ကြော်ငြာကဏ္ဍ မြန်မာပြည်တွင်း

နိုင်ဝင်းသီ- နာရီတစ်လုံးရဲ့အလျား မေလကုန်ထွက်လာမည်

 နိုင်ဝင်းသီရဲ့ နာရီတစ်လုံးရဲ့အလျား
 (မိုးမခ) မေ ၁၅၊ ၂၀၁၇

နိုင်ဝင်းသီရဲ့  မဂ္ဂဇင်းဝတ္ထုတိုစာအုပ်ပါ။
မိုးမခအွန်လိုင်း (Online)
မှာရော ပုံနှိပ်မဂ္ဂဇင်း (Print) တွေမှာပါ သပ်ရပ် လှပတဲ့ အရေးအသားတွေနဲ့
ဝတ္ထုတိုလေးတွေ၊ အက်ဆေးလေးတွေ ရေးဖွဲ့ လေ့ရှိတဲ့ နိုင်ဝင်းသီရဲ့
မဂ္ဂဇင်းဝတ္ထုတိုစုစည်းမှုစာအုပ်လေးဟာ မေလရဲ့ နောက်ဆုံးပတ်လောက်မှာ ထွက်လာဖို့ရှိပါတယ်။

မေတ္တာပေါင်းကူးစာပေတိုက်သစ်ရဲ့ပထမဦးဆုံးထွက်ရှိလာမယ့်စာအုပ်ဖြစ်ပါ တယ်။ သပ်ရပ်ခန့်ညားတဲ့စာအုပ်အပြင်အဆင်နဲ့အတူ
ကဗျာ / ပန်းချီ ထွန်း ဝေမြင့် ခံစားရေးဆွဲပေးထားတဲ့ မျက်နှာဖုံးပန်းချီနဲ့
အတွင်းသရုပ်ဖော်ပုံတွေ ကလည်း ကြည်လင်တိတ်ဆိတ်နေတဲ့ လောကသစ်တခုထဲကို
တသိမ့်သိမ့် တငြိမ့်ငြိမ့်နဲ့ မိတ်ဆွေတို့ကို အသေအချာ
ဆွဲခေါ်သွားပါလိမ့်မယ်။
ပိတောက်ပွင့်သစ်၊ စတိုင်သစ်၊ မဟေသီ၊ ကလျာ၊ Faces ၊
Heart ၊ Image နဲ့ ပိတောက်မြေမဂ္ဂဇင်းတွေ မှာ ရေးသားခဲ့တဲ့ ဝတ္ထုလေးတွေကို
စုစည်းထုတ်ဝေထားတာပါ။ စာအုပ်တန်ဖိုး ၂၈၀၀ ကျပ်နဲ့အတူ
မေလ ရဲ့နောက်ဆုံးပတ်ထဲမှာ  နိုင်ဝင်းသီရဲ့ “နာရီတစ်လုံးရဲ့အလျား” ကို မည်သူမဆို
လွတ်လပ်စွာ တိုင်းထွာ ကြည့်ရှုနိုင်တော့မှာဖြစ်ပါကြောင်း …….
                                       ( စာအုပ်စေတမန် )

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts