ရန်ကုန်မှာတော့ သားသတ်သမားလက်စွမ်းပြပြီ
ဒီမြို့ မှာ ကိုးရက်နေ့ဟာ အေးအေးဆေးဆေးပြီးသွားပေမဲ့၊ ညဘက်ရောက်လို့ ဘီဘီစီဖွင့်ပြီး ရန်ကုန်သတင်းနားထောင်တော့ စိတ်မအေးစရာပါဘဲ။ ရန်ကုန်မှာ ညမထွက်ရ အမိန့် ကို ဖောက်ဖျက်တဲ့အနေနဲ့
ကျောင်းသားတွေက (၈) ရက်နေ့ ညမှာ မြို့ တော်ခန်းမ အရှေ့ မှာ အစုအဝေး မပျက် ညသန်းကောင်ကျော်အထိ ဆန္ဒပြကြတယ်။
ဒီလို ညမထွက်ရအမိန့်ကို ဖောက်ဖျက်ဆန္ဒပြနေတဲ့ လူစုလူဝေးဆီကို အနောက်ဘက်မော်တင်နဲ့ အရှေ့ ဘက်ရေကျော်က ထပ်ပြီး အားဖြည့်တာမို့ မြို့ တော်ခမ်းမရှေ့  မဟာဗန္ဓုလ လမ်းကြီး အပြည့်ပိတ်သွား ပါတယ်။
လုံထိန်းတွေနဲ့ ရဲတွေက အသံချဲ့စက်နဲ့လူစုခွဲဖို့  မေတ္တာရပ်ခံချက်ထွက်လာရင် ကျောင်းသားဘက်က အမျိုးသားသီချင်းကို သံပြိုင်ဆိုကြတယ်။ လူအုပ်ကြီးက များလွန်းလို့ အမျိုး သားသီချင်းသံပြိုင်ဆိုတဲ့ အသံဟာ ညသန်းခေါင်ကျောင် အချိန်မှာ ကျောက်တံတားမြို့ နယ်တစ်ခုလုံးဘယ်သူမှ မအိပ်ကြရဘူး။ (၉) ရက်နေ့
နံနက်ပိုင်းကိုကူးလာပြီးတဲ့နော
အဲဒီလို အပြန်အလှန်ဖြစ်နေပြီး (၉)ရက်နေ့ နံနက် (၃) နာရီလောက်မှာ လူစုကွဲသွားတော့  လရောင် မှုန်မှုန်ဝါးဝါးအောက်မှာ ကားကြီးတွေနဲ့ လူနာတွေ အလောင်းတွေ ကောက်တင်တာ ပြေးလွှားနေတဲ့သူတွေကို ပါ ဖမ်းတင်သွားတာတွေကို အသံနဲ့ တကွလွှင့်ပြလို့ နယ်ကလူတွေပါ အံကြိတ်ကြ ရပါတယ်။
(၉)ရက်နေ့ ရန်ကုန်မှာတော့ လူတွေဟာ ပိုပြီး မခံမရပ်နိုင်ဖြစ်လာကြ ပြီး အကြမ်းဖက်မှုတွေတောင် ပါ လာတယ်လို့ဆိုပါတယ်။ ဆေးရုံကြီးရှေ့  ကလူအုပ်ကို ပစ်ခတ်ရာမှာ ဆေးရုံကြီးထဲအထိ ဝင်ရောက်ပစ်ခတ်လို့  သူနာပြု
ဆရာမတွေ ဆေးဝန်ထမ်းတွေ ဆရာဝန်တွေ ထိခိုက်ဒဏ်ရာ ရတာမို့ မြန်မာနိုင်ငံဆရာဝန်များအသင်းက နိုင်ငံတော်ကောင်စီကို ကန့်ကွက်ကြောင်း ကြေညာပါတယ်။ မြန်မာနိုင်ငံဆရာဝန်များအသင်းရဲ
ဟာ ရေဒီယိုက ပါရုံတင်မကဘူး ညွှန်ကြားချက်အဖြစ် စာရွက်တွေပါ ဒီမြို့ ကို (၁ဝ)ရက်နေ့  မနက်ပိုင်းမှာ ရောက်လာပါတယ်။
(၁ဝ)ရက်နေ့ မှာတော့ ကျောင်းသားတွေက ပေါင်းတည် အ.ထ.က မှာ မစုတော့ဘူး။ (၃၈)လမ်း အ.မ.က မှာစုကြ ပြီး အဲဒီက နေ… အာဇာနည်ကျောက်တိုင်ကိုချီ
ကျောင်းသားအုပ်နဲ့ တွေ့ လိုက်တာနဲ့ ဘဲ ကျောင်းသားတွေ ညွှန်ကြားတဲ့ အတိုင်း နားထောင်ပြီး စီတန်းလှည့်လည်ကြတယ်။ ပုဆိုးခါးတောင်းကျိုက်ထား၊ ဖိနပ် ခါးကြား ထိုးထားတာ၊ အသံကျယ်ကျယ်အော်တာ ရှိချင်ရှိမယ်။ လုံချည်စိမ်းနဲ့ ခုနစ်တန်း၊ ရှစ်တန်း ကျောင်းသား လောက်ရဲ့ ခေါင်းဆောင်မှုကိုတောင် လေးလေးစားစားလိုက်နာကြပါတယ်။ လုံချည်စိမ်းနဲ့ ကျောင်းသားငယ် တွေ သာမက၊ လုံချည်စိမ်းနဲ့ ဆရာ၊ ဆရာမ တွေကပါ ဝင်ထိန်းထားတာမို့ လည်း စည်းကမ်းမပျက်ကြပါ။ ကျနော်က လွန်ခဲ့တဲ့ နှစ်ရက်မှာ ဝင်ထိန်းပေးလိုက်တာမို့ရွာတွေက တက်လာတဲ့ လယ်သမားတွေက ကျနော့်ကို ခေါင်းဆောင်လို့ ထင်ကြပါတယ်။ ကျနော့်ရွာ ဘုရားငါးဆူကတော့ ပိုတက်ကြွနေကြတာပေါ့..။က်ေနာ္ကေ
ကိုးနာရီမှာ အာဇာနည်ကျောက်တိုင်ကနေ တခါ စီတန်းလှည့်လည်ပြန်ပါတယ်။ ဒီနေ့ တော့ ဘယ်လမ်း တွေက ဘယ်လို စီတန်းလှည့်လည်ကြ သလဲတောင် မမှတ်မိတော့ဘူး။ မြောက်ဘက်က မှတ်တိုင်လမ်း အတိုင်း ပြန်လာတဲ့ လူတန်းကြီး ကို မီးရထားသံလမ်း အကျော် ဘုရားကြီးလမ်းပေါ်က လာကြို ပြီး (၃) လမ်းထဲ ဝင်ခိုင်း တာပဲ မှတ်မိတယ်။ ဘုရားကြီးလမ်းက တရုတ်ဓါတ်ပုံဆိုင်မှာ ပြဿနာထပ် ဖြစ်ဦးမှာစိုးလို့ ..ထင်ပါတယ်..။ ပြီးတော့မှ (၂)လမ်းကွေ့ အဲဒီကမှ ရန်ကုန်လမ်းကိုကွေ့ ပြီး အာဇာနည်ကျောက်တိုင်မှာ ရပ်ပါတယ်။ လူတွေ ကလည်း များမှများ…။ ကောင်စီက လူတွေကတောင် ” ဆရာကြီးရေ ရွာလူတွေကိုကြည့်ထိန်းဦး ..။ခါးကြားမှာ ဓါးမြောင်တွေနဲ့ ..။ထီးတွေ
ထဲမှာလည်း ဓါးရှည်တွေပါလာတယ် “လို့  လာပြီး သတိပေးပါတယ်။ ဒီကြားထဲ ဆန္ဒပြခေါင်းဆောင်တွေ ထဲက ခင်မောင်ဇော် နဲ့ ဇာနည်တို့ ထိုးမယ်ကြိတ်မယ် ဖြစ်ပါတယ်။ ကျနော့်လာခေါ်လို့ လိုက်သွား တော့ သူတို့ အချင်းချင်းဘဲ ထိန်းလိုက်နိုင်ပြီလို့ သိရပါတယ်။ ဇာနည်က ဒီလိုပဲ ကျောင်းသားကတည်းက ထစ်ကနဲဆိုရင် လက်ပါချင်တယ်။ ခင်မောင်ဇော် က ရှောင်ပါ တယ်။ ရွာကလူတွေကတော့ အမြဲတန်းခေါင်းငုံခံခဲ့ရတဲ့သူေ
အခွင့်အရေးရတုန်း ပိုအော်ကြ ဟစ်ကြတာပေါ့..။ ပုဆိုးခါးတောင်း
ကျနော်ကတော့ အခြေအနေဘဲ ကြည့်နေတာပါ။ ဘယ်သူ ဘာလုပ်လို့လဲ အခုအထိ မပြောသေးပါဘူး။ ကျောက်တိုင်မှာ ပြန်စုမိရင်ပဲ လူထုစည်းဝေးပွဲကြီး လုပ်ပြီး တရားဟောကြတော့တယ်။ လယ်သမားကြီးဆိုတဲ့သူ၊ ဘုန်းကြီး၊ နိုင်ငံရေးသမားဟောင်း၊ ပြည်သူရဲဘော် စတဲ့ သူ အမျိုးမျိုး ဘဲ တက်ဟောကြတာ။
ဆရာစံ သူပုန် ဟောင်း ဆိုတဲ့ သူတောင်ပါသေးတယ်။ တချို့  ကလည်း ပုဂ္ဂိုလ်ရေးခံစားချက်တွေနဲ့ သူတို့ မုန်းတဲ့ အာဏာပိုင်တွေ အမည်တပ် ဆဲတာမျိုးတွေလုပ်ကြတယ်။ ဒါနဲ့ စင်နားကို ကပ်သွားပြီး အကဲခတ်တော့ အောက် က
စီစဉ်ပေး နေတာက ဇာနည်ဖြစ်ပြီး စင်ပေါ်က အခန်းအနားမှူးက မောင်မောင်လွင်ပါ။ သူတို့ ကို လက်ယပ်ခေါ်ပြီး “သူတို့ ပြောချင်တာတွေကို အရမ်းစွတ်မပြောစေနဲ့ ။ ထိန်းပေး။ စင်ပေါ်မှာ ဘာပြောမလဲ ဆိုတာ ကြိုပြီး မေးထား လို့ ပြောပြီး ..။အဲဒီလိုကြီးကြပ်တာကို တစ်ယောက်ချင်းမလုပ်နဲ့ ..။အဖွဲ့ လေးနဲ့ လုပ်ဖို့  ” ပြောတော့ ..။ကဲ..ကဲ စာရင်းကောက် မယ် ဆိုရင်ဘဲ ပြောချင်လို့  စာရင်းပေးမဲ့ သူက တပုံကြီး။ အခြေအနေထိန်းဘို့ သူတို့ လူငယ်တွေမှာလည်း ဒီလောက် ကြီးမား ပြီး ပေါက်ကွဲနေတဲ့ လူအုပ်ကို ထိန်းဘူးတဲ့ အတွေ့ အကြုံ မရှိ။ မီးစင်ဘဲ ကြ
ည့်ကကြ ရတော့မှာဘဲ။ စင်ပေါ် အကဲခတ်ပြီး လူအုပ်ကိုလည်း အကဲခတ်တယ်။ လူအုပ်ရဲ့  အပြင်ဘက်ထွက်ပြီး အကဲခတ်…လုပ်ရပါတယ်။ သူတို့ မှာ ကြိုတင်စီစဉ်ထားတာ မျိုး တစ်ခုမှ မတွေ့ ပါ..။
ဒီအချိန်မှာ ထမင်းထုပ်တောင်းတွေနဲ့ ဆိုက်ကားတွေ အရှေ့ အနောက် တောင် မြောက်က အသီးသီးဝင်လာပါတယ်။ တချို့ က ဘယ်လိုလုပ်ရမှန်းမသိတော့ ကျနော့်ဘဲ လာမေးကြ ပြန်ပါတယ်။ ဒီတော့ မှ..
အနားပတ်လည်လှမ်းကြည့်လိုက်တော့ နဲနဲ လည်လည်ဝယ်ဝယ်နဲ့ ဟိုစပ်စပ် ဒီစပ်စပ် ပါတတ်တဲ့ ဆရာကျော်ဝင်းကို တွေ့ ပါတယ်။ လှမ်းခေါ်လိုက်ပြီး ထမင်းထုပ်တွေဘယ်မှာ စုထားမလဲ။ သွား စုံစမ်းချည်စမ်း …ဆိုတော့ ဘုရားကြီးတိုက်ထဲက စွယ်တော်တိုက်ရှေ့ အာရုံခံတန်ဆောင်းကြီးထဲမှာ တဲ့။ သူက ဒက်ကနဲ ပြန်ဖြေပါတယ်။ ဘယ်သူ တာဝန်ယူသလဲဆိုတော့ သူနဲ့ ကျောင်းဆရာ အရှည်ကြီး တင်ဝင်းရယ်… မြို့ နယ် သမရုံး က ဖိုးထောင်ရယ်အပြင်
အခြားသူတွေ အမည်တချို့ ကို ပြောပါတယ်။
ကဲ ..သွားကြည့်ကြ ဦးမယ်ဆိုပြီး ထမင်းထုပ်စုရပ်ကိုသွား ကြည့်ပါတယ်။ ဟုတ်တယ် …။သူတို့အုပ်စုနဲ့ သူတို့  ထမင်းထုပ်တွေကို စောင့်ကြီးကြပ် လက်ခံနေတဲ့သူရှိတယ်။ လာပို့ တဲ့သူက ဘယ်ရပ်ကွက် ဘယ်လမ်း ထမင်းထုပ် ဘယ်နှစ်ထုပ်ဆိုပြီး ….အပ်။ လက်ခံတဲ့သူက မှတ်ပြီး လက်ခံ …..။ရေကြည့်မနေနိုင်ဘူး။ ထမင်းထုပ်ကလည်း တောင်ပုံ ရာပုံ ဖြစ်လာပြီ။ ဘယ်လို..ထမင်းထုပ် ဘယ်လိုဝေမလဲ …မေးတော။့ အစည်းအဝေးဖြု တ်တော့မှ ဘုရားကြီးထဲကို ရန်ကုန်လမ်းဘက်က အပေါက်ကဝင်ခိုင်းပြီး ဒေါ်ရိပ်ကြီး တန်ဆောင်း(အခုတော့ ကွက်လပ်ကြီး) ထဲမှာ စားခိုင်း မယ် လို့ ဆိုတယ်။ အခြေအနေသိရတော့ ကျနော် ရွှေကျောင်းကြီးဘက်ကို သွားတယ်။ ဘုန်းကြီး တွေ့ ရင် လျှောက်တင် ခွင့်တောင်းမယ် ရည်ရွယ်ချက်နဲ့ ပါ။ ဒါပေမဲ့ ဘုန်းကြီးကျောင်းက တံခါးတွေလည်းပိတ်လို့..။ ဘုန်းကြီးအရိပ်အယောင်ဝေးလို့..။
လည်း ဘုန်းကြီးကျောင်းနဲ့ သိပ်ထဲထဲဝင်ဝင် မဟုတ်တော့ ဘုန်းတော်ကြီး ဘယ်ဆီရှိမယ်မှန်း မသိဘူး။ အချိန်လည်းသိပ် မပေးနိုင်တာ နဲ့  နေပေစေတော့ ဆိုပြီး ပြန်ထွက်လာခဲ့တယ်။ စွယ်တော်တင်ပြီး ဆင်ထွက်တဲ့အပေါက်ကပေါ့။
ဘုရားကြီးလမ်းပေါ်ရောက်လို့.. ဖိနပ်ချခင်းရုံရှိသေးတယ်။ တူဖြစ်သူက အောင်မိုးမြင့်နဲ့ သူ့ သူငယ်ချင်း အောင်ကြီးတို့ နှစ်ယောက် သုတ်သီးသုတ်ပြာ လူအုပ်ကြီး ဆီကပြန်လာတာ တွေ့ ရပါတယ်။ ဘယ်သွားကြ မလဲလို့ ဆီးမေးတော့ တူဖြစ်သူ အောင်မိုးမြင့်က စပြောပါတယ်။ လူတွေက အများကြီးဘဲ။
စကားပြောဘို့ စာရင်းပေး ထားတဲ့ လူတွေကလည်း မနည်းဘူး။ ကျနော်တို့ တော့ ထိန်းလို့ ရမှ ရပါဦးမလား မသိတော့ဘူး လို့ပြောပါတယ်။ သူတို့ မှာလည်း မကျေနပ်ချက်တွေကြောင့်သာ ဝင်လုပ်နေကြတာ။ လူစုလူဝေးကို အစည်းအဝေးလုပ်ပြီး ထိန်းသိမ်းတတ်တဲ့ ဒီမိုကရေစီ အတွေ့ အကြုံ အလေ့အကျင့်မျိုး မှ မကြုံ
ဖူး ကြတာပဲ။
“အေး ..အေး ..အခြေအနေကြည့် ..။ကိုယ့်လူစုနဲ့ ကိုယ်မကွဲစေနဲ့…လို့  မှာပြီး အာဇာနည်ကျောက်တိုင်ဆီကို
ပြန်လှည့်ခဲ့ပါတယ်။ စင်မြင့်ပေါ်မှာ လယ်သမားကြီးတစ်ယောက်လို့… သူကိုယ်သူပြောပြီး စကားတွေ ချာလည် ရိုက် နေပါတယ်။ ဘာကိုဦးတည်ပြောမှန်းမသိရဘူး။ ခဏနေတော့ ကျနော်က တော်လှန်ရေးသမားပါဆိုတဲ့လူ
တစ်ယောက် တက်လာပြန်တယ်။ သူ ဂျပန်တော်လှန်ရေးကတည်းက ပါခဲ့ပြီး ကွန်မြူနစ်တော်လှန်ရေးမှာလည်း မြစ်ဝ ကျွန်းပေါ်မှာ တာဝန်ကျတယ်။ အခုမြန်အောင်က ဆိုလား အင်းတိုင်ကဆိုလား ရောက်လာတာ။ စစ်တပ်ကို ချဖို့
သူ့တာဝန်ထားပါဆိုတာလည်းပါတယ်။
ဒါနဲ့  စင်မြင့်နားကပ်ပြီး သွားတော့ (၁၁)လမ်းဘက်မှာ ဆရာဝန်အုပ်စုကို သွားမြင်ရတယ်။ ဒေါက်တာခင်မောင်ဇော်ရယ်၊ ဒေါက်တာသိန်းဌေးရယ်၊ ဒေါက်တာ တင်လှအောင်ရယ် …။သူတို့ ကပဲ ” ဆရာကြီး ကျနော်တို့ ဘာကူညီရမလဲ”လို့ မေးပါတယ်။ မေးရင်းလည်း “စင်မြင့်ပေါ်မှာတော့ လူစုံဘဲ၊ ဘာတွေပြောမှန်းလဲ မသိတော့ဘူး”လို့  ပြောပါတယ်။ ဆရာတို့ ဒီနား ခဏ နေကြ ပါဦး…။ကျနော်သွား အကဲခတ်
လိုက်ဦးမယ်လို့ ပြောပြီး၊ စင်မြင့်အောက်ခြေရောက်အောင် သွားတော့ ခင်မောင်ဇော်ကို တွေ့  ပါတယ်။ “ဆရာကြီးရေ ဒီမှာတော့ ပြောဖို့  စာရင်းပေးထားတဲ့ လူတွေ ဒီနေ့ တောင်ကုန်ပါမလား မသိဘူး” လို့  ပြောပါတယ်။ စင်ပေါ်က မောင်မောင်လွင်ကို လှမ်းကြည့်တော့လဲ သူလည်းလာတဲ့သူ မိုက်ခွက်လှမ်းပေးနေရတာဘဲ။
စင်မြင့်ရှေ့ က လူအုပ်ကတော့ ကျောင်းသား ကျောင်းသူငယ် တွေပါ။ တချို့ ကလည်း ငုတ်တုတ်၊ တချို့ က တင်ပလင်ခွေ၊ တချို့  ကဒူးထောင်ပြီး ဒူးကိုလက်ကလေးတွေနဲ့  ပိုက်လို့…။ကလေးတွေရဲ့ မျက်နှာမှာငြီးငွေ့ နေတဲ့ အရိပ်အယောင် ပေါ်နေပါပြီ။ အချိန်ကို ကြည့်လိုက်တော့လည်း …မွန်းတည့်ကျော်လို့ ၁၂ နာရီခွဲလောက်။ ဒီနေ့ မှ
ရာသီကလည်း ကြည်ကြည်လင်လင်နဲ့ မို့အပူဒဏ်လည်း ခံနေရပုံ ပေါ်ပါတယ်။ အပြင်လူအုပ်ကလည်း ရှေ့ ကို ပို ပိလာလို့  ပြည့်ညပ်နေကြပါပြီ။ ကျနော် စဉ်းစား လိုက် တယ်။ ဒီအချိန်မှာ ကျနော်စင်ပေါ်တက်ပြီး နိဂုံးချုပ်
လိုက်မှကောင်းမယ်လို့ ..ပါ။ဇာနည်ကို လှမ်းခေါ် လိုက်တယ်။
ဒီနေ့ အစည်းအဝေးသိမ်းဖို့ ကောင်းနေပြီဆိုတော့ သူက “ဘုရားထဲမှာ ထမင်းထုပ်စုံရင် လူတွေကို ဟိုအပေါက်က နေပြီး ဘုရားထဲလွှတ်ပေးမယ်” လို့ ပြောတုန်း သူ့ ကို တစ်ယောက်က ” ကျနော်စကားပြောဖို့ အလှည့် ပေးပါဦး၊ ကျနော်ဌာနချုပ်က တာဝန်နဲ့ လာတာ” လို့ ပြောပါတယ်။ ဟာ ..ဘယ်အချိန်မှာ ဌာနချုပ်တွေ ဖြစ်နေပြီ လဲ…။ လုပ်မနေနဲ့ ဆိုလည်းမရပါ။ သူက စင်မြင့်ပေါ်ကို တက်သွားတယ်။ စင်မြင့်ပေါ်က
သူကလည်း ပြောတုန်းပါပဲ…။
ဒီအချိန်မှာ ကျနော် ဆုံးဖြတ်ချက်ချလိုက်ပါပြီ။ နောက်ပြန်ဆုတ်တယ်။ ဆရာဝန်တွေကို ” ဒီမှာ ခဏနေပါ၊ ကျနော် ထမင်းထုပ်ဝေဖို့ လူတချို့  လွှတ်လိုက်မယ်” လို့ ပြောပြီး ရန်ကုန်လမ်းဖက.်…ပြန်ထွက်။ အဲဒီကမှ ဘုရားကြီး လမ်းထဲ …ဝင်….။ ထမင်းထုပ်ပုံကြီး ဆီရောက်တော့…..။အဲဒီမှာရှိတဲ့ ဆရာကျော်ဝင်းတို့  ဆရာတင်ဝင်းတို့ အပြင် တပည့်တွေ အများကြီး တွေ့ တယ်။ ထမင်းထုပ်တွေက လည်း ထပ်လာနေတုန်းပဲ။ “ကဲထမင်းထုပ်ကို… ဒီအထဲမှာဝေလို့ တော့ မဖြစ် ဘူး။ လူက သိပ်များနေပြီ။ အပြင်ထွက်ဝေမှ ဖြစ်မယ်။ တောင်းတွေထဲ ထမင်းထုပ်တွေထည့်၊ ထည့်ပြီးသား တောင်းတွေထမ်းပြီး တော့ (၁၁)လမ်းထိပ်က အိုပီဆိုင်ရှေ့ မှာ ဒေါက်တာခင်မောင်ဇော်တို့ဆရာဝန်
ထမ်းလာတာမြင်တော့ လူတွေရှဲပြီး လမ်းပေးတဲ့သူက..ပေး ။ ထမင်းတောင်းတွေနောက် လိုက်တဲ့ သူကလိုက် ..။လူတွေနည်းနည်း အာရုံပျက်သွားတယ်။
ကျနော်ကလည်း ဒါကိုရည်ရွယ်တာပါဘဲ။ ဇာနည်ကရှေ့နားထွက်လာပြီး.. “ဘာပြု လို့  ထမင်းထုပ်တွေ ဒီလာပြီး ဝေတာလဲ”လို့ မေးတယ်။ ဝေတဲ့နေရာမှာ… ဆရာဝန်တွေဖြစ်နေတော့ သူနည်းနည်းတော့တန့်
သွားတယ်။ ကျနော်က သူ့ဆီ သွားပြီး ” ဒီနေ့  အဖို့ တော်တော့ ကလေးတွေလည်း နေအရမ်းပူနေပြီ” လို့ ပြောပြီး …။စင်ပေါ်က မောင်မောင်လွင်ကို လည်း လှမ်းပြီး ” အစည်းအဝေးရုတ်သိမ်းတော့” လို့ ပြောလိုက်ပါတယ်။
နောက်ဘက်ပြန် ထမင်းထုပ်တွေကို ရောက်တဲ့နေရာ က ချဝေလို့  …ဆိုလိုက်တော..့ ကျနော်တောင်စင်ပေါ်တက်စရာမလိုတော
ဒီနေရာ မှာ ..ဆန္ဒပြလူအုပ်ကြီးနဲ့  ကျောင်းသားလူငယ်တွေက ဆရာကြီး လူလယ်လုပ်တယ်လို့ ထင်သွား နိုင် တယ်။ တကယ်ကျတော့ မဆလ ရဲ့  လူထုအစည်းအဝေးမျိုး ကိုသာ ကြုံ ဖူးကြ တဲ့ လူငယ်တွေပါ..။ ရန်ကုန်မှာ
ဆန္ဒပြပွဲနဲ့ ကြုံ ဖူးခဲ့ကြ တဲ့ တက္ကသိုလ်ကျောင်းသားကျောင်းသူတွေ
ဆက်ရန်- (၁၆) ဆန္ဒပြပွဲများ ခေတ္တရပ်ဆိုင်းပေးရန် မေတ္တာရပ်ခံခြင်း