ကဗျာ

ဝင်းမင်းခိုင် – မိုးလေဝသ

Photo – Aung Htet

ဝင်းမင်းခိုင် – မိုးလေဝသ

(မိုးမခ) မေ ၉ ၊ ၂၀၁၇ရှေ့သုခရဲ့ပခုံးပေါ်
နောက်သုခကို
တက်ရပ်စေချင်ရဲ့။ဆင့်ပါးစပ်နှမ်းပက်
အပျော်လောက်နဲ့
တင်းတိမ်မျိုသိပ်ခဲ့တာတွေ။

အိတ်ပေါက်နဲ့
ကံကောင်းခြင်းတွေကို
ကောက်ထည့်ခဲ့ရတဲ့အဖြစ်တွေ။

ကိုယ်ကျင့်တရားတို့
သမင်မွေးရင်း ကျားစားရင်းဖြစ်ခဲ့ရတဲ့
သားကောင် ဘ၀တွေ။

ကြွေကျခဲ့ရတဲ့
အပျိုစင် ပန်းပွင့်တွေ။

အားလုံး
ရေခံဖို့ပြင်ဆင်နေခဲ့ကြ
ရာနှုန်းပြည့်
နေရာအနှံ့
တလောကလုံး ရွာချမယ့်
ဖြူစင်ရှင်းသန့် နှစ်ကာလတွေကို။ ။

ဝင်းမင်းခိုင်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts