ကဗျာ မြန်မာပြည်တွင်း

တင်လတ်ကို- မရည်ရွယ်ပါဘူး

KT#
တင်လတ်ကို- မရည်ရွယ်ပါဘူး 
(မိုးမခ) ဇွန် ၂၂၊ ၂၀၁၇
ရည်လည်းမရည်စူး 
ရွယ်လည်း မရွယ်ဖူးပါဘူး 
မရည်ရွယ်ခဲ့ပါဘူးကွာ။ 
စာတလုံးကအစ 
တုတ်ကိုင် ဓားကိုင်
သေနတ်ကိုင်တဲ့အထိ 
အစစအရာရာ 
ငါ သတိထား 
ငါ သိထားပါတယ်။ 
မရည်ရွယ်ခဲ့ပါဘူး 
ငါ့ကြောင့် ငါးတကောင် 
ချိတ်စာမမိပါဘူး 
ငါ့ကြောင့် ငှက်တကောင်
လေးခွစာမထိပါဘူး 
ငါပြောတယ် 
ငါပြောတာ နားစိုက်ပေးပါ 
မရည်ရွယ်ပါဘူး 
ငါ့​ကြောင့်​ ကမ္ဘာစစ်ကြီး 
ငါ့​ကြောင့်​ များပြားလှတဲ့စစ်ဘေးရှောင် 
ငါ့​ကြောင့်​ အစာရေစာ ငတ်မွတ်ခြင်း 
ငါ့​ကြောင့်​ ချစ်သူတို့ဝေးကွာမှု 
စိတ်ချ ဘာတခုမှမဖြစ်စေရ
ငါမရည်ရွယ်ကြောင်း 
ဒီလိုပြောမယ် စိတ်ကူးထားပါတယ်။ ။ 
၂၀၁၀

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts