ကဗျာ

ကမ်လူဝေး ● တစ္ဆေတွေဖြတ်သွားတဲ့မြို့

ကမ်လူဝေး ● တစ္ဆေတွေဖြတ်သွားတဲ့မြို့
(မိုးမခ) ဇန်နဝါရီ ၁၁၊ ၂၀၁၇

တစ္ဆေတွေဟာ
အုပ်စုလိုက် ကိုယ်ထင်ပြပြီး
မြို့ကို အလျားလိုက်ဖြတ်သွား
ထိုးထိုးထောင်ထောင် အလံတိုင်များ
ဗီနိုင်းများ စတေကာများ
မဟားဒရား အော်သံများ
တရားသော တရားသော။

ကူးဆက်ပိုးမွားများ
ဖြတ်သန်းသွားသလို
မြို့သူမြို့သားများ ကြောက်လန့်တကြား
အော့အန်ကြ ဆဲဆိုကြ။

မမျှတသော မညီမျှသော
အနိုင်ကျင့် တောကြီးဝါဒ
ထမ်းပိုးထားသော တစ္ဆေများ
နေထိုင်ရာ ခြံဝင်းများက ထွက်လာကြ
အမျိုးမျိုးသော အရေခွံများကို စွတ်ပြီး
အဖြူ အမဲ အဝါ အညို
ရောင်စုံအရေခွံများ
မုတ်ဆိတ် ဆံရှည် ဆံပင်တို ဆံပင်မပါ
ပုံစံကွဲ အရေခွံများ
တစ္ဆေကြီးဝါဒ အောင်ရမည်။

ညစ်ပတ် စုတ်ပြတ် လမ်းများ
ပြန့်ကြဲနေသော အရေခွံမျိုးစုံ
နံဟောင်ညှီစုတ်သောအနံ့ဆိုး
အော်ဂလီဆန် ရောဂါရ လူများ
တစ္ဆေတွေ ဖြတ်သန်း ကိုယ်ရောင်ဖျောက် သွားသောမြို့ထဲ။ ။

ကမ်လူဝေး


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts