ကဗျာ ဆောင်းယွန်းလ

ဆောင်းယွန်းလ – တော်လှန်ရေး

Photo – Than Htay Maung

ဆောင်းယွန်းလ –  တော်လှန်ရေး

(မိုးမခ) နိုဝင်ဘာ ၁၇၊ ၂၀၁၆
မှတ်တမ်းတွေမရေးပဲ
အမှတ်သညာထဲမှာ
တမ်းတမ်းတတ စွဲထင်စေတဲ့ ပုံရိပ်။

အဖိတ်အစင်များပြီး
စိတ်ဝင်စားလိုက်ပြီဆိုရင်
ကမ်းလွန်ပင်လယ်ပြင်ထဲ လှေစီးနေရသလိုပဲ။

အိတ်ကပ်ထဲ ကုန်းကောက်စရာမရှိအောင်
လူကို မွဲစေပြီး
စိတ်ဓာတ်ထဲ ခူးဆွတ်ဖြည့်ထည့်စရာ အပြည့်နဲ့
လူကို ရဲစေခဲ့တယ်။

(နိုဝင်ဘာလ ၁၆ရက်၊ ၂၀၁၆)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts