သတင်းပဒေသာ ကြော်ငြာကဏ္ဍ

မေငြိမ်း ကိုယ်ပိုင် မြန်မာစာသင်တန်း

မေငြိမ်း ကိုယ်ပိုင် မြန်မာစာသင်တန်း
(မိုးမခ) ဧပြီ ၁၇၊ ၂၀၁၇

လွန်ခဲ့တဲ့ ၅ နှစ် ၂၀၁၂ ခုနှစ်ထဲမှာ အမေရိကန်သံတမန်တွေကို ဘာသာစကားသင်ပေးတဲ့ ကျောင်းကြီးတစ်ကျောင်းမှာ မြန်မာစာဆရာမ အလုပ်ရခဲ့ရာကနေ VOA မြန်မာပိုင်းမှာ အသံလွှင့်သူလုပ်နေတဲ့ အချိန်ပိုင်းအလုပ်ကိုစွန့်ပြီး ကိုယ့်ဇာတိ သင်ကြားရေးနယ်ထဲ ပြန်ရောက်ခဲ့ရပါတယ်။

အဲဒီကျောင်းမှာ ၃ နှစ် လုပ်တဲ့ကာလအတွင်း သင်ကြားရေးဆိုင်ရာ မွမ်းမံသင်တန်းတွေ အပတ်စဉ် တက်ခွင့်ရခဲ့တာတွေ .. ကျောင်းအလုပ်ပြင်ပမှာ နီးစပ်ရာတချို့ကို online ကနေ မြန်မာစာ မြန်မာစကား သင်ပေးခဲ့တဲ့ အတွေ့အကြုံတွေ.. စေတနာ ဖြစ် တည်ထောင်ထားတဲ့ သပြေညို မြန်မာစာကျောင်းက အတွေ့အကြုံတွေ.. လက်ရှိ အလုပ်လုပ်နေတဲ့ Online ကျောင်း ကြီး VL Language School ရဲ့ မြန်မာစာ ဆရာမအဖြစ် အဲဒီကျောင်းရဲ့ Training တွေကနေရတဲ့ online teaching technique တွေရယ် အများကြီးရလာတော့၊ ခုချိန်မှာ မြန်မာစာ မြန်မာစကားသင်ကြားရေးနဲ့ပတ်သက်လို့ ကိုယ့်ကိုယ်ကို အပြည့် အဝ ယုံကြည်မှု ရှိလာပါတယ်။

ဒါကြောင့် ခုလက်ရှိ online Teaching အလုပ်ကိုပဲ သေသေချာချာ လုပ်တော့မယ်လို့ စဉ်းစားဖြစ်ပါတယ်။ ခုနောက်ပိုင်းမှာ တခြားပြည်နယ်တွေမှာနေကြတဲ့ မြန်မာမိသားစုတချို့က ကျမရဲ့ သပြေညိုကျောင်း အကြောင်းကို ကြားပြီး သူတို့ကလေးတွေ ကိုလည်း မြန်မာစာသင်ပေးချင်တဲ့အကြောင်း .. ဘယ်လိုလုပ်ပေးနိုင်မလဲဆိုတာတွေ ပြောလာကြတာတွေ ရှိပါတယ်။ ကုမ္ပဏီကျောင်းတွေမှာ ဘာသာစကား သင်ဖို့ဆိုတာ အဲဒီကျောင်းကိုလည်းပေးရ.. ဆရာ ဆရာမကိုလည်း ပေးရတာမျိုးမို့လို့ သင်တန်းခက ဈေးများသွားပါတယ်။ ကျမ ကိုယ်ပိုင်သင်တာဆိုတော့ ကျောင်းက ဖြတ်ယူမယ့်စရိတ်စက သက်သာသွားမှာ ဖြစ်ပါတယ်။

ဒါကြောင့် ကျောင်းသူ ကျောင်းသားလည်း ပိုက်ဆံများများမကုန်ဘဲ .. ကျမလည်း စိတ်တိုင်းကျ အလုပ်လုပ်နိုင်ဖို့ ဘာသာ စကားသင်ဆရာမ အလုပ်ကို ကိုယ်ပိုင်အလုပ်တစ်ခုအဖြစ် တနိုင်တပိုင်လုပ်ဖို့ စလိုက်ပါပြီ။ မှတ်မှတ်ရရလည်း ဖြစ်ရအောင် .. မင်္ဂလာရှိတဲ့သဘောလည်းဆောင်အောင်လို့ ရည်ရွယ်ပြီး မြန်မာနှစ်သစ်ကူးနေ့ကနေ ကျမရဲ့ ကိုယ်ပိုင်အလုပ်ကို စ လိုက် ပါတယ်။

အသေးစိတ်သိချင်တာရှိရင် Facebook messenger ကနေ လှမ်းမေးနိုင်သလို email လည်း ပို့နိုင်ပါတယ်။

(လောလောဆယ်တော့ အမေရိကန်ပြည်ထောင်စုက ကလေးတွေအတွက် လာမယ့်နွေရာသီ ကျောင်းပိတ်ရက် ၃ လ အ ထူး သင်တန်းအစီအစဉ်တွေလုပ်ဖို့ ပြင်ဆင်နေပါကြောင်း..)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts