ကဗျာ

ဂျိုဇော်- ချက်ကြီး

 ချက်ကြီး
ဂျိုဇော်
(MoeMaKa) မတ် ၂၅၊ ၂၀၁၇
 
ချက်ကြီး
အသက်
ကြီးပြီ…
ထညက်
မီး ထနောင်ခေါက်
သောက်လို့ကောင်းတုန်း ။

 

 

ဇနီး၊ သမီး၊ သားကြောင်
အမြည်
းစားနိုင်တာကိုပဲ
သူကြီးဘုရားတည်
ရသလို ။

 

 

စာလည်းမတတ်
ရွာလည်
းမကပ်နဲ့
နတ်
ဝှက်တဲ့ ရွှေအ လို
ဘာဆိုဘာမျှမသိ ။

 

 

အစိတ်သား မသိ။

၂၁ ပင်
လုံ မသိ။

၆၆(ဃ) မသိ။

မူးတုန်
မေးကြည်
ဗိုလ်
ချုပ်​​တော့သိသတဲ့။
ဗိုလ်
ချုပ်သမီးတော့သိသတဲ့။

 

 

သူ့လက်သန်း မင်တို့တော့
နင်
တို့အဖေ ငါဟဲ့
အကွက်
ထဲတည့်တည့်ချိန်
လက်
ငြိမ်ခဲ့တဲ့ ချက်ကြီး။

 

 

ရွာထဲ
လက်
မည်းကြီးကိုကြောက်

ငလျင်
ကိုကြောက်
ရှေ့အနောက်​​တောင်​​မြောက်
ကြောက်ချင်တိုင်ကြောက်

ချက်
ကြီးက သောက်​​ကောင်းတုန်း။

 

 

ဘယ်​​လောက်မူးမူး၊ ဘယ်​​လောက်ရူးရူး
ဘယ်
လောက်လဲလဲ၊ ဘယ်​​လောက်ကွဲကွဲ၊
ဘယ်
လောက်ဖျက်ဖျက်၊ ဘယ်​​လောက်ပျက်ပျက်
ချက်
ကြီးလူကြမ်
သူ့လက်
သန်းကို ဆုပ်ထားတယ်။ ။

 

 

ဂျိုဇော်
25-3-17

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts