စာစုတို

သူသူမေ (မော်ကျွန်း) ● အတိတ်​မှန်​ကွဲစများမှတဆင့်

သူသူမေ (မော်ကျွန်း) ● အတိတ်​မှန်​ကွဲစများမှတဆင့်
(မိုးမခ) ဇူလိုင် ၁၇၊ ၂၀၁၇


စာ​ပေသည် ​ခေတ်​တခေတ်​၏​ကြေးမုံပြင်​ကဲ့သို့ပင်​တည်း။ ကျွန်​မတို့အားလုံးပင်​ တစ်​သက်​နှင့်​တစ်​ကိုယ်​ တစ်​ခါမျှ မ​ရောက်​​ဖူးခဲ့သည့်​၊ ​ရောက်​မည်​လဲမဟုတ်​​တော့သည့်​  မိမိတို့နိုင်​ငံ၏ အတိတ်​​နေ့ရက်​များအား စာ​​ပေထဲမှပင်​ အပြန်​ပြန်​အလှန်​လှန်​ သွားကြည့်​ကြရ၏။ ခံစားခဲ့ကြရပါ၏။ အတိတ်​သမိုင်းကို ပြန်​လွမ်းမည်​ဆိုလျှင်​ ကျွန်​မတို့နိုင်​ငံလေးမှာ လွမ်းစရာများနှင့်​ ပြည့် နှက်​​လှပသော နိုင်​ငံ​လေးတခုဖြစ်​မည်​မှာ မလွဲ​ပေ။

ကျွန်​မအ​နေနှင့်​ ကနဦးအလွမ်းမျိုး​စေ့ချရလျှင်​ ပထမမြန်မာနိုင်ငံ​​တော်​ကြီး​​ပင်​ ဖြစ်​သည်​။ အ​နော်​ရထာမင်းကြီးသည်​​ အ​ကွဲကွဲအပြားပြားဖြစ်​​နေ​သော မြို့ရွာများကိုစုစည်းပြီး နိုင်​ငံ​တော်​ကြီးတစ်​ခုတည်​​ထောင်​နိုင်​ခဲ့သည့်​မင်းတစ်​ပါးဖြစ်​သည့်​ အ ပြင်​ အသိဉာဏ်​ပညာနှင့်​ပြည့်​စုံပြီး နှလုံးရည်​ပြည့်​ဝသူလည်း ဖြစ်​တန်​ရာပါသည်​။ တိုင်းပြည်​တပြည်​တွင်​ မင်းဖြစ်​သူမှာ  သူခိုးများအား ချီးမြင့်​​မြောက်​စား​လျှင်​သူခိုးများသာလာ​​ရောက်​မည်​ဖြစ်​သလို သူရဲ​ကောင်းများအား တန်ဖိုးထား​ချီး​မြင့်​​မြှောက်​စားလျှင်​  သူရဲ​ကောင်းများသာ လာ​ရောက်​ခိုလှုံကြမည်​ဖြစ်​ပါသည်​။ ကျွန်​မတို့၏ အ​နော်​ရထာမင်းကြီးမှာမူ သူရဲ​ကောင်းများ ခိုလှုံ​သော၊ ဗုဒ္ဓ၏ သစ္စာတရား​တော်​များ စည်​ပင်​ပြန့်​ပွား​သော တိုင်းနိုင်​ငံကြီးတစ်​ခုအဖြစ်​ သမိုင်းတွင်​​စေခဲ့သူဖြစ်​သည်​။ ကျွန်​မမှာ အ​နော်​ရထာမင်းကြီးအ​ကြောင်း ​တွေးမိစဉ်​မှစ၍ မိမိတို့ နာယူမှတ်​သားရသည်​များ၊ ကျင်​ကြံအားထုတ်​ရသည်​များ၊ ရွတ်​ဆိုပွားများရသည်​များမှာ ထိုမင်းကြီး၏​​ကျေးဇူးပင်​ဟု ​အဖန်​ဖန်​​အောက်ေ​မ့ဆင်​ခြင်​ဖြစ်​ခဲ့ပါသည်​။ ထိုသို့ဖြင့်​ ​ကျေးဇူးအား သိတတ်​ရသည်​ကိုလည်း ဝမ်း​မြောက်​ဝမ်းသာဖြစ်​​နေမိပါသည်​။

ယခုဆိုလျှင်​လည်း အ​နော်​ရထာမင်းကြီး ​လက်​ဆင့်​ကမ်းခဲ့သည့်​ တရားအ​မွေဖြင့်​ပင်​ နိုင်​ငံ​တော်​ကြီးအားကြည့်​ရပါဦးမည်​။ ဗုဒ္ဓ၏တရား​တော်​ပါအတိုင်းပင်​ အရာရာမှာ ဖြစ်​ပျက်​​ပြောင်းလဲ​နေသည်ဆိုသ​ကဲ့သို့ အ​နော်​ရထာမင်းကြီး၏ ပထမမြန်​မာနိုင်​ငံ​တော်​ကြီးသည်​လည်း ဖြစ်​ပြီး ပျက်​ခဲ့ကြရပါသည်။သို့​သော်​ ​အေဒီ ၁၆ ရာစုအစတွင်​ ဘုရင့်​​နောင်​မင်းတရားကြီး၏​ကောင်း မှုဖြင့်​ အစိတ်စိတ်ကွဲ​နေ​​သောပြည်နယ်များအား  ပြန်လည်စုစည်းနိုင်​ခဲ့ပြီး ​​​​​ဒုတိယမြန်​မာနိုင်​ငံကြီးဟူ၍ တဖန်​ တစင်ထောင်​နိုင်​ခဲ့ပါသည်​။ ဖြစ်​ပျက်​တရားများမှာ​တော့ ရပ်​မသွားခဲ့ပါ။ ဒုတိယမြန်​မာနိုင်​ငံကြီးသည်​ ဖြစ်​ပျက်​တရား၏ ​ရေစီး​ကြောင်း အတွင်း ​ပျောက်​ကွယ်​ခဲ့ရပြန်​ပါသည်​။

ထို့​နောက်​ အ​လောင်းမင်းတရားကြီးဦး​အောင်​​ဇေယျ၏တတိယ မြန်​မာနိုင်​ငံ​တော်​ကြီး ထပ်မြံ​​ဖစ်​​ပေါ်လာပြန်​ပါ​ သေးသည်​။ ​လောကဓမ္မအား မလွန်​ဆန်​နိုင်​ပြန်​ပါပြီ။ ဤအကြိမ်​သည်​​တော့ ပျက်​ခဲ့သမျှတွင်​ အဆိုးဝါးဆုံးအကြိမ်​ဟုဆိုရပါမည်​။ သူ့ကျွန်​ဘဝအား နှစ်​​ပေါင်းများစွာခံစားကြ ရ၏။ သူတပါး၏အာဏာစက်​​အောက်​တွင်​ နား ၊ မျက်​စိများ​ခြေလက်​များ အတုတ်​​နှောင်​ခံကြရ၏။ သူရဲ​ကောင်းများစွာ​ပေါ်ထွန်းလာခဲ့ကြသလို သူရဲ​ကောင်းများစွာစ​တေးခဲ့ကြရ၏။ ထို့​နောက်​ ဗို​လ်​ချုပ်​​အောင်​ဆန်း​ဦးဆောင်​သည့်​ အာဇာနည်​ကြီးများမှ ​တောင်​တန်းပြည်​မ ပြန်​လည်​စုစည်းခဲ့ပြီး ပြည်​​ထောင်​စု၏အားဖြင့်​ လွတ်​လပ်​​ရေးကြီးကို အရယူနိုင်​ခဲ့ကြပါသည်​။

ကျွန်​မသည်​ ထိုမျှထူထဲလှ​သောအတိတ်​သမိုင်းကြီးအား ပြန်​လည်​တူးဆွမိရင်း သမိုင်းတွင်းမှ သူရဲ​ကောင်းများ၊ သူ​တော်​​ကောင်းကြီးများအား ဦးညွှတ်​မိ၏။ ​ကျေးဇူးဥပဿကာရတင်​မိ၏။ လွတ်​လပ်​​ရေးအား မြတ်​နိုးတန်​ဖိုးထားမိ၏။ ထို့ပြင်​ နိုင်​ငံ​တော်​ကြီးများအား စုစည်းတည်​​ထောင်​သွားသူ  သူရဲ​ကောင်းကြီးများအား ကြည့်​ခြင်းဖြင့်​ မှတ်​သားဖူးသည့်​ စာတိုတစ်​ခုအား သတိရသွားမိ၏။ ကျွန်​မအ​နေဖြင့်​မူ ထိုစာတို​လေး၏သ​ဘောတရားအား “အ​မွေဟူသည်​ ဘိုး​ဘေးတို့ထံမှလက်​ဆင့်​ကမ်း ယူရသည့်​အရာဆိုခြင်းထက်​ ကျွန်​မတို့မှသာ ​ခေတ်တခုအားတည်​​ဆောက်​ လက်​ဆင့်​ကမ်း​ပေးရမည့်​ အရာ” ဟူ၍နားလည်​ထားဖြစ်​ပါသည်​။ မည်​သို့ဆို​စေ သမိုင်းထဲတွင်​ ကျွန်​မတို့သည်​ ညီညွတ်​ခဲ့ကြသည်​။ ရိုင်းပင်းခဲ့ကြသည်​။ ငြိမ်းချမ်းခဲ့ကြဖူးပါ သည်​။ ဤသည်​ကား ငြင်းပယ်​မရသည့်​အတုယူဖွယ်​များသာဖြစ်​ပါသည်​။

ယခုအခါတွင်​ ကျွန်​မတို့်​နိုင်​ငံသည်​ ​ခေတ်​အဆက်​ဆက်​များအား​ကျော်​ဖြတ်​လာပြီး​နောက်​ ပါတီစုံဒီမိုက​ရေစီစနစ်​သို့ (သို့)​ခေတ်​တခုသို့ ​ခြေဦးလှည့်​​နေခြင်းဖြစ်​ပါသည်​။ ​ထို​ခေတ်​တခု၏အစတွင်​ ကျွန်​မတို့သည်​လည်း အတိတ်​ကကဲ့သို့ ပြန်​လည်​စုစည်းကြရပါဦးမည်​။ ကျွန်​မတို့အားလုံး ဘာ​များ​ ပေးကြမည်​နည်း။ ဆဲ​ရေးတိုင်းထွာခြင်းများ​၊ မညီညွတ်​ခြင်းများ​၊ ရန်​ငြိုးများ​၊ ကိုယ်​ကျိုးဖက်​အတ္တများ​၊ အသိဉာဏ်​နုံနဲ့ခြင်းများ၊ အကြမ်းဖက်​ဝါဒများ၊ ကိုယ်​ချင်းစာ နာတရား​ခေါင်းပါးခြင်းများ၊ ယိုယွင်း ပျက်​စီး​နေ​သော သဘာဝပတ်​ဝန်းကျင်​များ စသဖြင့်​ စသဖြင့်​ ​ပေးကြပါမည်​လား။ အချိန်​သည်​ ကျွန်​မတို့နှင့်​အတူ (သို့) ကျွန်​မတို့အားမ​စောင့်​ဘဲ သွား​ကောင်းသွားပါလိမ့်​မည်​။ ကျွန်​မတို့သည်​ ညီညွတ်​ခြင်း၊ ငြိမ်းချမ်းခြင်း၊ တရားမျှတခြင်းများအား ​ခံစားစံစားလို​သော သာမန်​ပြည်​သူများဟုဆိုလျှင်​လည်းရသလို ​ခေတ်​တခုအားလွှဲ​ပြောင်း​ပေးအပ်​နိုင်​​သော ပြည်​သူများဟူ၍ လည်း ဆို၍ရပါသည်​။

ယခုကျွန်​မတဦးတည်းအ​နေဖြင့်​မူ ကျွန်​မ၏ စာသင်​ခန်းတွင်​ က​လေးအ​ယောက်​ ၅၀ ခန့်​ရှိပါသည်​။ ကျွန်​မ၏​ကျောင်းသားက​လေးများမှာ သူတို့ဘာသူတို့ စာဆိုဟုဆိုလျှင်​ တယောက်​တပေါက်​နှင့်​ မညီကြပါ။ ကျွန်​မမှာ စုစုစည်းစည်းညီညီညာညာ ဖြစ်​ရန်​ ​အ​နော်​ရထာထုံး နှလုံးမူ၍ ဦိး​ဆောင်​တိုင်​​ပေးရပါသည်​။ ထိုအခါမှပင်​ မညီမညာဖြစ်​​နေ​သော သူတို့၏ဆိုသံက​လေးများ ညီလာကြပါသည်​။ ကျွန်​မထင်​ပါသည်​။ အ​နော်​ရထာသည်​အကွဲကွဲအပြားပြားဖြစ်​​နေ​သော မြို့ရွာများကို စုစည်းနိုင်​ခဲ့ခြင်း ထက်​ အကွဲကွဲအပြားပြားဖြစ်​​နေ​သော စိတ်​ဓာတ်​များအားစုစည်းနိုင်​ခဲ့ခြင်းက ပိုမည်​ဖြစ်​ပါသည်​။ ကျွန်​မတို့သည်​လည်း မတူ ကွဲပြားကြပါမည်​။ သို့​သော်​ ဖြူစင်​ရပါဦးမည်​။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts