ကဗျာ

ကမ်​လူ​ဝေး – လက်​ထပ်​ထိမ်းမြားပြီးစီးခြင်း

Photo – Aung Htet
 
ကမ်​လူ​ဝေး – လက်​ထပ်​ထိမ်းမြားပြီးစီးခြင်း
(မိုးမခ) ဇွန် ၂၊ ၂၀၁၇

မကြားစဘူး
သတို့သားနဲ့ သတို့သမီး မပါတဲ့
လက်​ထပ်​မင်္ဂလာပွဲ ဆင်​နွှဲ။

လက်​ထပ်​မင်္ဂလာပွဲဟာ
အောင်​မြင်​စွာ ကျင်းပပြီးစီးခဲ့​ကြောင်း
ပွဲစီစဉ်​သူ လူကြီး​လူ​ကောင်း​တွေက ဆို​နေရဲ့။

တော်​ရုံအရှက်​နည်းသူတ​ယောက်
ပြောထွက်​ဖို့​ ​ကြောက်​တဲ့စကား
ခမ်းခမ်းနားနား ​ပြောထွက်​တယ်​။

သတို့သားက
အလကားရမလားလို့
အရက်​​သောက်​ရင်း ​စောင့်​တယ်​။

သတို့သမီးက
တာဝန်​ယူမှုလေးမှမရလို့
ခပ်​​ဝေး​ဝေးကိုထွက်​​ပြေးတယ်​။

ဒီလိုနဲ့
သတို့သား သတို့သမီး မပါတဲ့
လက်​ထပ်​မင်္ဂလာပွဲ ​ပေါ်လာတယ်​။

လက်​ဖွဲ့​တွေကို သိမ်းရင်း
တော်​ရုံအရှက်​နည်းသူတ​ယောက်
ပြောမထွက်​​လောက်​တဲ့ စကား
လက်​ထပ်​ထိမ်းမြား ပြီး​စီး​ကြောင်း
စီစဉ်​သူ လူကြီးမင်းက ​ပြော​နေ​လေရဲ့။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts