ကဗျာ

ကိုပွေး – “ဒယီးဒယိုင် “

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

ကိုပွေး – “ဒယီးဒယိုင် “
(မိုးမခ) ဖေဖော်ဝါရီ ၃၊ ၂၀၁၇

တရားဆိုတာ အထက်ဆုံး ဓားပဲ
ရဲရဲ ခုတ်ထစ် လွင့်ပစ်လိုက်ပါ
မတွယ်တာသင့်တဲ့ သံယောဇဉ်တွေကို
သိပ်ချစ်တယ် သိပ်ချစ်တယ်ဆိုပြီး
ပြီး မင်းသစ္စာဆိုပါ
မင်းပြုခဲ့သမျှ ကုသိုလ်ပျိုအိုတွေကို ခေါ်ပါ
မင်းတတ်နိုင်သလောက်အော်ပြီး
အမျှဝေပါ
မင့်ရှေ့က ရေစက်ခွက်ကို
ပေါက်ခွဲပစ်ပါ’

တကယ်တော့
ငါတို့ဟာ
လည်ပင်းမှာ ဘုရားပုံလည်ဆွဲနဲ့
သိပ်ရက်စက်တဲ့ သားသတ်သမားတွေ
သတ်စရာ မရှိရင်
ကိုယ့်လည်ပင်းကို ကိုယ်တကိုင်ကိုင်နဲ့
ဒုန်းခနဲ ဒိုင်းခနဲ
ဘဝ အဆက်ဆက် ဖြတ်ခဲ့ရပါတယ်
ဟောဒီ တုံးတိတိဓားကြီး လွယ်ပြီး ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts