ဓာတ်ပုံသတင်း ဌေးအောင် (မိုးမခ)

ဦးအောင်ထိုက် ဈာပနသို့ နိုင်ငံရေးအသိုင်းအ၀န်းက လာရောက် ဂါရ၀ပြု

 

ဦးအောင်ထိုက် ဈာပနသို့ နိုင်ငံရေးအသိုင်းအ၀န်းက လာရောက် ဂါရ၀ပြု
(ဌေးအောင်၊ မိုးမခ) စက်တင်ဘာ ၂၆၊ ၂၀၁၆

နိုင်ငံရေးအကျဉ်းသားဟောင်းများကွန်ယက်(FPPS) ၏ အကြံပေးအဖွဲ့ ဝင်တစ်ဦးဖြစ်သော ဦးအောင်ထိုက် (၆၅)နှစ်၏ ဈာပနအခမ်းအနားအား ရေဝေးသုဿန်ရှိ  ခန်းမဆောင်(၁-က)၌ ယနေ့ (၂၅.၉.၂၀၁၆)နေ့ လည် ၁၁နာရီတွင် ကျင်းပရာ ဦးအောင်ထိုက်အား လေးစားချစ်ခင်သော အဖွဲ့ အစည်းအသီးသီးမှ ခေါင်းဆောင်များ အပါအ၀င် ဧည့်ပရိတ်သတ်(၂၀၀၀၀)ကျော် တက်ရောက်ဂါဝရပြုခဲ့ကြောင်း သတင်းရရှိပါသည်။

ဦးအောင်ထိုက်သည် စစ်အာဏာရှင်စနစ်ဆန့် ကျင်ရေး(၀ါ)ဒီမိုကရေစီရရှိရေးလှုပ်ရှားဆောင်ရွက်မှု့ များအား အဖွဲ့ အစည်းပေါင်းစုံတွင် ဦးဆောင်ပါဝင်ခဲ့ပြီး စိတ်တိုင်းကျစားသောက်ဆိုင်များအား ဖွင့်လှစ်ကာ ဘ၀တူ နိုင်ငံရေးသမားများနှင့် နိုင်ငံရေးအကျဉ်းသားများအား အားပေးကူညီ ထောက်ပံ့ခဲ့သူဖြစ်ပါသည်။

ဓာတ်ပုံ-ဌေးအောင်

 

 

 

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts