ကဗျာ

စိုးနေလင်း ● ဒဏ္ဍာရီမဟုတ် သရုပ်မှန်ကဗျာ

စိုးနေလင်း ● ဒဏ္ဍာရီမဟုတ် သရုပ်မှန်ကဗျာ
(မိုးမခ) ဇန်နဝါရီ ၁၄၊ ၂၀၁၇

မြစ်ကိုမမြင်ဘူးသူတွေက
မြစ်လို့ထင် ရေကူးကုန်နေကြပြီ
မီးစိမ်းကိုဖြတ်မောင်းသွားတဲ့ပဲ့ပြားပင်တွေမှာ
အသေအချာကြည့်…
အမြစ်မရှိကြတော့ဘူး။

ထူးထူးခြားခြားအံ့သြရအောင်ကလည်း
လုပ်မြဲတိုင်းလုပ်နေကြတဲ့ကိစ္စ
ငါကွ…လို့ အားရပါးရ အော်သူကအော်
ပဲ့စင်ယိုင်ယိုင်ကြီးပေါ်မှာ
အမြင်မတော် ဆင်တော်နဲ့ခလောက်
တချို့အိပ်ပေါက်နဲ့ ဖားကောက်ချင်နေတုံး။

ဟစ်တလာရဲ့ပြုံးနေတဲ့ဓာတ်ပုံကို
မြင်ဖူးကြပါသလား။
နေပြည်တော်သွားတောလားတပုဒ်မှာ
အပြစ်ရှာလိုသူ ဝံပုလွေတို့သာ
ဆောင်းခိုဖို့ တွင်းတူးနေကြ
(ငါ့မှာ…..)
ငလျှင်တော်လဲသံကိုပဲ စောင့်နေခဲ့ရ။      ။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts