ကဗျာ

စိုးလူမောင် (နေလက်) ● ကမ္ဘာမြေရဲ့သတင်းစကား

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

 စိုးလူမောင် (နေလက်) ● ကမ္ဘာမြေရဲ့သတင်းစကား

(မိုးမခ) ဇန်နဝါရီ ၄၊ ၂၀၁၇

ကောင်းကင်မပါသောညကို
ယောင်လို့တောင်မှ
အိပ်မက် မမက်ခဲ့။

ရုပ်ဝတ္ထုတို့ရဲ့အနာဂတ်ငတ်မှု
သမိုင်းနိဂုံးကမ္ပ လုပ်လိုသူရဲ့
အပြာရောင်အတု
စာမျက်နှာအတုမှာ
ဆားထိခရုတကောင်လို
သူ့ ကိုယ်ထဲ သူ ပျော်ဝင်သွား။

ရာစုနှစ်အားလုံး၌
ရှုံးနိမ့်ခြင်းနိယာမ
မြိုသိပ်ခြင်းခါးသီးမှု
ယဉ်ကျေးရေးအစဉ်အလာထဲ
အိတ်ဂျီဝဲလ်ရဲ့
ကာလယန္တရား ခရီးသွားဆဲသာပ။

မုန်တိုင်းလှိုင်းထ
မှိုင်းပြပြစကြဝဠာ
အလင်းရိပ်တို့သာပါးလျား
“လူ့သားအားမာန်
အနိမ့်ပျံ အမြင့်ပျံ”
ဖြန့်ကားတောင်ပံများ
တိမ်စိုင်တိမ်ခဲတွေလိုရုန်းကြွ။

ကိုစိမ်းနီရေ
ခင်းဗျားရဲ့ “ထာဝရမိုးကောင်းကင်”
ကြည်လင်ကျန်းမာလျက်
ခရီးဆက်ထွက်ခွာ
မနက်ဖြန်ရာဇဝင်ကောင်းကင်မှာ
ချဉ်းနင်းဝင်ရောက် ရှင်ပြန်ထမြောက်လာလိမ့်ဆိုတာ
ကျုပ်တို့ရဲရဲ ယုံတယ်။

စိုးလူမောင် (နေလက်)


*** ၁၉၉၂-၉၃ မှ*သီးသန့် အကျဉ်းထောင်ထဲမှာတုန်းက ဆရာမောင်စိမ်းနီရေးတဲ့ ထာဝရမိုးကောင်းကင် ဝထ္တုတိုစာအုပ်ပါး လေးကို (ကို) မြတ်လှိုင်း၊ (ကို) လှသန်း၊ (ကို) မောင်နိုးတို့ အခြားရဲဘော်တချို့နဲ့ ငြင်းခုံဆွေးနွေးဖြစ်ကြ။ အဲဒီစာအုပ်မထွက်ခင် ဂျူးရဲ့*ကောင်းကင်မပါသော ညများ… က အရင်ထွက်ထားတော့ ဝေဖန်ဆွေးမှုများ အမှတ်တရပေါ့။

• ထာဝရမိုးကောင်းကင်အောက်မှာဝေးတမြေစီအဝေးကြီး ဝေးနေကြတဲ့ (ကိုခင်လွန်း)၊ ကိုမြတ်လှိုင်း (ပိတောက်ပွင့်သစ်)၊ နွေဦး ထုတ်ခဲ့တဲ့ မောင်စမ်းအေး (သဲကုန်း) တို့ကို အမှတ်ရရဖြင့် ဆရာ မောင်စိမ်းနီရဲ့ ထာဝရမိုးကောင်းကင်အောက်မှာ..။

သရုပ်ဖော်ပန်းချီ – သန်းဌေးမောင်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts