ကဗျာ မြန်မာပြည်တွင်း

လင်းခါး- မင်းဘာတွေရွေးချယ်

မင်း ဘာတွေ ရွေးချယ်
လင်းခါး
(မိုးမခ) ဇူလိုင် ၂၃၊ ၂၀၁၇

မင်းခေါင်းထဲ ဘယ်လိုသိမှုတွေ ထည့်မယ်
ဘယ်လိုခံစားချက်မျိုးအတွက် ငွေပိုသုံးမယ်
အမှတ်တံဆိပ်၊ ရှုခင်း
အဲဒါ မင်းရွေးရမှာ

ရထားလာရင်တော့ မင်း ရပ်စောင့်ရပြီ
အဲဒါ တရစ် စအသွင်းခံရတာ
တိမ်တွေကြား ငှက်တွေ တြိဂံပုံစံပျံသန်း
မင်းခေါင်းပေါ် ငှက်ချီးတွေကျလာ
ကံတရားပဲ မင်းဆိုမယ်
ကံတရားဆိုတာက ဘာလဲ
အဲဒါ ဒုတိယအရစ် သွင်းတာ
မင်း ရွေးတယ်
ဒီနေ့ အစိမ်းဖျော့ ဝတ်မယ်
ကြယ်သီးတလုံး မတပ်ဘူး
ကားနံပါတ် ၂ နဲ့ စတဲ့ တက္ကစီမှ စီးမယ်
ပျော်စရာပဲ
စော်ဆိုရင် ကိတ်မှလေ
ဒါတွေကို ရွေးချယ် ဒါတွေကို ဘေးဖယ်
မင်းဟာ ခွန်အားပြည့်တဲ့ ပါးနပ်တဲ့ ယောက်ျားတယောက်ပါ
ဒါပေမဲ့
မင်းဖင်ကို ဘယ်သူက ကြိတ်မယ်
ဘယ်သူကတော့ မကြိတ်ဘူး
မင်းမှာ ရွေးချယ်ခွင့်မရှိ။ ။
 –
လင်းခါး
July 2017

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts