About MoeMaKa

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

 
စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်
(မိုးမခစာအုပ်စင်) ဧပြီ ၃၀၊ ၂၀၁၇

မိုးမခ စာပေတိုက်ထုတ် ကျောင်းသားစစ်သည်ဟောင်းတယောက်ရဲ့ မှတ်တမ်း – စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ် ထွက်ပါပြီ။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) အဖွဲ့ဝင် တယောက်ရဲ့ ကိုယ်တွေ့ တော်လှန်ရေး ဖြတ်သန်းမှုများ၊ တိုက်ပွဲ မှတ်တမ်းများ၊ ခက်ခဲကြမ်းတမ်းမှုများကို အဖြစ်မှန် အတိုင်း ပြန်လည် တင်ပြထားတဲ့ ဆောင်းပါးများ စုစည်းမှု စာအုပ်ပါ။

ကျောင်းသား တပ်မတော် ရဲ့ သမိုင်း တစိတ်တဒေသကို လေ့လာနိုင်သလို ဒီမိုကရေစီ ခရီးရှည်တိုက်ပွဲ လမ်းခရီး ဖြတ်သန်းမှု မှတ်တိုင်တချို့ကိုလည်း တွေ့မြင်ရမှာ ဖြစ်လို့ စိတ်ဝင်စားသူ မိုးမခ ပရိသတ်များ ဝယ်ယူသိမ်းဆည်းနိုင်ဖို့ အသိပေးလိုက်ပါတယ်။

ရန်ကုန်က ပန်းဆိုးတန်း စာအုပ်ဆိုင်ကြီးတွေကို ဖြန့်ချိ ပြီးပါပြီ။ လှည်းတန်းနဲ့ မန္တလေး ဆိုင်တွေကိုလည်း ဖြန့်ချိ ဖို့ စီစဉ်ထားပါတယ်။

အိမ်အရောက်ပို့ တိုက်ရိုက် မှာယူလိုရင်လည်း ရပါတယ်။

ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ကို ဆက်သွယ်မှာယူနိုင်ပါတယ်။

ပို့ခ၊ ဝန်ဆောင်ခ မှာသူက ပေးစရာမလို၊ မိုးမခက အိမ်အရောက်ပို့ပေးနေပါတယ်။ တန်ဖိုး က ၂,၀၀၀ ကျပ် ဖြစ်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts