လင်းသစ်နီ ● အရက်ဆိုင်
(မိုးမခ) ဇူလိုင် ၁၇၊ ၂၀၁၇
ကမ္ဘာဦးစ ‘တေး’ ကို
ဓားပေါက်ခန်းနဲ့ အိပ်မက်မယ်
ဆပ်ကပ်ပွဲမှာ အမဲလိုက်ခန်းတွေ မထည့်ဘူး
အကယ်၍သာ
ဘင်ခရာသံကြားလို့
ကြိုးတိုင်း မြွေအဖြစ်နဲ့ ခေါင်းထောင်ပါစ
မီးကိုစတွေ့သူ
ကိုယ့်မိတ်ဆွေ ကျောက်ခေတ်လူသားတယောက်ရယ်
အရွေ့မှာ အတွေ့နဲ့
အတိတ်ကို ငေးလိုက် စမ်းလိုက်။
ကမ္ဘာအပျက်မှာရော
မျက်နှာဖုံးတွေ လိုအပ်သေးလား
ဟုတ်ကဲ့ ခေါင်းကို ဆတ်ခနဲညိတ်ပြလိုက်တယ်။ ။