ကဗျာ

မောင်လွမ်းဏီ ● တစ်မျက်နှာလောက်ပါပဲ

မောင်လွမ်းဏီ ● တစ်မျက်နှာလောက်ပါပဲ
(မိုးမခ) ဇူလိုင် ၁၉၊ ၂၀၁၇

ရှင်းပါတယ်
ဘာကိုမှ မကြောက်ခဲ့သူက
ငြိမ်းချမ်းရေးပြကွက်ကို သွေးပျက်လာတယ်။

ရှင်းပါတယ်
နင်းလည်း ပျင်းတယ်ပြောရတော့မှာပဲ
အသည်းမာပေမဲ့
ရင်ပေါ်မှာ ကြင်နာတာတွေ၊ ကရုဏာတွေ
သိသူတွေပဲ သိတယ်၊
နင်းခံခဲ့ရတဲ့ သက္ကရာဇ်တွေပါ
ရာစုသစ်တဲ့လား၊
ပါးလျားလွန်းလှတဲ့ နေ့ရက်တွေ ဖြစ်လာခဲ့တယ်။

ရှင်းပါတယ်
ကျနော်တို့က
အိမ်ယာ မရှိဘူး၊ သယံဇာတမရှိဘူး
အဖေနဲ့ အမေရဲ့ သင်္ချိုင်းမြေတောင် မရှိပါဘူး
ယောဟန်အောင်ရာ
မင်း အဲလိုတွေ ဖြတ်သန်းခဲ့တယ်။

မင်းလွင်လည်း ထို့အတူပါပဲ
ရဲဘော်ရဲဘက်တွေလည်း ဖက်ပွေ့နေကြမြဲပါပဲ
မင်းတို့ရဲ့ ဆေးမင်ရည် တက်တူး
နဖူးမှာ မထိုးနိုင်ခဲ့ကြတဲ့ တို့ညီအစ်ကိုတွေ။

ယောဟန်အောင်ရာ မင်းရေးခဲ့သလို
တနဿင်္ာရီနားပေါ့
မိုးကြီးလေကြီး ကျတဲ့အခါ။

မောင်လွမ်းဏီ
၁၅ – ၇ – ၂၀၁၇


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts