ဒေါက်တာခင်မောင်ဝင်း (သချာင်္) – THE RIGHT WORD 3
HIGHEST, SUPREME, TOPMOST , UPPERMOST
(မိုးမခ) ဇူလိုင် ၂၀၊ ၂၀၁၇
1။ ဤစကားလုံးများသည် ရုပ်အားဖြင့် သို့မဟုတ် စိတ်အားဖြင့် သို့မဟုတ် အရည်အချင်းအားဖြင့် အမြင့်ဆုံးကို ဆိုလိုသည် ။
2။ HIGH – HIGHER – HIGHEST – မြင့်သော။ ပို၍ မြင့်သော။ အမြင့်ဆုံး။
High price – မြင့်မားသော ဈေး နှုံး
Highest price – အမြင့်ဆုံးဈေး နှုံး
The highest story in the building – အဆောက်အဦ၏ အမြင့်ဆုံးအထပ်
The highest peak of the mountain – တောင်၏ အမြင့်ဆုံးတောင်စောင်း
3။ HIGHEST ကို အရေးအပါဆုံးဟူသော အဓိပ္ပာယ်ဖြင့်လည်း သုံး နိုင်သည်။
Highest authority – အမြင့်ဆုံးလုပ်ပိုင်ခွင့်
Highest importance – အရေးအကြီးဆုံး ဖြစ်ခြင်း
highest regard – အလေးစားဆုံး။ အထင်အကြီးဆုံး။
4။ SUPREME သည် အဆင့်အရည်အချင်း အရေးပါမှုတို့တွင် အမြင့်ဆုံး ဖြစ်ပြီး ဘယ်သူနဲ့မှ မတူသည့်သဘောကို ဖေါ်ပြသည်။
supreme court – တရားရုံးချုပ်
၅။ TOPMOST ကို လူ နှင့်ပတ်သက်၍ သုံးလျှင် တိကျသော ရာထူးနေရာတခုခုတွင် အမြင့်ဆုံးဟု ဆိုလိုသည်။
Topmost executive of the company – ကုမ္မဏီတွင် ထိပ်ဆုံးရာထူးရှိသောသူ
၆။ အရာဝတ္ထု အတွက် Topmost ကိုသုံးလျှင် အပေါ်ဆုံးနေရာတွင်ရှိသောအရာကို ဆိုလိုသည်။
topmost drawer – အပေါ်ဆုံး အံဆွဲ
Topmost branches of the tree – သစ်ပင်၏ အပေါ်ဆုံးသစ်ကိုင်းများ
7. UPPERMOST သည် TOPMOST နှင့် အလဲအလှယ် သုံးနိုင်သည်။ သို့သော် UPPERMOST ကို အရေးအပါဆုံး လူအများ သတိအပြုမိဆုံးဦးစားပေး အခံရဆုံးအတွက် သုံးသည်။
NLD is the uppermost among political parties.
NLD အင်အယ်ဒီသည် နိုင်ငံရေးပါတီများထဲတွင် ထိပ်တန်း ကရှိနေသည် ။
Those are thoughts uppermost in his mind.
ဤအတွေးများသည် သူ့စိတ်ထဲတွင် ထိပ်တန်းက ရှိနေသည်။
8 – ဆင်တူစကားလုံးများ။
farthest , steep , summit
9 – ဆန့်ကျင်ဘက်များ
Bottom , lowest , deepest ,undermost
သိကြားမင်းသည် စတုမဟာရာဇ်နှင့်တာဝတိံသာ နတ်ပြည်နှစ်ထပ်ကိုသာအုပ်စိုးရသော နတ်မင်းဖြစ်ပါသည်။ ယာမာ နတ်ပြည်ကစပြီး အထက် နတ်ဘုံလေးထပ်ကို မအုပ်စိုးရပါ။
ထို့ကြောင့်
The Thagyarmin is supreme among nats.
သိကြားမင်းသည် နတ်များတွင် အမြင့်ဆုံး ဖြစ်၏။
ဟုဆိုသော အဆိုအမိန့်မှန်မည်မထင်ပါ။