မိုးစဲ- ရွှေ့ပြောင်းအလုပ်သမား


KT#

 ရွှေ့ပြောင်း အလုပ်သမား
မိုးစဲ
(မိုးမခ) စက်တင်ဘာ ၁၁၊ ၂၀၁၇
 
တခါတခါ
ရွှေ့ရွှေ့ပြီး အလုပ်လုပ်ရ
အဲ့ဒီအခါ
ကျနော်ဟာ
ခိုးစားခံရတဲ့ သစ်သီးတလုံး။
တခါတခါ
ပြောင်းပြောင်းပြီး အလုပ်လုပ်ရ
အဲ့ဒီအခါ
ကျနော်ဟာ
သခင်ပြောင်းတဲ့ ခွေး။
အမေနဲ့ အဖေ့ဆီ ပို့တဲ့
ပိုက်ဆံထုတ်လေးထဲ
မျက်ရည်တချို့ပါသွားတယ်။

မိုးစဲ
၇.၉.၁၇