![]() |
Than Htay Maung |
ခက်ဦး – မြည်သံစွဲ ရွှေဝါရောင်
(မိုးမခ) စက်တင်ဘာ ၂၆၊ ၂၀၁၆
မျက်ရည်ယိုမီးခိုးလုံးတွေကြား
စီတန်းကြွလာတဲ့အသံ
ပေတရာလမ်းများထက်၂၀၀၇ ၂၆ စက်တင်ဘာ ငွေကြာရံ
တုတ်ရိုက်သံ ပစ်ခတ်သံ
ဘုန်းတော်ကြီးကျောင်းထက်
စီတန်းကြွလာတဲ့အသံ
ပေတရာလမ်းများထက်၂၀၀၇ ၂၆ စက်တင်ဘာ ငွေကြာရံ
တုတ်ရိုက်သံ ပစ်ခတ်သံ
ဘုန်းတော်ကြီးကျောင်းထက်
စစ်ဖိနပ်သံ
မြတ်ဦးခေါင်းထက်
သွေးအလူးလူး
ညည်းသံများထကိ
ပူးခတ်ထား
ခြေကျင်းသံတွေ
ထောင်နံရံ
အတွင်းဘက်အပြင်ဘက်
မေတ္တာသုတ်ရွတ်ဖတ်သံများ
မေတ္တာပို့ ရွတ်ဆိုသံများ
ညှင်းဆဲလိုခြင်းအချင်းချင်း ကင်းရှင်းကြပါစေ
ညှင်းဆဲလိုခြင်းအချင်းချင်း ကင်းရှင်းကြပါစေ
ညှင်းဆဲလိုခြင်းအချင်းချင်း ကင်းရှင်းကြပါစေ
ညှင်းဆဲလိုခြင်းအချင်းချင်း…………….
တိုးတိတ်မသွား
စဲမသွားသေး
စိတ်နားယံထဲစွဲလို့
မဆွေးမမြေ့ရစ်ဝဲလို့……..
ခက်ဦး
၂၃ . ၉ . ၂၀၁၅