ကဗျာ

စိုးလူမောင်- ပုစ္ဆာ

ပုစ္ဆာ
စိုးလူမောင်
(မိုးမခ) မေ ၁၃၊ ၂၀၁၇
ခြောက်ဆဲ့သုံးထက်
ပက်စက်ရင့်ကျက်တယ်ခေါ်မလား
ခွေးသားစစ်စစ်ကို
ရေညှိစိမ်းကြေးဟောင်းခွက်မှာ
ရေလုံပြုတ်လိုက်ကြ ။ဟန်နဲ့ပန်နဲ့၊ထန်နဲ့မာန်နဲ့
ကလိန်စေ့ငြမ်းဆင်
ညောင်နှစ်ပင်ကကြိုးထဲ
အချိုးကျမျောလိုက်လေသပ
မဆန်းပြားသောပုံပြင်
သံတူကြောင်းကွဲစုံစုံလင်
စိမ်ပြေနပြေ
တီထွင်နေလိုက်ကြပုံများနှယ် ။တနေရာမှာတက်ကြမ်း
နောက်တနေရာမှာလူမှု့ ဗေဒ
ခန္တီစ ရေငုံဝါဒတို့ကတဖုံ
ဆာရီရယ်လစ်ဇင်ကလဲပါလိုက်သေး
ဝံပုလွေနဲ့ခြင်္သေ့များကို
အလိုတူအလိုပါရင်ကြားစေ့
သုမနကြောမှာကော့ ကော့ပါသွားတဲ့
ဒဏ်ရာဒဏ်ချက်များသာ
စူး စူးနက်လာခဲ့ ။ဒါကလေး
အဲဒါကလေးတချက်ရယ်ပါ
အနိမ့်ပျံနှုန်းလေးနဲ့
မပြုံးတုံ့တုံ့၊ ပြုံးတုံ့တုံ့
မဆုံးတုံ့တုံ့ ဆုံးတုံ့တုံ့
မြွေလိမ်မြွေကောက် ခေါက်တုံ့ခေါက်ပြန်
ရွှေကြည်ဆံခွံများ ချိုချဉ်ဖန်ခါးများ
ရောယျှက်လိမ်းကျံ ကဝေဉာဏ်စေစားရာ
မှော်ပညာရပ်ဝန်းတို့သည်လည်း
စဉ်းစားပါးလျှားသွားလေတော့သောအခါ
မငြိမ်းချမ်ရေးဆိုတဲ့
ငြိမ်း ချမ်း ရေး ဟာ
ဗလာ ။ ။

စိုးလူမောင်

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts