ကဗျာ

သန်းဆွေမိုး(ကလော) – လောက

သန်းဆွေမိုး(ကလော) – လောက
(မိုးမခ) နိုဝင်ဘာ ၁၂၊ ၂၀၁၆

တို့ရွာကြီး
ဓားပြတွေဝင်စီးတော့

တို့ရွာကြီးနဲ့ တို့အိမ်
သူခိုးတွေ ဗိုလ်ဝင်လုပ်တော့

အမြီးကုတ်ချောင်ကပ်
ဘယ်မှာသွားနှပ်နေမှန်းမသိလိုက်ရတဲ့ ဒီခွေး ၊

ဟော….
ဓားပြလည်းဝေး သူခိုးလည်းပြေးရော

တရစပ် မရပ်မနား
ထိုးထိုးပြီးဟောင်ပြနေလိုက်တာ နားတွေကိုငြီးလို့ ။ ။

သန်ဆွေမိုး( ကလော )


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts