ကြော်ငြာကဏ္ဍ မြန်မာပြည်တွင်း

သစ်ဦးဇင် မြန်မာပြန်သော မဖြူ ( သို့မဟုတ် ) ရခိုင်မြေမှ ချစ်ပုံပြင်

သစ်ဦးဇင် မြန်မာပြန်သော မဖြူ ( သို့မဟုတ် ) 
ရခိုင်မြေမှ ချစ်ပုံပြင်
စာအုပ်စေတမန် 
(မိုးမခ) မေ ၂၁၊ ၂၀၁၇

၁၉၀၄
ခုနှစ်တွင် ဂျိမ်းလှကျော်ရေးခဲ့သော” မောင်ရင်မောင် မမယ်မ ” ဝတ္ထုကို
ပထမဦးဆုံးသောမြန်မာဝတ္ထုအဖြစ် ကျွန်တော်တို့ သိထားခဲ့ကြပါ သည်။ ဤဝတ္ထုမှာ
၁၈၉၈ ခုနှစ်တွင် ပုံနှိပ်ထုတ်ဝေခဲ့သည်ဖြစ်သော ကြောင့် မောင်ရင်မောင်မမယ်မတို့ထက်ပင် ခြောက်နှစ်ခန့် စောနေသေး သည်။ ပို၍အံ့သြစရာကောင်းသည်မှာ
အင်္ဂလိပ်စာကျွမ်းကျင်တတ်ေ မြောက်သော မြန်မာတယောက်က အင်္ဂလိပ်ဘာသာဖြင့်
ဤဝတ္ထုကို ရေး ဖွဲ့ခဲ့ခြင်းဖြစ်ပါသည်။ မူရင်းဝတ္ထုအမည်မှာ ` Ma Pyu :  An
Arakanese Love Story´ဖြစ်ပြီး စာရေးသူ၏အမည်ကိုတော့” By An Arakanese ”
ဟုသာဖော်ပြထားပါသည်။ ၁၉ ရာစုကုန်နှောင်းပိုင်း စစ်တွေကိုနောက်ခံထားပြီး
ကာလပေါ်ဝတ္ထုပုံစံမျိုးဖြင့် ရေးဖွဲ့ထားသော လက်ရာဖြစ် သည်။ နှောင်းလူတွေ
မသိမမီလိုက်သော နောက်ခံကားချပ်များကို ဤဝတ္ထုထဲမှာ
ထိစမ်းပွတ်သပ်နိုင်မှာ ဖြစ်သည်။
အဖုံးပန်းချီကို လင်းဝဏ္ဏက
ခံစားရေးဆွဲပေးထားပြီး စာအုပ်တန်ဖိုး ၂၅၀၀ ကျပ်နှင့်
ဆုရောင်စဉ် စာအုပ် တိုက်က မေလဆန်းပိုင်းတွင် ထုတ်ဝေဖြန့်ချိခဲ့ပါကြောင်း။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts