မောင်မိုးသူ

လုံခြုံရေးဟာ ဘယ်သူ့တာဝန်လဲနှင့် ဘကြီးမိုး

လုံခြုံရေးဟာ ဘယ်သူ့တာဝန်လဲနှင့် ဘကြီးမိုး
(မိုးမခ) ဖေဖော်ဝါရီ ၈၊ ၂၀၁၇


ဇန်နဝါရီ ၂၉ ရက်နေ့က မင်္ဂလာဒုံ လေယာဉ်ကွင်း အငှားယာဉ်များ ရပ်နားရာရှေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥပဒေအကြံပေးပုဂ္ဂိုလ် ဦးကိုနီ သေနတ်နဲ့ အနီးကပ်ပစ်ခတ်လုပ်ကြံခံရတဲ့ ပုံတွေ၊ သတင်းတွေ တက်လာပါတယ်။

သေနတ်ပစ်သူ လုပ်ကြံရေးသမားမှာ ကြည်လင်းဆိုသူဖြစ်ပြီး ဦးကိုနီကို သေနတ်နဲ့ပစ်ပြီး ထွက်ပြေးချိန်မှာ တက္ကစီသမားကိုနေဝင်းက အုတ်ခဲနဲ့ပစ်ပေါက်လို့ ကြည် လင်းက သေနတ်နဲ့ပစ်တဲ့အတွက် ကိုနေဝင်းလည်း ဆီးအိမ်ကိုမှန်၊ ဆေးရုံအပို့ ၊ လမ်းမှာ ဆုံးပါးသွားပါသတဲ့။

သေနတ်သမားကြည်လင်းကို ဆက်သွယ်ခဲ့တယ်လို့ ဆိုသူကို မြဝတီမှာ ဖမ်း ဆီးရမိတဲ့သတင်းလည်း ဖတ်ရပါတယ်။ ၄င်းရက်များအတွင်း လူမှုကွန်ရက်များပေါ်တွင် လုပ်ကြံခံရသည့်သတင်း၊ လုပ်ကြံသူသတင်းနဲ့ပတ်သက်တဲ့ သတင်းများ အများကြီး အများကြီးပျံ့နှံ့နေတာကို တွေ့ရပါတယ်။

ဤအချက်ကိုထောက်ရှု၍ ဘကြီးမိုး တို့ မြန်မာနိုင်ငံတွင် လူမှုကွန်ရက်လုပ်ငန်း သည် အရှိန်အဟုန်ကြီးမားစွာ ပျံ့နှံ့နေပြီး သတင်းအမှန်ရော မမှန်တာတွေရော၊ ထင်မြင်ချက်တွေ၊ ဝေဖန်ချက်တွေအမျိုးမျိုးပွစာတက်နေတာကို တွေ့ရပါတယ်။

လူမှုကွန်ရက်ဖေ့စ်ဘုတ်ခ်ကို အသုံး များလာကြခြင်းကြောင့် သတင်းအချက် အလက်များ ချက်ချင်း ချက်ချင်း တစ်ဦးနဲ့တစ်ဦး ဆက်သွယ်နိုင်ကြပြီး ဖြစ်ရပ် သ တင်းများကို ချက်ချင်းသိနိုင်ရနိုင်သကဲ့သို့ မလိုတမာစကားဆိုသံများ၊ ပုတ်ခတ် ပြောဆိုသည်များ၊ တစ်ဖက်စောင်းနင်း ထင်မြင် ချက် ပေးကြသည်များကိုလည်း တွေ့ရပါတယ်။

လူမှုကွန်ရက်ပေါ်မှ သတင်းအချက် အလက်များကို အကြောင်းပြုပြီး တရားစွဲဆိုမှုများ ရှိလာသည်ကိုလည်း တွေ့ရပါ တယ်။

ဘာပဲပြောပြော ၂၉ ရက်နေ့မှာ ဦးကိုနီ သေနတ်နဲ့ ပစ်ခတ်လုပ်ကြံသတ်ဖြတ်ခံရသည့်အတွက် မြန်မာပြည်သူပြည်သား အများကြီး တုန်လှုပ်ချောက်ချားသွားကြသည်ကတော့ အမှန်ပင်ဖြစ်ပါတယ်။ အဓိ က အကြောင်းရင်းမှာ လုံခြုံရေး အဓိက ကောင်းမွန်ဖို့ လိုအပ်လှတဲ့ အပြည်ပြည် ဆိုင်ရာ လေဆိပ်ကြီးတွင် သေနတ်နဲ့ ပစ်ခတ်လုပ်ကြံမှုဖြစ်ပွားခဲ့သည့်အတွက် ပြည် သူလူထုအများစု အံ့ဩတုန်လှုပ်ကြရပါ တယ်။

ဘကြီးမိုးလည်း အံ့ဩတုန်လှုပ်ရ သည့်အထဲတွင် ထိပ်ဆုံးက ပါဝင်ပါတယ်။ အကြောင်းမှာ ဘကြီးမိုးနဲ့ ဦးကိုနီတို့ဟာ အလွန်ရင်းနှီးကြသူနှစ်ဦးဖြစ်ပြီး ဦးကိုနီဟာ ဘကြီးမိုး နာယကအဖြစ် လုပ်ဆောင်နေရတဲ့ ဟံသာဝတီဦးဝင်းတင် ဖောင်ဒေး ရှင်းတွင် ဥပဒေအကြံပေးပုဂ္ဂိုလ်တစ်ဦး ဖြစ်သည့်အပြင် အကျဉ်းသားများ ကူညီထောက်ပံ့လှူဒါန်းသည့် ပွဲတိုင်းနာယက ကြီးဖြစ်သည့် ဦးတင်ဦး၊ ဘကြီးမိုးတို့နဲ့ အတူ ထောက်ပံ့ငွေ ပေးအပ်ပေးရသူတစ်ဦး ဖြစ်ပါတယ်။

ထို့အပြင် ဦးဝင်းတင်ဖောင်ဒေးရှင်းမှ ပုဂ္ဂိုလ်များကို ကူညီထောက်ပံ့လို၍ သံရုံး မှ ဖိတ်ခေါ်သည့်အခါတွင်လည်း ဦးကိုနီ လိုက်ပါရှင်းလင်း ပြောပြရပါတယ်။ ထို နည်းတူ ဦးဝင်းတင်ဖောင်ဒေးရှင်းရဲ့ စေတနာဆေးခန်းအတွက် အလှူငွေ သွားရောက်အလှူခံရတဲ့ကိစ္စတွင်လည်း ပြော ဆိုရှင်းလင်းရသူမှာ ဦးကိုနီ၊ ဦးဝင်းတင် ဖောင်ဒေးရှင်းကို မှတ်ပုံတင်ရန် အတွက် ဖွဲ့စည်းပုံတွေဆွဲပြီး တင်ပြရန် တာ ဝန်ယူ ထားသူမှာလည်း ဦးကိုနီပဲဖြစ်ပါ တယ်။ ဦးကိုနီထံမှ ဖွဲ့စည်းပုံမရသေးမီ ယခုကဲ့သို့ လုပ်ကြံခံရခြင်းအတွက် ဘာတွေ ဆက်လုပ်ကြရမည်ကို စဉ်းစားနေ ကြရပါတယ်။

ဦးကိုနီရဲ့ ရေဝေးဈာပနအခမ်းအနား သို့ နာယကဦးတင်ဦး၊ ဦးဝင်းတင် ဖောင် ဒေးရှင်းမှ နာယက ဦးအုန်းထွန်းတို့ သွားရောက် ကြပြီး ဖောင်ဒေးရှင်းမှ ပန်းခြင်း၊ သဝဏ် လွှာများ ပေးပို့ခဲ့ကြသည့်အပြင် ၄၂ လမ်း ဘာသာပေါင်းစုံ ဆုတောင်းပွဲကိုလည်း ဖောင်ဒေးရှင်းမှ သွားရောက်ခဲ့ ကြ ပါတယ်။

ဘာပဲပြောပြော လုပ်ကြံခံရသူမှာ လုပ်ကြံခံသွားရပြီဖြစ်ပြီး လုပ်ကြံသူများကို လည်း ဖမ်းဆီးရမိပြီး မီးခိုးကြွက်လျှောက် ပါဝင်ပတ်သက်သူများကို ရှာဖွေဖမ်းဆီး ဖော်ထုတ်နေတာကို သတင်းအချက်အ လက်များ တွေ့ရှိနေရပါတယ်။

ဘာပဲပြောပြော မင်္ဂလာဒုံလေဆိပ်လို နေရာမျိုးတွင် ဦးကိုနီလို ထင်ရှားသော ပုဂ္ဂိုလ်၊ နိုင်ငံရပ်ခြားမှ ပြန်လာသော ကိုယ် စားလှယ်အဖွဲ့ဝင်တစ်ဦး လုပ်ကြံခံရခြင်းမှာ အလွန်တုန်လှုပ်ချောက်ချားစရာ ကောင်းတဲ့ ဖြစ်ရပ်တစ်ခုဖြစ်ပါတယ်။ ဦးကိုနီ လိုက်ပါသွားတဲ့အဖွဲ့မှာ ပြန်ကြားရေးဝန်ကြီးနဲ့ ပြည်ထဲရေးဒုဝန်ကြီးတို့ ဦးဆောင်သွားကြသည့် အဖွဲ့ဖြစ်ပြီး ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့်၊ အဖွဲ့ဝင် ဦးကိုနီ၊ ဦးမြအေးတို့မှာ ဘကြီးမိုးနဲ့ အလွန်ရင်းနှီးကြသူများဖြစ်၍ တုန်လှုပ်ချောက်ချားရသူထဲမှာ ဘကြီးမိုး ရှေ့ဆုံးမှ ပါဝင်ပါတယ်။

ဦးကိုနီ လုပ်ကြံခံရပြီးသည်နဲ့ မင်္ဂလာဒုံ လေဆိပ်ရဲ့ လုံခြုံရေးကို အထူးကြပ်မတ် လုပ်ဆောင်နေကြသည့် သတင်းများလည်း ပေါ်ထွက်လာပါတယ်။ လုပ်ကြံခံရ ပြီးမှ လုံခြုံရေးတင်းကျပ်ခြင်းသည် မိုးလွန်မှ ထွန်ချသလို ဖြစ်နေသလားဟု ပြည်သူအများ ယူဆသွားကြပါတယ်။

မင်္ဂလာဒုံလေဆိပ်ကဲ့သို့သော နိုင်ငံတကာ လေဆိပ်ကြီးတစ်ခုဆိုသည်မှာ နိုင်ငံတကာ ခေါင်းဆောင်များ၊ ပုဂ္ဂိုလ်ကြီး ငယ်များ အမြဲမပြတ် ဝင်ထွက်နေကြသည့် နေရာဖြစ်သည့်အတွက် လုံခြုံရေးသည် အထူးလိုအပ်လှပါတယ်။ လေဆိပ်အတွင်း ရောက်ရှိလာသော ပုဂ္ဂိုလ်တချို့ကို မေး မြန်း အင်တာဗျူးလုပ်ကြသည့် သတင်း ဌာနမှ ပုဂ္ဂိုလ်များ၏ သတင်းဓာတ်ပုံများ ကို တွေ့မြင်ကြရာတွင် လေဆိပ်လုံခြုံရေးမှာ အံ့ဩလောက်စရာ မလုံမခြုံရှိနေပြီး အင်တာဗျူးအဖွဲ့များ၊ ဓာတ်ပုံရိုက်သည့် အဖွဲ့များနဲ့ ရုတ်ရုတ်သဲသဲမြင်ကွင်းများကို ပြန်လည်မြင်ယောင်လာပါတယ်။ ထိုသော ထိုသောကာလများက မြင်ကွင်းများကို ယခုမှ ပြန်လည်တွေးတောမိတော့ ရင်ထိတ် ရင်ပူ ဖြစ်ရပါတယ်။
မင်္ဂလာဒုံလေဆိပ်ကြီးရဲ့ လုံခြုံရေးဟာ ဘယ်သူ့တာဝန်ပါလဲ။ တိုင်းပြည်ရဲ့ လုံခြုံ ရေး၊ တိုင်းသူပြည်သားများရဲ့ လုံခြုံရေးကို ဘယ်သူက တာဝန်ယူနေပါသလဲ။ ဘကြီး မိုးတို့ မြန်မာနိုင်ငံတွင် ဘကြီးမိုးတို့လို မြန်မာပြည်သူပြည်သားများရဲ့ လုံခြုံရေး ကို မည်သူက မည်ကဲ့သို့ တာဝန်ယူ စောင့် ရှောက်နေပါသလဲ။ မည်ကဲ့သို့ အစီအမံ များ ချမှတ်ထားပါသလဲ စသည် စသည် ဖြင့် မေးစရာ မေးခွန်းများက အများကြီး။ မြန်မာပြည်သူ ပြည်သားတိုင်းရဲ့ လုံခြုံရေး တာဝန်မှာ မြန်မာနိုင်ငံကို အုပ်ချုပ်နေသည့် အစိုးရရဲ့တာ ဝန်ပဲ ဖြစ်ပါတယ်။

လုံခြုံရေးတာဝန်များကို မည်သို့မည်ပုံ ဆောင်ရွက်နေကြောင်းကိုလည်း ပြည်သူ အများ အမြဲသိရှိစေရန် အချိန်ပြည့်သတင်း ပေးဖို့ အကြောင်းကြားထားဖို့ လိုအပ်လှ ပါတယ်။

လုံခြုံရေးဟာ ဘယ်သူ့တာဝန်လဲနှင့် ဘကြီးမိုးပါ။

ဘကြီးမိုး


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts