စာအုပ်စင်

Aung Din’s Regime’s Parliament Articles into a Book publishing soon

ပြည်သူ့ခေတ်တွင်ဖော်ပြခဲ့သော ပြည်ထောင်စုလွှတ်တော်ကို အနီးကြည့် အဝေးကြည့် ဆောင်းပါးများ စာအုပ်အဖြစ် ထုတ်မည်
မိုးမခစာအုပ်ကြော်ညာ၊ အောက်တိုဘာ ၄၊ ၂၀၁၃
          ပြည်သူ့ခေတ်ဂျာနယ်မှာ အပါတ်စဉ် ဖော်ပြခဲ့တဲ့ “ပြည်ထောင်စုလွှတ်တော်ကို အနီးကြည့်၊ အဝေးကြည့်” ဆောင်းပါးများ အပိုင်း (၁) မှ အပိုင်း (၃၄) အထိ စုစည်းပြီး ခေတ်ပြတိုက်စာပေမှ ထုတ်ဝေမှာဖြစ်ပါတယ်၊ ၂၀၁၃ခုနှစ် အောက်တိုဘာလကုန်မှာ ဖြန့်ချိပါမယ်၊ မျက်နှာဖုံး ပန်းချီဒီဇိုင်းကို ဘိုဘိုထွန်းရေးဆွဲပေးပါတယ်။ မိုးမခက ထပ်ဆင့် ကူးယူဖော်ပြခဲ့ရာမှာ ဟောသည်နေရာမှာ ဖတ်ရှုနိုင်ပါတယ်။
          ပြည်သူ့ခေတ် ဂျာနယ်ဟာ ၂၀၁၀ ခုနှစ်ကတည်းက ထုတ်ဝေတဲ့ ဂျာနယ်ဖြစ်ပါတယ်။ စက်တင်ဘာလက ကွယ်လွန်ခဲ့တဲ့ သတင်းစာဆရာ မောင်ဝံသနဲ့ မိတ်ဆွေ စာနယ်ဇင်းသမားများ ထူထောင်ခဲ့တဲ့ နိုင်ငံရေးစာစောင်တခု ဖြစ်ပါတယ်။ အဲသည်စာစောင်မှာ အမေရိကန်ရောက် ဗမာ့အရေးလှုပ်ရှားသူ၊ စာရေးဆရာ၊ ၈၈ မျိုးဆက် ကျောင်းသားဟောင်း (ကို) အောင်ဒင်က ၂၀၁၂ နှစ်ကုန်ပိုင်းခန့်က စပြီး ဗမာပြည်လွှတ်တော်နဲ့ အခြေခံဥပဒေဆိုင်ရာ ဆောင်းပါးများ အခန်းဆက်ရေးနေခဲ့တာ ဖြစ်ပါတယ်။ ယခုတော့ လက်ရှိထွက်သမျှကို စုစည်းပြီး စာအုပ်အဖြစ် ဗမာပြည်တွင်းမှာ ထုတ်ဝေတော့မှာ ဖြစ်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts