ကဗျာ

မင်း သိမ်း ကြွယ် – ခင်ဗျားကိုကျွန်တော်သိတယ်

 

မင်း သိမ်း ကြွယ် – ခင်ဗျားကိုကျွန်တော်သိတယ်
(မိုးမခ) ဖေဖော်ဝါရီ ၁၆၊ ၂၀၁၇

မြုပ်နေတဲ့ကျောက်ခဲမှာလဲ
သူ့အကြောင်းနဲ့
ခင်ဗျားကိုကျွန်တော်သိတယ်။

ပြုတ်ကျတဲ့ရေတံခွန်မှာလည်း
သူ့အလှတရားနဲ့
ခင်ဗျားကိုကျွန်တော်သိတယ်။

မီးရောင်မှိန်မှိန်အောက်က
မိန်းမသားမှာလည်း
သူ့သွေးသားနဲ့
ခင်ဗျားကိုကျွန်တော်သိတယ်။

စစ်ပွဲတွေရှိတဲ့အရပ်မှာလည်း
သူ့ဒဏ်ရာနဲ့
ခင်ဗျားကိုကျွန်တော်သိတယ်။

သိနေတာတွေများနေတော့
မသိချင်ယောင်ဆောင်နေရတယ်
ခင်ဗျားကိုကျွန်တော်သိတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts