ကဗျာ

ကမ်လူဝေး ● ငြိမ်းချမ်းရေးဆွေးနွေးပွဲပြီး နောက်တနေ့

 ကမ်လူဝေး ● ငြိမ်းချမ်းရေးဆွေးနွေးပွဲပြီး နောက်တနေ့
(မိုးမခ) အောက်တိုဘာ ၉၊ ၂၀၁၆


အိမ်ထဲက ကလေးငယ်ဗိုက်ကို
အသိဉာဏ် ကန်းနေတဲ့ ကျည်ဆံက
ဖွင့်ဖောက်ပစ်လိုက်တယ်။

ဘုရားသခင်ခေါ်တော်မူတဲ့ ဝိညာဉ်
ငြိမ်ဝပ်ခြင်း ရှိပါစေ။

သွေးအိုင်ထဲက ငြိမ်းချမ်းရေး
ပြိုလဲနေဆဲ နိုင်ငံတော်
ဆွေးနွေးပွဲပြီး နောက်တနေ့။ ။

ကမ်လူဝေး


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts