ကဗျာ ကျော်ဟုန်း

ကျော်ဟုန်း – နေလောင် အညတရ

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

ကျော်ဟုန်း – နေလောင် အညတရ
(မိုးမခ) ဇန်န၀ါရီ ၁၉၊ ၂၀၁၇

ယုံကြည်ရာတခုအတွက်
ဘဝထူထောင်ရေးကို စတေး
ကျောက်တောင်နံရံကြီးကို
ခေါင်းနဲ့ ဆောင့်တွန်းတဲ့ အမိုက်အမဲ
ရွှေကွပ်ကာ သိမ်းမထားခဲ့ပေမဲ့။

မျှော်မြင်ရာတခုအတွက်
ချိန်ခါရွေးမှုတွေ စတေး
ကြည်နူးဖွယ် သိုက်မြုံဆောက်သင့်ချိန်
နက္ခတ်မှားနေတဲ့ ရက်ရာဇာကို
ဇောချွေးကြား အဆိပ်သင့်ချိန်မှာ။

သူဌေးကြီး ဘီဂိတ်ရဲ့စကား
ပြန်ကြားယောင်မိ
“မင်း ဘာမှ မဟုတ်သေးချိန်မှာ
မင်းကိုယ်မင်း သတိရမယ်၊
သူများက မင်းကို မေ့နေမယ်”

“မင်းဟာ တခုခုဖြစ်လာရင်တော့
မင်းကိုယ်မင်း မေ့နေမယ်၊
သူများက မင်းကို သတိရမယ်” တဲ့။

ငါလေးလား
ခုချိန်အထိ
ရေပေါ် အရုပ်ရေးဖို့ တောင်
မေ့ချင်ဟန်ဆောင်နေရတဲ့
ဘဝနက်ထဲက ဝဋ်ကောင်ပါ
ဒဏ္ဍာရီတောင် မဆန်ဝံ့ခဲ့သူလေ။ ။

၂၀၁၇၀၁၁၇


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts