Uncategorized

LA မြန်မာတွေက အောင်ဇေမီဒီယာ အွန်လိုင်းရုပ်သံလိုင်း ထုတ်လွှင့်

LA မြန်မာတွေက အောင်ဇေမီဒီယာ အွန်လိုင်းရုပ်သံလိုင်း ထုတ်လွှင့်
မိုးမခရွာဆော်ကြီး၊ အောက်တိုဘာ ၁၀၊ ၂၀၁၃
 
လက်ခံရရှိတဲ့ ကြော်ငြာကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။ အားပေးကြပါဦး။
 
မင်္ဂလာပါ …

လော့စ်အိန်ဂျလိစ်အခြေစိုက် AZmTV.com အောင်ဇေမီဒီယာမှ ပုံမှန်အပါတ်စဉ်သတင်းများနဲ့အတူ အခမ်အနားများ၊ နှစ်ပါတ်လည်ပွဲများ၊ သာရေးနာရေး သတင်းထူးများ ထင်ရှားကျော်ကြားသူများနဲ့ အင်တာဗျူးများကို ထုတ်လွှင့်ပေးနေပါတယ်။ 


နိုင်ငံရပ်ခြားရောက် မြန်မာများအတွက်လိုအပ်တဲ့ ကျန်းမာရေးဆိုင်ရာဆွေးနွေးပွဲများ၊ ၊  လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ကိစ္စဆွေးနွေးပွဲများလည်း ထုတ်လွှင့်သွားမယ်ဖြစ်ပါတယ်။


ယခုအပတ်အတွက်တော့ တောင်ပိုင်ကယ်လီဖိုးနီးယားက မြန်မာ-အမေရိကန် ဆရာဝန်အသင်း (BAMA) နဲ့  မြန်မာ-အမေရိကန် သိပ္ပံနည်းပညာနှင့်အင်ဂျင်နီယာအသင်း(BAMES)တို့ရဲ့  နှစ်ပါတ်လည်ညစာစားပွဲအစီအစဉ်များကို တင်ဆက်ထားပါတယ်။

ရန်ကုန်စက်မှုတက္ကသိုလ် မြို့ပြဌာနကပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ပါမောက္ခ ဦးမင်းဝဏ်နဲ့ တွေ့ဆုံဆွေးနွေးခန်း ကိုလည်း ယခုအပါတ်မှာတင်ဆက်ထားပါတယ်။
Professor Saya Gyi U Min Wun interview
http://azmtv.com/video/116/Saya-U-Min-Wun-Civil

http://azmtv.com/video/126/Saya-U-MIn-Wun

Burmese American Medical Association (BAMA)  Annual Dinner  Video link

Sincerely,

Dr. Phillip Zaw Htun Kaw


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts