ကဗျာ

ကမ်လူဝေး ● ဝဲစားနေတဲ့ကဗျာ

ကမ်လူဝေး ● ဝဲစားနေတဲ့ကဗျာ
(မိုးမခ) သြဂတ်စ် ၅၊ ၂၀၁၇

ဝဲစားတွေက
ဝဲကုတ်ခြင်းအကြောင်း ဆွေးနွေးကြ
အားပါး တရ ပျော်ရွှင်စွာ။

ဝဲကုတ်ခြင်းဖြင့်
ခေတ်မီတိုးတက်သော လူ့ဘောင်
ထူထောင်ရန် ကြွေးကြော်ကြ။

ဝဲကုတ်ခြင်းသည်
ဇိမ်ခံနိုင်သော လူမျိုးရဲ့ပစ္စည်း
ဝဲရောဂါ အစ
တို့လူမျိုးက။

ဝဲကုတ်ခြင်း နည်းစနစ်များ
ဝဲကုတ်ခြင်းဥပဒေသများ
ပြုစုကြ ပြဋ္ဌာန်းကြ
ဝဲကုတ်ခြင်းအခွင့်အရေးအတွက်။

ဝဲရောဂါ ပျံပွားရေး
စီမံချက်များ ရေးဆွဲကြ
စည်းရုံးလှုံ့ဆော်ကြ
ဟောပြောစည်းရုံးကြ။

ဝဲမရှိသူ ဝဲမကုတ်ရ
တားဆီးကြ ပိတ်ပင်ကြ။

ဝဲစားတွေနေသော နေရာ
ဝဲစားနေရာ
ဝဲစားတွေနေသော တိုင်းပြည်
ဝဲစားတိုင်းပြည်
ဝဲစားတွေရေးတဲ့ ကဗျာ
ဝဲစားကဗျာ
အခု….
ခင်ဗျားဖတ်နေတာ။ ။

ကမ်လူဝေး


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts