(မိုးမခ) ဇန်နဝါရီ ၂၅၊ ၂၀၁၇
၁၉၄၄ ခုနှစ်မှာမွေးဖွားတဲ့ ဆာဂွန်ဘိုးလပ်စ် ဟာအာဆီးရီးယန်းနွယ်ဖွား တစ်ယောက်ဖြစ်ပါတယ်။ ၁၉၆၁ မှာ ဘိုးလပ်စ်ဟာ သူ့ရဲ့ ကဗျာ ၁၆ ပုဒ်ကို လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့အခြေစိုက် ကဗျာမဂ္ဂဇင်းတစ်ခုဖြစ်တဲ့ Shi´r (Poetry)ရဲ့ဦးဆောင် သူတစ်ယောက်ဖြစ်တဲ့ ယူစွတ် အယ်လ် ခါးလ်ဆီ ပို့လိုက်ပါတယ်။ ဒါဟာ ယူစွတ် အယ်လ်ခါးလ်၊ အဒိုးနစ် စတဲ့ လက် ဘနွန်ကဗျာဆရာ၊ စာရေးဆရာတွေနဲ့ သူ့ကြား ရေရှည်မိတ်ဆွေဖြစ်မှုရဲ့အစပဲဖြစ်ပါတယ်။
ဘေရွတ်ကဗျာဆရာတွေရဲ့ အသံဟာ ဆာဂွန်ဘိုးလပ်စ်ကို ဆွဲဆောင်မှုပြင်းပါတယ်။ ၁၉၆၁ မှာ သူဟာ တရားဝင်စာရွက် စာတမ်းတွေမပါဘဲ ငွေကြေးအနည်းငယ်နဲ့ အီရတ်ကနေ လက်ဘနွန်ကို ထွက်ခွာခဲ့တယ်။ ဘာသာပြန်သူအဖြစ် အသက်မွေး ခဲ့တယ်။ ၁၉၆၉ မှာတော့ တရားမဝင်ဝင်ရောက်မှုနဲ့ ဖမ်းဆီးခံခဲ့ရတယ်။ လက်ဘနွန် စာပေမိတ်ဆွေတွေက လက်ဘနွန်သမ္မတ ဆီ အသနားခံစာတင်ကြတယ်။
နောက်တော့ အမေရိကန်သံအမတ်ကြီးနဲ့ဆက်သွယ်မိပြီး ဘိုးလပ်စ်ဟာ “အမေရိကန်စာပေအတွက်အကျိုးဖြစ်ထွန်းနိုင်သူ ဖြစ်တယ်” တဲ့အကြောင်းပြချက်နဲ့ အမေရိကန်ပြည်ထောင်စုကို ဝင်ရောက်ခွင့်ရခဲ့တယ်။
အမေရိကရောက်ပြီးနောက်မှာ သူဟာနယူးရော့ခ်၊ ဆန်ဖရန်စစ္စကိုစတဲ့မြို့ကြီးတွေကိုခရီးလှည့်လည်သွားခဲ့ပြီး ဘိထ်မျိုး ဆက်တွေနဲ့ ချိတ်ဆက်မိပါတယ်။ ဟစ်ပီတွေနဲ့အတူနေထိုင်ပြီး ဗီယက်နမ်စစ်ပွဲကို ဟစ်ပီတွေဆန့်ကျင်တဲ့အခါ ဘိုးလပ်စ်ဟာ ဟိုချီမင်းရဲ့ အကျဉ်းထောင်ဒိုင်ယာရီကဗျာစာအုပ်ကို အာရဘီဘာသာစကားနဲ့ ဘာသာပြန်ဆိုခဲ့ပါတယ်။ဘိုးလပ်စ်ဟာရှိတ် စပီးယားရဲ့ဆွန်းနက်တွေ၊ အက်ဇရာပေါင်း၊ အော်ဒင်၊ ရှယ်လီ၊ ဆစ်ဗီယာပလာ့သ်၊ အယ်လန် ဂင်းစ်ဘဂ်၊ ရောဘတ် ဒျူကန်၊ နရူဒါ စတဲ့ကဗျာဆရာကြီးတွေရဲ့ကဗျာတွေကိုလည်း အာရဘီဘာသာစကားသို့ ပြန်ဆိုခဲ့ပါတယ်။
|ဒုက္ခသည် စကားစမြည်|
ဒုက္ခသည် တစ်ယောက် စိတ်ပါလက်ပါစကားပြောနေတာ
သူ့လက်ကို စီးကရက်မီးလောင်နေတာတောင်မသိ။ဒီကို အံဩတကြီးရောက်လာခဲ့
အဲ့ဒီ့ကိုရောက်ပြီးတော့ _ဘူတာရုံတွေ၊ဆိပ်ကမ်းတွေ
နားနေဆောင်တွေ၊စာရွက်စာတမ်းအတုတွေ။လုပ်နည်းလုပ်ဟန်အသေးစိတ်တွေအပေါ်မူတည်ပြီး
သူ့ရဲ့အနာဂတ်ဟာ
သားရေကွင်းလေးတွေဆက်ထားသလို
အိပ်မက်ဆိုးတွေနဲ့ ဒုက္ခ များနေရတဲ့
ဖိနှိပ်တဲ့နိုင်ငံတစ်ခုမှာ။မှောင်ခိုကုည်သည်တွေ၊ လူဝင်မှုကြီးကြပ်ရေးဓားပြတွေ
ခင်ဗျား ကျနော့်ကိုမေးရင်တော့
သူလိုကိုယ်လိုလူတွေပဲပေါ့
ဘာမှမရှိခြင်းရဲ့အလယ်က သင်္ဘော ပျက်ပေါ်ဝဲနေတဲ့
ဆာလောင်နေတဲ့ပင်လယ် စင်ရော်တွေ။ခင်ဗျား ကျနော့်ကိုမေးရင် ကျနော်ပြောမယ်
လူဝင်မှုကြီးကြပ်ရေးဌာနမှာ အဆုံးမရှိတဲ့စောင့်စားခြင်း
ခင်ဗျား ဘာပဲလုပ်ပြလုပ်ပြ ပြန်ပြုံးပြမှာမဟုတ်တဲ့မျက်နှာတွေ
ပြောသေးတယ် အဖိုးတန်ဆုံးလက်ဆောင်တဲ့။ခင်ဗျား ကျနော့်ကိုမေးရင် ကျနော်ပြောမယ်
နေရာတကာမှာ လူတွေ လို့
ခင်ဗျားပြောမှာက နေရာတကာမှာ ကျောက်ခဲတွေ။သူပြောတယ်၊ပြောတယ်၊ဆက်ပြောတယ်
သူရောက်လာခဲ့ပေမယ့်
ရောက်ရှိခြင်းကိုသူအရသာမတွေ့ဘူး
ပြီးတော့ သူ့လက်ကို စီးကရက်မီးလောင်နေတာတောင်မသိ။
Sargon Boulus ရဲ့ A REFUGEE TALKING
|မဲဇာရောက် တုဖု|
စစ်ပွဲရဲ့မီးခိုးငွေ့တွေက အပြာ
လူ့အရိုးတွေကအဖြူ။။တုဖု ရောက်သွားတဲ့ရွာမှာ
မီးဟာ ငြိမ်းစပြုနေပြီ
အဲ့ဒီစကားတွေကို သိသိကြီးနဲ့ သူရောက်ခဲ့
အဖြစ်အပျက်တွေအများကြီးကြုံရပြီးနောက်
ခံနိုင်ရည်မရှိ ငတ်ခဲ့ရတဲ့မြင်းလိုပင်ပန်းမှုနဲ့။သူဖြတ်သန်းခဲ့ရတဲ့ စစ်မြေပြင်မှာ
မြင်းစီးစစ်သည်ရဲ့အရိုးနဲ့ မြင်းရဲ့အရိုး ယှက်လိမ်လို့
လေကတိုက်လိုက်လို့ဖွေးဆွတ်နေတဲ့အရိုးတွေ
သိပ်မကြာခင် မြက်ပင်တွေအောက်ရောက်သွားမှာပါ။လက်နှစ်ဘက် ကမီးလှုံနေတယ်
ဦးခေါင်းကတွဲလောင်းကျ
နှလုံးသားကိုထင်းအဖြစ်မီးထိုးထားတယ်။အသက်နှစ်ဆယ်အရွယ်ကတည်းက
သူခြေဦးတည့်ရာလျှောက်သွားနေတာ ၊ခုထိ
အတည်တကျနေစရာရှာမတွေ့သေး
သူရောက်လေရာနေရာမှာတော့
စိတ်ရောကိုယ်ပါဖိစီးရတဲ့ စစ်ပွဲကဆက်ဖြစ်နေဆဲ။သူ့သမီးဟာ
တရုတ်ပြည်ဒုဗ္ဘိက္ခ န္တရကပ်မှာ
သေခဲ့တယ်လို့ပြောကြ
သူ နတ်တွေလိုရေးသားခဲ့။တုဖု နောက်ထပ်ရွာတစ်ရွာကိုရောက်ပြန်တယ်
မီးဖိုချောင်တွေမှာ မီးခိုးတွေအူလို့
ဆာလောင်နေတဲ့လူတွေ
မုန့်ဖိုမှာစောင့်နေကြတယ်။မုတ့်ဖုတ်သမားမျက်နှာပေါ်က ချွေးတွေဟာ
သူတို့မှာမီးရှိကြောင်းသက်သေပေါ့။ဆရာကြီးတုဖုခင်ဗျား၊ ခင်ဗျားဟာ မဲဇာရဲ့ဘုရင်ပါပဲ။
Sargon Boulus ရဲ့ TU FU IN EXILE