ကဗျာ

လင်းမိုးစွေ – စိတ်တူကိုယ်တူခရီး

လင်းမိုးစွေ  – စိတ်တူကိုယ်တူခရီး
(မိုးမခ) ဖေဖော်ဝါရီ ၂၊ ၂၀၁၇

ဘယ်ကျည်ဆန်မှ မျက်စိလည်မလာဘူး
လမ်းမှားလာတဲ့ အတွေးအခေါ်က
နေရာအနှံ ကမ္ဘာမြေအနှံ ခရီးဆန့်တယ်။

မခိုင်တဲ့ကျောင်းက ပြိုတယ်
မလုံတဲ့အိုးက ပွင့်တယ်
မင်းကြီးတာက ရွှေသမင် ထွက်တယ်။

ဖမ်းမိတဲ့ တရားခံက
ဓားစာခံပဲ။

ဖမ်းမမိတဲ့ လူသတ်သမားက
သမိုင်းတလျှောက်ရွှေသမင်လွတ်သလို လွတ်နေတယ်။

လူ့တန်ဖိုးက သွေးသံရဲရဲ။

ကိုယ်ကျိုးနည်းလောက်အောင်
ကိုယ်ကျိုးကြည့်မသွားရှာဘူး။

တရားဥပဒေစိုးမိုးမှု ရှိတဲ့နေရာ
နှစ်ယောက်သား
အငှါးကားနဲ့ ထွက်သွားပြီ
မြန်မာပြည်ကြီး ထားခဲ့ပြီ…။ .

လင်းမိုးစွေ
၃၁.၁.၂၀၁၇
AM 12:10


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts