ကဗျာ

ရဲထက် ● ဘယ်တော့မှမကြွေတဲ့ကြယ်

ရဲထက် ● ဘယ်တော့မှမကြွေတဲ့ကြယ်
(မိုးမခ) ဇန်နဝါရီ ၁၇၊ ၂၀၁၇

ပျောက်သောသူကို ရှာလို့တွေ့ရင်
သေသောသူကို ကြာလည်းမမေ့ခိုင်းပါနဲ့။

သမိုင်းဟာ
သမိုင်းစာအုပ်ထဲမှာပဲရှိနေတော့
စာမဖတ်တော့မယ့်ခေတ်တွေအတွက်
ပုံတူပိုက်ဆံတွေ စုထားတယ်။

အလင်းနှစ်များစွာအတွက်
ပေးဆပ်ခဲ့တဲ့ သွေးစက်တွေဟာ
အမှောင်ထဲမှာ လင်းဖို့မဟုတ်။

သူဟာ အရိုင်းပန်း
ဒါပေမယ့် တလောကလုံးကို မွှေးပျံ့စေတယ်။

သူဟာ အဖြောင့်သမား
ကွေးတဲ့လက်တွေကို
တုန်ယင်စေတယ်။

သုံးဆယ့်နှစ် နှစ်နဲ့
အသုံးပြုခံရတဲ့နိုင်ငံကို အသက်ပေးခဲ့တာ
အလံရှူးတွေအတွက်လား။

ဘယ်နှစ်ကာလပဲရောက်ရောက်
ဘယ်တော့မှမကြွေတဲ့ကြယ်တစ်ပွင့်ဟာ
ငါတို့ကောင်းကင်တွေပေါ်
အမြဲလင်းလက်နေမှာပါ။   ။

ရဲထက်

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts