တူမောင်ညို မှတ်စုမှတ်တမ်း

မောင်ကျော်မော် – ” ဖေဖေါ်ဝါရီ ၇ ရက်” အကြောင်း

မောင်ကျော်မော် – ” ဖေဖေါ်ဝါရီ ၇ ရက်” အကြောင်း 
(မိုးမခ) ဖေဖော်ဝါရီ ၈၊ ၂၀၁၇

” ပင်လုံ စာချုပ်အကြောင်း” ပြောကြရေးကြတာတွေက များသောအားဖြင့် ဗိုလ်ချုပ်အောင်ဆန်း ဘက်ကိုချည်း တဖက်သတ် အသားပေးရေးကြတာကများ ပါတယ်။ အောက်ပါအချက်တွေဖော်ပြပေးဖို့ လိုအပ်ပါတယ်။

– ပင်လုံမှာ ရှမ်းနဲ့ ကချင်ကိုယ်စားလှယ်များ သဘောတူညီချက် (၆ ဖေဖေါ်ဝါရီ ၁၉၄၇)

– ( ၇ ဖေဖေါ်ဝါရီ ၁၉၄၇ ) မှာရောက်လာတဲ့ ချင်းအမျိုးသားကိုယ်စားလှယ်များရဲ့ ရှမ်းနဲ့ ကချင်ကိုယ်စားလှယ်များရဲ့ သဘောတူညီချက်အပေါ် ထပ်ဆင့်ပြီထောက်ခံ သဘောတူတဲ့အချက်

အဲဒီလို (၁၉၄၇ ဖေဖေါ်ဝါရီ ၇ ရက်) မှာ ရှမ်း၊ ကချင်၊ ချင်းကိုယ်စားလှယ်တွေ သဘောတူ လက်မှတ်ရေးထိုးခဲ့ကြတာဟာ ပင်လုံစာချုပ်အတွက် ကြီးမားတဲ့ အကျိုးပြုမှုဖြစ်ပါတယ်။

– ဒီလိုသဘောတူညီချက်တွေရရှိဖို့ ကြိုးပမ်းခဲ့ကြတဲ့ ဦးတင်ဧ၊ ဦးထွန်းမြင့် (တောင်ကြီး) အမှူးပြုတဲ့ (ရပလ) ခေါင်းဆောင်များရဲ့ အခန်းကိုလည်း အထင် အရှားရေးသားဖော်ပြဖို့လိုအပ်ပါတယ်။

– မဖြစ်မနေဖော်ပြသင့်တဲ့အချက်ကတော့ ရှမ်းပြည်လွတ်လပ်ရေးအဖွဲ့ချုပ် (ရပလ) ရဲ့ ကြေညာစာတမ်း အမှတ် (၄) ပဲဖြစ်ပါတယ်။

ရှမ်းပြည်လွတ်လပ်ရေးအဖွဲ့ချုပ် ကြေညာစာတမ်း အမှတ် (၄)၊ ၁၉၄၇ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၅) ရက်နေ့စွဲ “မြန်မာပြည်မနဲ့ ပူးတွဲပြီး လွတ်လပ်ေ၇းအရယူကြစို့ ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဦးထွန်းမြင့် (တောင်ကြီး) ရဲ့ (ရှမ်းနိုင်ငံရေးသမားတစ်ဦး၏ သဲတစ်ပွင့် အုတ်တစ်ချပ် ) စာအုပ်၊ စာမျက်နှာ ၃၄၆ – ၃၅၄ ) မှာ ဖတ်ရှုနိုင်ပါတယ်။

– ဒီဖြစ်ရပ်ကို အကြောင်းပြုပြီး ဖေဖေါ်ဝါရီ ၇ ရက်ကို “ရှမ်းအမျိုးသားနေ့” အဖြစ် သတ်မှတ်ခဲ့ကြတာ မဟုတ်လား။

ရိုသေစွာဖြင့်
မောင်ကျော်မော်
၇ ဖေဖေါ်ဝါရီ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts