထွက်ကတည်းက မွတ်ဆလင်နိုင်ငံများမှ စီးပွါးရေးမှီခိုနေရတဲ့ ဗြိတိန်က အာရပ်နိုင်ငံများပါတဲ့ OIC ရဲ့ ချဉ်းကပ်မှူကို မလွန်ဆန်နိုင်တာဖြစ်ပါတယ်။ ဘင်္ဂလားဒေရှ်နိုင်ငံနဲ့ ကုန်သွယ်မှု အများဆုံးနိုင်ငံဟာ ဗြိတိန်နိုင်ငံဖြစ်သလို ဗြိတိန်နိုင်ငံဘက်ကတောင် တတိယကုန်သွယ်မှုအများဆုံးနိုင်ငံဟာ ဘင်္ဂလားဒေရှ် ဖြစ်ပြီး ဓနသဟာရအဖွဲ့ဝင်ဖြစ်နေပါတယ်။ ဒါကြောင့် လုံခြုံရေးကောင်စီအမြဲတမ်းအဖွဲ့ဝင်ဖြစ်တဲ့ ဗြိန်တိန်နိုင်ငံက သူ့ရဲလုပ်ပိုင်ခွင့်ကို အသုံးချတာဖြစ်ပါတယ်။

၂၅။ အလားတူ မလေးရှားနိုင်ငံဟာ အာဆီယံမှာ စည်းရုံးတာ မအောင်မြင်ဘဲ အင်ဒိုနီးရှားက အာဆီယံနိုင်ငံ အများစုဘက်သို့ ပါသွားလို့ ဝန်ကြီးချုပ်ကိုယ်တိုင်က သိမယ်၊ တွေ့လိမ့်မယ် စတဲ့ စကားလုံးနဲ့ပေါက်ကွဲကာ OIC သို့ သွားရောက်တင်ပြခဲ့ပြီး တူရကီကို စည်းရုံးခဲ့ပါတယ်။ အလားတူ မလေးရှားဝန်ကြီးချုပ်နဲ့ တူရကီသမ္မတတို့က မြန်မာနိုင်ငံဘင်္ဂလီကိစ္စကို အမေရိကန် အစိုးရနဲ့ လွှတ်တော် နားရောက်အောင် တင်ပြခဲ့ပါသေးတယ်။ တူရကီသမ္မတရဲ့ဇနီးနဲ့ ဒုဝန်ကြီးချုပ် ရီဆက်ပ်အက်ဒက်ကတို့က ဘင်္ဂလားဒေရှ် နိုင်ငံ ဒုက္ခသည်စခန်း(ကော့စ်ဘာဇားမှာ) ခိုလှုံနေတဲ့ ဘင်္ဂါလီတွေကို သီးခြားစီ သွားရောက်တွေ့ဆုံရာမှာ ဘင်္ဂလီကိစ္စကို ကုလသမဂ္ဂမှာ ထိရောက်အောင်လုပ်ပေးမယ်လို့ ပြောသွားပါသေးတယ်။

ဒါ့အပြင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ မဟာမင်းကြီးကလည်း မြန်မာအရေး ခေါင်းစဉ်တပ်ကာလူမျိုးတုံးသတ်ဖြတ်နေပါတယ် စွပ်စွဲချက် ဇွတ်တရွတ် ထိုးတင်ခဲ့ပါတယ်။ မိန်းမနဲ့ ကလေးတွေအများစုသာပါပြီး ဒုက္ခသည်တွေအဖြစ် မီဒီယာမှာ သတင်းဖိအားပေး တင်ဆက်နေတာဟာ အနောက်နိုင်ငံက အမြင်မှာ အလွန် ထိပြီး တာသွားပါတယ်။ UN G.S ဟာ ယခင်က UNHCR မဟာမင်းကြီးက လာတာမို့ရယ်၊ ရန်ပုံငွေအများဆုံးထည့်ဝင်သူတွေထဲမှာပါတဲ့ OIC ရဲ့ဖိအားဒဏ်ကြောင့် မြန်မာ့အရေး ရှေ့တန်းတင်လိုက်ကြတာလို့ယုံကြည်ပါတယ်။

7DAY ဂျာနယ်မှာ ခိုင်ကြည်သစ် ရဲ့ဆောင်းပါးမှာ ကုလသမဂ္ဂအဖွဲ့ကြီး အပေါ် အောက်ပါအတိုင်း ဝေဖန်ထား ပါတယ်။

“ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ ပဋိ ညာဉ်၊ ဂုဏ်သိက္ခာ၊ ရည်ရွယ်ချက်တွေနဲ့ ကိုက်ညီပါရဲ့လားဆိုတာ ကို မေးခွန်းထုတ်စရာ ဖြစ်ပါ တယ်။ နိုင်ငံနှစ်နိုင်ငံကြားမှာ ဆယ်စုနှစ်နှစ်ခုကြာ တည်ရှိခဲ့တဲ့ စာချုပ်တစ်ခုဟာ အခြေအနေတစ်ခုနဲ့ မကိုက်ညီဘူးဆိုတဲ့ စကား ဟာ တာဝန်မဲ့လွန်းပြီး အဲဒီစာချုပ် ကို ချိုးဖောက်ဖို့ ဖိအားပေးတာ ဟာ မဖြစ်သင့်တဲ့ အနေအထား တစ်ခု ဖြစ်ပါတယ်။ အဲဒီနိုင်ငံသားဖြစ်ခွင့်ပေး ရမယ်ဆိုတဲ့ မွတ်စလင်တွေဟာ တခြားနိုင်ငံက ခိုးဝင်လာနေတဲ့ ဘင်္ဂါလီတွေကို ရည်ညွှန်းတာဆို ရင်တော့ ဒါဟာမြန်မာနိုင်ငံရဲ့ နိုင်ငံသားဥပဒေကို ပြောင်ပြောင် တင်းတင်း ၀င်ရောက်စွက်ဖက်ဖို့ ကြိုးပမ်းတာသာ ဖြစ်ပါတယ်”

တရုတ်ကနေ မြန်မာအား ဘင်္ဂလီတွေကို အမြန်ပြန်လည်လက်ခံပေးဖို့ ဘင်္ဂလားဒေရှ်က ချည်းကပ်စည်းရုံးခဲ့ပါသေးတယ်။

(ဆက်လက်ဖော်ပြပါမည်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “ဗိုလ်ထက်မင်း – ရခိုင်၊ ဘင်္ဂလီအရေးနဲ့ လက်မဲကြီးများ – အပိုင်း(၂)
  1. ိလူ့အခွင့်အရေးမျက်နှာဖုံးတပ်ပြီး နိုင်ငံသားအခွင့်အရေး တောင်းဆိုနေပေမဲ့ သူတို့တကယ်လိုချင်တာက ကျုပ်တို့မြေ၊ ကျုပ်တို့နိုင်ငံတစိတ်တပိုင်း၊ ဖြစ်နိုင်ရင်တပြည်လုံးပါ။ မြန်မာပြည်သားတော့ဖြစ်ချင်ပါတယ်၊ ဒါပေမဲ့မြန်မာနိုင်ငံတော်အလံကိုအလေးမပြုနိုင်ဘူး၊ မြန်မာစကားနဲ့စာသင်ဖို့မလိုဘူး၊ လုပ်နေတာကိုကြည့်ကြပါ။

    ပြဿနာမဖြစ်ဖြစ်အေါင် သူတို့ကစပြီးစော်ကား၊ မခံမရပ်နိုင်လောက်အောင်စော်ကားလာကြလို့ မြန်မာတွေက ပြန်လုပ်တော့မှ ကမ္ဘာလှည့်ပြီး ပလီကြ၊ မျက်ရည်ကျပြကြနဲ့၊ အိုအိုင်စီ မြန်မာပြည်ထဲမရောက်ရောက်အောင်လုပ်၊ ပြီးရင် မောင်တော၊ ဘူးသီးတောင်ဒေသတွေကို ဒုတိယ ကော်ဆိုဗိုဖြစ်အောင်လုပ်၊ ဒီနည်းနဲ့ဗုဒ္ဓဘာသာမြန်မာပြည်ကိုမြိုဖို့ ကြံနေကြတာ။

Comments are closed.