International News ဓာတ်ပုံသတင်း

Bolwing Green, Kentucky, Burmese join International Day

ကင်တပ်ကီပြည်နယ်၊ ဘိုလင်းဂရင်းမြို့၊ အပြည်ပြည်ဆိုင်ရာပွဲတော် မြန်မာများဆင်နွှဲ
မိုးမခမိတ်ဆွေ (ဘိုလင်းဂရင်း) အောက်တိုဘာ ၅၊ ၂၀၁၃
စက်တင်ဘာ ၂၈၊ စနေနေ့၊ မနက်ခင်းက ညနေအထိ မြို့နလယ်၊ ဆပ်ကပ်ပန်းခြံ (Circus Squire Park) နှစ်စဉ်ကျင်းပနေကျ အပြည်ပြည်ဆိုင်ရာပွဲတော်ကို ကျင်းပခဲ့ပါတယ်။ အဲသည်ပွဲတော်ကို ဒေသခံ မြန်မာမိသားစုများကလည်း ၀ိုင်းပြီး ပါဝင်ဆင်နွှဲကြပါတယ်။

 

အပြည်ပြည်ဆိုင်ရာပွဲတော် ကျင်းပဖြစ်ရတဲ့အကြောင်းကတော့ ကင်တာကီပြည်နယ်ရဲ့ တတိယအကြီးဆုံး မြို့ ဘိုလင်းဂရင်းမှာ လူဦးရေ ၆သောင်း ၆ရာ ရှိတဲ့အထိ ၂၅%က ပြည်ပနိုင်ငံပေါင်း ၃၀က ပြောင်းရွှေ့အခြေချတဲ့ မိသားစုတွေ ရှိနေလို့ပါ။ ဒ့ါအပြသ် ကင်တာကီတက္ကသိုလ် (Western Kentucky University) မှာ နိုင်ငံခြားကျောင်းသားတွေလည်း အများအပြားရှိနေပါတယ်။ အဲသည်နေရာမျိုးကို လူမျိုးစုံ၊ ယဉ်ကျေးမှုစုံ စုဝေးတဲ့ cosmopolitan city လို့လည်း သတ်မှတ်ကြလေ့ရှိပါတယ်။
    
မြန်မာနိုင်ငံက လာရောက်ကြတဲ့ တိုင်းရင်းသားတွေထဲမှာ ကချင်၊ ချင်း၊ ကရင်၊ ကရင်နီ (ကယား)နဲ့ မြန်မာလူမျိုးတွေလည်း အစုံပါနေတာကြောင့် ဆိုင်ရာ ဆို၊က၊ရေး၊တီးတွေ ၀တ်စုံတွေ၊ အစားအစာတွေကို မိတ်ဆက်ကြတာ၊ ကိုယ့်ပြည်၊ ကိုယ့်လူမျိုးသမိုင်းကြောင်းတွေ ခင်းကျင်းကြတာတွေ လုပ်နိုင်ကြပါတယ်။ မြန်မာတွေရဲ့ ပြခန်း ၂ ခန်း တင်ဆက်ခဲ့ပါတယ်။ ဧည့်သည်များရဲ့ မေးခွန်းတွေကိုလည်း ဖြေဆို ရှင်းလင်းနိုင်ခဲ့ပါတယ်။

 

 
  
အပြည်ပြည်ဆိုင်ရာပွဲတော်ကို အမေရိကန်ဒေသတွင်းမှာ ကျင်းပတဲ့အတွက် ဘာသာ လူမျိုး ပေါင်းစုံ ချစ်ခင်မှု ရင်းနှီးမှု နားလည်မှု တည်ဆောက်နိုင်ပါတယ်။ ပြီးတော့ ကိုယ့် ဘာသာ၊ လူမျိုး၊ ထုံးတမ်းစဉ်လာတွေကို ဆက်လက်ထိန်းသိမ်း လက်ဆင့်ကမ်းဖို့လည်း ဆောင်ရွက်နိုင်ပါတယ်။
 

 

 

 

မြန်မာပြည်ပြခန်းဆောင်ရွက်တဲ့ လုပ်အားပေးတွေက သူတို့တတွေ ဆောင်ရွက်ရတာဟာ မိခင်မြန်မာပြည်နဲ့ လူမျိုးပေါင်းစုံ၊ တိုင်းရင်းသားတွေ ကိုယ်စားပြုပြီး လုပ်ရတယ်လို့ သဘောထားတယ်၊ ဂုဏ်ယူဝမ်းမြောက်တယ်လို့ ပြောကြားပါတယ်။ မြန်မာတိုင်းရင်းသားတွေက ၂၀၀၅ ကတည်းက ဒီလိုပွဲတော်ကို ဆင်နွှဲခဲ့ကြတယ်လို့ ပြောပါတယ်။

 

 

 

 
သတင်းဓာတ်ပုံ ကျေးဇူးမှတ်တမ်း – Chin Community, Karen Community, Karenni (Kayah) Community, Burmese Community ဆော်သြသူများ၊ ဆက်သွယ်ရန် – 270-784-1341, 1149 College St, Apt # 10048, Bowling Green, Kentucky, KY 42101


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts