Uncategorized

Wutt Hmoe – Articles

တန်ဘိုးနည်းအိမ်ယာစီမံကိန်နှင့်ရန်ကုန်ဆောက်လုပ်ရေးလောက
ဝတ်မှုန် (စင်ကာပူ)
အောက်တိုဘာ ၆၊ ၂၀၁၃


● ကိုယ်ပိုင်မြေပေါ်တွင်တည်ဆောက်သည့်တန်ဖိုးကြီးအိမ်ယာများ
ရန်ကုန်တစ်မြို့တည်းတွင် တိုက်အိမ်များစွာ စည်းကမ်းမဲ့စွာ ဆောက်လုပ်နေကြပါတယ်။ ယခုတစ်ပတ် သတင်းစာမှာ မရမ်းကုန်းမြို့နယ်၊ တိုက်အလုံးပေါင်း ၅၀၀ကျော်ကို စည်ပင်မှခွင့်ပြုချက်မရပဲဆောက်လုပ်ပြီးစီးနေသောကြောင့်၊ ကိုယ်ပိုင်မြေကွက်ရှင်များကို တရားစွဲမည် ..လို့ဖတ်ရပါတယ်။ နောက်ပြီးတော့ ဘူဒိုဇာနှင့်ပြန်ဖြိုဖျက်ပြီး ဖြိုဖျက်ခတောင်းမည် ..လို့ ကောလဟာလများထွက်နေတာကြောင့် အိမ်ဖျက်လုပ်ငန်းလိုင်စင် လျှောက်ထားရန် စိတ်ကူးနေမိပါတယ်။ ရယ်စရာပါ။ ကြည့်မြင်တိုင်မှာနေတဲ့ ဦးကျော်ရဲ့ ၄ထပ်က ပေ၈၀၀ တိုက်ခန်းလေးကိုလည်း တစ်သက်လုံးအေးအေးဆေးဆေး နေမယ်စိတ်ကူးနေချိန်၊ အိမ်မြေလုပ်ငန်းရှင်မိတ်ဆွေတစ်ဦးက မင်းတိုက်ခန်း အခုဆို သိန်း၅၀၀လောက် ဈေးပေါက်နေပြီး..လို့ ပြောလာတယ်။ သင်္ဘောသားဟောင်း အသက်၅၀ကျော်ကြီးက ဒေါ်လာနဲ့ပြန်တွက်ကြည့်တော့ ဒေါ်လော၅သောင်းကြီးများတောင်တန်ဘိုးရှိနေပြီလို့ သိလိုက်ရတယ်။ ဝယ်တုန်း ၁၉၉၅က ဒေါ်လာတစ်သောင်းလောက်ပဲရှိတာ အခု ၅ဆတောင် ဈေးတက်သွားတော့ ကျေနပ်နေတယ်လို့ ဆိုပါတယ်။ ဒါပေါ့.. အိမ်ပိုင်တဲ့လူတွေက အိမ်မြေဈေးတက်တော့ ကျေနပ်ပီတဖြစ်နေပေမဲ့ အိမ်မပိုင်သူများတော့ ရန်ကုန်မှာကိုယ်ပိုင်အိမ်ရဖို့ အိပ်မက်တွေပျက်သွားရတယ်။ စင်ကာပူမှာအလုပ်လာလုပ်ပြီး မြန်မာပြည်ကိုယ်ပိုင်အိမ်ဝယ်မဲ့လူများ အရမ်းစိတ်ပျက်သွားတဲ့ ခေတ်ပျက်ကြီးပါ။ 
ဒါပေမဲ့ စိတ်ပျက်စရာမရှိပါ။ မြန်မာ့ခရိုနီစိတ်ထားရှိတဲ့ လူတန်းစားများကြောင့် အိမ်မြေဈေးတက်ရခြင်းဖြစ်ပါတယ်။ နိုင်ငံတော်ကလည်း နည်းမျိုးစုံနဲ့ အိမ်မြေဈေးကို ထိန်းချုပ်နိုင်ဖို့ ခရိုနီအုပ်စုနဲ့ ယှဉ်ပြိုင်နေရပါတယ်။ နိုင်ငံတော်လူကြီးမင်းနဲ့ ခရိုနီလူကြီးမင်းတို့ တစ်ယောက်တည်းမဟုတ်ဘူးလို့ ယူဆတဲ့အတွက် ပြသနာပြေလည်သွားမှာဖြစ်ပါတယ်။ 
နိုင်ငံတကာဈေးနှုန်းကို ကြည့်ပါ။ ဘန်ကောက်၊ ချင်းမိုင်၊ ဂျာကာတာ၊ ပီနန်၊ ကွာလာလန်ပူ၊ ဟိုချီမင်း စတဲ့အရှေ့တောင်အာရှမြို့တွေကိုကြည့်ပါ။ တန်ဖိုးနည်းအိမ်ယာဆိုတာ ဒေါ်လာတစ်သောင်းပတ်ဝန်းကျင်ကို ခေါ်ပါတယ်။ ဒေါ်လာ၂သောင်းအထက် ဈေးနှုန်းဆိုရင် လူလတ်တန်းစားများရဲ့ အိမ်ယာဖြစ်သွားပြီး၊ ဒေါ်လာ၃သောင်းအထက်ဆိုရင်တော့ အဆင့်မြင့်အိမ်ယာ၊ ကွန်ဒိုလို့ သတ်မှတ်ရမှာဖြစ်ပါတယ်။ ဒီလို သတ်မှတ်ချက်များဘောင်အတွင်းကို မြန်မာပြည်လည်း ရောက်လာမှာဖြစ်ပါတယ်။ နိုင်ငံတော်ကလည်း တန်ဘိုးနည်းအိမ်ယာတိုက်ခန်းများ Low Cost Housing လုပ်ဖို့ အခုလုပ်နေတဲ့ ၈ထပ်၊ ၁၆ထပ် တိုက်ခန်းများကို ကြည့်ရင် ဆောက်လုပ်ရေးကန်ထရိုက်များပေးသွင်းရမဲ့ငွေများဟာ အလွန်များပါတယ်။ တရားဝင်ပေးသွင်းရမှာက ၈ထပ်ဆို သိန်း၃၀၀၊ လိုင်စင်ကြေး သိန်း၃၀ရှိနေပါတယ်။ ဒါက တရားဝင်ဈေးပါ။ ဥပဒေနဲ့မညီဆောက်လုပ်၊ ပုံစံမကိုက်တာမျိုးကို စည်ပင်ဝန်ထမ်းရဲ့ အလွန်တောက်ပြောင်လှတဲ့ ထောက်လှမ်း၊ ဒဏ်ကြေးများကို ရှောင်ရှားဖို့က လုံးဝမဖြစ်နိုင်ပါ။ ဒီတော့ မလည်လို့ကတော့ ကန်ထရိုက်တာ တစ်ခါတဲနဲ့ပွဲပြီး၊ ထောင်ထဲရောက်သွားနိုင်ပါတယ်။ ရန်ကုန်စည်ပင်အဖွဲ့ကလည်း စင်ကာပူလို BCA Building Control Acts မပြောနဲ့ ထိုင်း၊ လာအိုလိုတောင်မှ ဥပဒေမရှိဘူး။ ရှိတဲ့ဥပဒေဥပဒေကလည်း ထုံးစံအတိုင်း မလိုက်နာနိုင်တဲ့ဥပဒေထုတ်ပြန်ထားတော့ အားလုံးဟာ ဥပဒေချိုးဖောက်သူဖြစ်နေပါတယ်။ ဥပမာ ..ဧည့်စာရင်းတိုင်ရမယ်။ အကျင့်စာရိတ္တကောင်းကြောင်းထောက်ခံစာပါမှ ခရီးသွားရမယ် ဆိုတဲ့ အူကြောင်ကြောင် ဥပဒေနဲ့ ဦးကျိုးနေတာကြာလှပြီဆိုတော့ … လက်ရှိဆောက်လုပ်ရေးဥပဒေဆိုတာကလည်း  ဥပဒေ၆မျိုးရှိတယ်လို့ကြားရတယ်။ ကျုပ်သိတာတော့ ၂မျိုးပဲ၊ လိုတမျိုး၊ မလိုတမျိုး ..  ဒေါ်အောင်ဆန်းစုကြည် ဥပဒေစိုးမိုးရေးကို လွှတ်တော်အထက်ပိုင်း ဥပဒေကြီးတွေချပြနေတာ တချိန်တော့ ဆောက်လုပ်ရေးဥပဒေတွေကို ပြဌာန်းပြီး၊ တကယ်လုပ်မဲ့အခြေအနေ ရောက်လာမှာပါ။ စိတ်ရှည်ရှည်နဲ့ စောင့်တာပေါ့လော…။ 
ဒီဆောင်းပါးမှာတော့ အိမ်ဆောက်လိုင်စင်ဈေးကြီး၊ အိမ်ဆောက်ပစ္စည်းဈေးကြီးမှုတွေကိုပဲ ရေးပါမယ်။
● အရှေ့တောင်အာရှတန်ဖိုးနည်းအိမ်ဈေးနှုန်း
ဘာကြောင့် အရှေ့တောင်အာရှမြို့ကြီးတွေမှာ တန်ဘိုးနည်းတိုက်ခန်းကို ဒေါ်လာတစ်သောင်း (သိန်း ၁၀၀) နဲ့ ဆောက်နိုင်ပြီးတော့ မြန်မာနိုင်ငံမှာ မရဘူးလဲလို့ လူကြီးတွေက မေးခွန်းထုတ်ပါတယ်။ ဟ.. ဆောက်လုပ်ရေးပစ္စည်းဈေးက ကြီးတာကိုး ….လို့ သိသွားပြီး၊ ဆောက်လုပ်ရေးပစ္စည်း သံ၊သွတ်၊ ဘိလပ်မြေ၊ အုတ်ဈေးတွေ ဘာကြောင့်ကြီးရသလဲ လေ့လာတော့ လူကြီးတွေက နိုင်ငံခြားကနေ မြန်မာပြည်တွင်းအဝင်ပေးကမ်းရတာ (ရက်တိတ် Red Tape) ကြောင့်ဖြစ်တယ်ဆိုတာ သိသွားပါလေရောဗျာ…။ ကွန်တိန်နာနဲ့ နိုင်ငံတကာပုံစံဖြစ်အောင် ပစ္စည်းတွေသွင်းဖို့ အခွန်တွေလျှော့ကောက်၊ လပ်ဘ်စားသူတွေ ပြောင်းရွှေ့ပစ်လုပ်ပါတယ်။ ကြောက်လို့ မှန်မှန်လုပ်ကြပါတော့တယ်။ သွင်းကုန်ပစ္စည်း အမျိုးပေါင်း ၁၂၀၀မှာ မပါတဲ့ပစ္စည်းတွေလည်း ရှိသေးတယ်။ ဒါလည်း ဆောက်လုပ်ရေးပစ္စည်းများလို့ သတ်မှတ်ပြီး လုပ်ပေးကြပါတယ်။ ထုံးစံအတိုင်း ခရိုနီကြီးများက အကြီးအကျယ်သွင်းလာတာမျိုးတွေတော့ လွတ်ပြီး၊ ကွန်တိန်နာ နည်းနည်းပဲသွင်းလာသူများကတော့ အေးဂျင့်နဲ့ထုတ်ယူရတယ်။ ပစ္စည်းဈေးက ဒေါ်လာတစ်သောင်းဆိုရင် စာရွက်စာတန်းကြေးပေါင်းလိုက်ရင် ဒေါ်လာ၂သောင်းကျော်သွားပြီး။ ဒီတော့ အိမ်နီးချင်းနိုင်ငံများထက် တိုက်အိမ်ဈေးက ၂ဆဈေးကြီးသွားပါပကောလား။ 
ဆောက်လုပ်ရေးပစ္စည်းတွေ သယ်ပို့ခမှာ ကားခကတော့ အရှေ့တောင်အာရှဈေးနှုန်းလောက်ဖြစ်ပေမဲ့၊ ဂိတ်ကြေးတွေက ပေးလွန်းလှပါပကောလား။ အေရှားဝေါက လုပ်ပေးတဲ့လမ်းမကြီးက ကောက်လိုက်တာ ကားတစ်စီးကို ကျပ်သောင်းနဲ့ချီပေးရတယ်။ 
နောက်ဆုံး ဆောက်လုပ်တဲ့နေရာမှာ စည်ပင်ဌာနက တာဝန်ကျေဝန်ထမ်းက အမေရိကန်ထောက်လှမ်းရေးထက်တောင် အစွမ်းထက်သေးတယ်။ ဆေးမှားသုတ်မိရင်တောင် အဆောက်ဦးပုံစံမှာပါတာနဲ့ မတူလို့ဆိုပြီး ချက်ချင်းရောက်လာတယ်။ ထုံးစံအတိုင်း ဘောင်ထဲဝင်သွားအောင် လုပ်ရတော့ ပိုကုန်ပြန်တယ်။ အဲ .. အဆင်ပြေတဲ့ ကန်ထရိုက်တာများရဲ့ တိုက်အိမ်တွေကတော့ အိုကေတာပေါ့ဗျာ။ ကျုပ်တို့လည်း ပုံစံဒီဇိုင်းပေး ဆိုတော့ ပေးလိုက်ရတယ်။ ဘယ်ကသာ အတိအကျဖြစ်ရမှာလဲ။ မြေပိုင်ရှင်နဲ့ငွေပိုင်ရှင်များက ဒီလိုလုပ်ပါ ပြောတာလွယ်တယ်။ ဒီတော့ တကယ်နဲ့ စည်ပင်ကိုပေးထားတဲ့ ပုံစံက ဘယ်လိုနည်းနဲ့မှ မတူနိုင်ဘူး။ အိမ်ပုံစံကလည်း သူများဆီက ကော်ပီကူးယူထားတာကို ဟိုဖြည့်သည်ဖြေ့ လုပ်ရတာတောင် တစ်လလောက်ကြာတယ်။ ကိုယ့်ဖာသာလုပ်ရင် ပိုကြမယ်။ ဒီတော့ အာခီတက်ပုံစံက တစ်မျိုး ၊ အထဲက Civil Drawing ဆွဲတဲ့လူကလည်း မီးစဉ်ကြည့်ကပေတော့။ ဆောက်ရင်းဆွဲ၊ ဆွဲရင်းဆောက်နဲ့ မြန်မြန်ပြီးအောင်လုပ်ရပါတယ်။ အခြေအနေမဟန်ရင် ကန်ထရိုက်တာတွေ ပြေးဖို့ ပြင်ထားရတယ်။
မြန်မာပြည် ဆောက်လုပ်ရေးဈေးကွက်က ပစ္စည်းဝယ်ဆောက်ရမယ်ဆိုရင် အမေရိကန်မှာဆောက်တာထက်တောင် အနည်းဆုံး ၃ဆလောက် ဈေးကြီးနေပါပြီ။ အရှေ့တောင်အာရှမြိုတော်များက တန်ဖိုးနည်းအိမ်ယာ ဈေးနှုန်းကို မီမဲ့အချိန်ကတော နောက် ၅နှစ် (သို့မဟုတ်) ၁၀နှစ်ဖြစ်ပါတယ်။ နောက်၅နှစ်ဆို အရှေ့တောင်အာရှက ပြုပြင်ပြောင်းလဲတဲ့ ဗီယက်နမ်လို အရင်၁၀နှစ်က တစ်ဒေါ်လာ ဗီယက်နမ်ငွေ ၂၀၀၀ ဒေါင် ရှိပါတယ်။ အခု တော့ ကန်တစ်ဒေါ်လာကို ၂၀၀၀၀ ဒေါင် (၁၀ဆ) တက်သွားပါပြီး။ မြန်မာနိုင်ငံအုပ်ချုပ်သူနဲ့ ခရိုနီများကလည်း ဗီယက်နမ်ပုံစံ ပြုပြင်ပြောင်းလဲရင်း အခု ကန်တစ်ဒေါ်လာ ၁၀၀၀ ကျပ်ကနေ နောက်၅နှစ်ကြာတဲ့အချိန် ကန်တစ်ဒေါ်လာ ၂၀၀၀ကျပ် အသာလေးဖြစ်သွားနိုင်ပါတယ်။ ဒီတော့ ၅နှစ်အတွင်းမှာ အိမ်ဈေး တစ်အိမ် ကျပ်သိန်း၅၀၀တော့ လျှော့မှာမဟုတ်ပေမဲ့၊ အခုသိန်း၅၀၀=ကန်ဒေါ်လာ၅သောင်း ကနေ နောက်၅နှစ်မှာ ကျပ်သိန်း၅၀၀=ကန်ဒေါ်လာ၂သောင်းခွဲဖြစ်သွားပါလိမ့်မယ်။ ဒီလိုနည်းနဲ့ပဲ အရှေ့တောင်အာရှ အိမ်မြေဈေးကွက်နှုန်းထားကို တဖြေးဖြေးပြန်ရောက်သွားမယ် ဖြစ်ပါတယ်။ ဒါကတော့ စာရေးသူရဲ့ မှန်းဆချက်ဖြစ်ပါတယ်။ ကိုယ့်အိမ်ကို ရောင်းပြီး ငှားနေမယ်ဆိုရင် ငှားခကိုလည်းတွက်ရပါမယ်။ ကိုယ့်မှာအပိုရလာတဲ့ ငွေကလည်း အငြိမ်မနေပါဘူး။ ဟိုဟာလုပ်၊ ဒီဟာလုပ်နဲ့ ခဏလေးကုန်သွားရင် နောက်ငါးနှစ်နေမှ အိမ်ပြန်ဝယ်လိုသူ ငိုသွားရပါလိမ့်မယ်။ ဒီတော့ သွားမလုပ်နဲ့နွားပြုတ်သွားမယ် ဆိုစကားအတိုင်း အိမ်မြေဈေးကွက်၊ ကန်ထရိုက်တာလုပ်ငန်းကို စာရေးသူ ဝေးဝေးကရှောင်ပါတယ်။ ဥာဏ်မမီတဲ့အလုပ်ပါ။
● အမြန်ဆုံးတိုက်အိမ်ဈေးမှန်ရန်ဖြေရှင်းနည်း
ရန်ကုန်ကွန်တိန်နာဆိပ်ကမ်းမှာ ဆောက်လုပ်ရေးပစ္စည်းဆိုရင် လျှောလျှောလျူလျူ သွင်းလာနိုင်ရေးအတွက် ဗီယက်နမ်အစိုးရဆီက အကူညီတောင်းပါ။ ဆောက်လုပ်ရေး ကွန်တိန်နာဆိပ်ကမ်းတစ်ခုကို ၆လအတွင်း အပြီးဆောက်ပြီး၊ ဗီယက်နမ် အစိုရဝန်ထမ်းများနဲ့ ဗီယက်နမ်စစ္စတမ်၊ ကွန်ပြူတာများကို အသုံးပြုပြီး ဗီယက်နမ်က ဈေးချို၊ အရည်သွေးကောင်းတဲ့ ဗီယက်နမ်ထုတ် ဆောက်လုပ်ရေးပစ္စည်းများကို တင်သွင်းစေပါ။ ဘာမှာ အခွန်မကောက်ပါနဲ့။ နှစ်နိုင်ငံအကျိုးကျေးဇူးဖြစ်စေပါတယ်။ ၂နှစ်စာချုပ်နဲ့လုပ်ပြီးရင် မြန်မာဝန်ထမ်းများက တာဝန်လွဲယူနိုင်ပါတယ်။ ဗီယက်နမ်ဘက်ကလည်း ဆောက်လုပ်ရေးပစ္စည်းဖြစ်ကြောင်း Export Check လုပ်မယ်။ မြန်မာပြည်ဘက်ကလည်း Import Check လုပ်မယ်။ ဝိသမစီးပွားလုပ်ချင်တဲ့ လပ်ဘ်ပေး ပစ္စည်းသွင်းလာသူများကို ထောင်ချပစ်လိုက်မယ် ..ဆိုရင်တော့ လမ်းကြောင်းလေးတစ်ခု ပွင့်လာမယ်ထင်ပါတယ်။ 
နောက်တစ်နည်းကတော့ ဒေသအစိုးရများ ဥပမာ မွန်ပြည်နယ် ဒေသအစိုးရကို လုပ်ပိုင်ခွင့်အပြည့်ပေးလိုက်ပြီး၊ ဆောက်လုပ်ရေးပစ္စည်းများကို အခွန်မဲ့ တင်သွင်းခွင့်ပေးမယ်။ ဒါဆိုရင် ကွန်တိန်နာများ မွန်ပြည်နယ်ကတဆင့် ရန်ကုန်ကို သယ်လာရင်လည်း ရန်ကုန်က ဖျက်ပစ်ဖို့မလွယ်တဲ့ Red Tape စနစ်ကို ကျော်လွှားနိုင်မဲ့နည်းလမ်းဖြစ်ပါတယ်။ အဲ… ရန်ကုန်ကွန်တိန်နာ အစိုးရဆိပ်ကမ်းက Red Tape စနစ်မသုံးပဲ၊ အေရှားဝေါ အကြီးဆုံးကွန်တိန်နာဆိပ်ကမ်းကို တင်သွင်းရင်ကော Red Tape စနစ်မရှိဘူးလား မေးပါမယ်။ အဖြေကတော့ အေရှားဝါးလို ဧရာမကုမဏီကြီးများမှာလည်း ဗဟိုဦးစီးစနစ် Red Tape ရှိပါတယ်။ ဝန်ထမ်းစီနီယာကြီးများဟာ အစိုးရဝန်ထမ်းဟောင်းများဖြစ်တော့ ဟိုဘက်မှာလုပ်တဲ့အတိုင်း ခရိုနီပိုင်ကုမဏီမှာလဲ လုပ်ပါတယ်။ ဒီတော့ Red Tape ဟာ စနစ်ကြောင့်မဟုတ်ပဲ လူကြောင့်ပေါ်လာခြင်းဖြစ်ပါတယ်။ ဘာပဲဖြစ်ပါစေ  ခရိုနီလိုအဆင့်မျိုးအတွက်တော့ လွယ်ကူ၊ ပေးရကမ်းရနည်းတဲ့အတွက် စီးပွားရေးတကယ်လုပ်ချင်ရင် ၂၀၁၃မှာတော့ ခရိုနီကုမဏီများကို ချဉ်းကပ်ခြင်းဟာ အမြတ်အများဆုံးဖြစ်ပါတယ်။ မြန်မာလူငယ်များအဖို့တော့ ၂၀၁၅နောက်ပိုင်းမှာ ခရိုနီများကို ကျော်လွန်မဲ့ အင်အားစုကြီးတစ်ရပ် တရုပ်ပြည်ကြီးလို တရှိန်ထိုးပေါ်လာမဲ့ အလားအလာရှိပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းရှင်များနဲ့ အလုပ်သမားများ ဝင်ငွေကောင်းနိုင်ကြပါစေ။  
ကွန်ဒိုဝယ်လိုသူများအတွက် ကန်ထရိုက်တာများစွာထဲမှကြော်ငြာတစ်ခု 
မိုးမြင့်စံမိသားစုဆောက်လုပ်ရေးကုမဏီလိမိတက် (Download Link)

http://mingalaronline.biz/stories/lowcost.housing.pdf

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts