ထွန်းဝင်းငြိမ်း ဓာတ်ပုံသတင်း

“လူသတ်ဝါဒ ဆန့်ကျင်ကြ” နိုင်ငံရေး ဆွေးနွေးပွဲ

“လူသတ်ဝါဒ ဆန့်ကျင်ကြ” နိုင်ငံရေး ဆွေးနွေးပွဲ
(မိုးမခ) ဖေဖော်ဝါရီ ၃၊ ၂၀၁၇


“ဆိုရှယ် ဒီမိုကရက်တစ် ညီညွတ်ရေးတပ်ဦး” က ဦးဆောင် ကျင်းပတဲ့ “လူသတ်ဝါဒ ဆန့်ကျင်ကြ” ခေါင်းစဉ်နဲ့ နိုင်ငံရေး ဆွေးနွေးပွဲကို ၂၊ ၂၊ ၂၀၁၇ နေ့လည် ၁နာရီမှ ၃နာရီအထိ စိတ်တိုင်းကျ လက်ဖက်ရည် ဆိုင် မြင်သာ တောင်ဥက္ကလာပမှာ ကျင်းပခဲ့ပါတယ်။


ဥပဒေပညာရှင် ဦးကိုနီ လုပ်ကြံခံရမှု အပါအဝင်မြန်မာ့နိုင်ငံရေး၊ ကမ္ဘာ့နိုင်ငံရေး ဖြစ်စဉ် အခင်းအကျင်း မှာ လူသတ်ဝါဒ ထွန်းကားခြင်း အန္တရာယ်ကို ပြည်သူတွေ ကျယ်ကျယ် ပြန့်ပြန့် သိမြင်လာစေရန်နဲ့ အဲဒီ အန္တရာယ်ဆိုးကို ကြိုတင် ကာကွယ်တားဆီးနိုင်ကြရန် ရည်ရွယ်ပြီး “လူသတ်ဝါဒ  ဆန့်ကျင်ကြ” ခေါင်းစဉ်နဲ့  နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပပြု လုပ်ခဲ့တာ ဖြစ်ပါ တယ်။


နိုင်ငံရေး ဆွေးနွေးပွဲကို …

 ဒေါ်ခင်မမမျိုး (ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ သုတေသနပညာရှင်)၊
ဦးထွန်းဦး (ဆရာကြီး သခင်ကိုယ် တော်မှိုင်း ငြိမ်းချမ်းရေး ကွန်ရက်)၊
ဦးအောင်မိုးဇော် (ဥက္ကဋ္ဌ၊ လူ့ဘောင်သစ် ဒီမိုကရက် တစ်ပါတီ)၊

ကိုကျော်ကိုကို၊

ကိုကျော်ကျော်၊
Moe Htet Nay

ကိုမိုးထက်နေ (ဆိုရှယ် ဒီမိုကရက်တစ် ညီညွတ်ရေး တပ်ဦး) တို့က ရှင်းလင်း တင်ပြခဲ့ကြပြီး မီဒီယာများနဲ့ တက်ရောက် လာကြသူများရဲ့ မေးမြန်းမှုတွေ ကို ဖြေကြားခဲ့ပါတယ်။ အခမ်းအနားကို လူ့ဘောင်သစ်လူငယ်၊ ဗကသ၊ ကျွန်းပြန်နိုင်ငံရေးအင်အားစု နဲ့ နိုင်ငံရေး အဖွဲ့အစည်း အသီးသီးမှပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါတယ်။

 

 

 

(ဓာတ်ပုံ ထွန်းဝင်းငြိမ်း)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts