ကဗျာ

စည်သူငြိမ်း – မိုးမိထားတဲ့နေ့

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

စည်သူငြိမ်း – မိုးမိထားတဲ့နေ့
(မိုးမခ) စက်တင်ဘာ ၁၄၊ ၂၀၁၆

မနက်ခင်းက
နှင်းဆီတောအုပ်ကိုဖြတ်လာတယ်။

ညကကျန်တဲ့
မိုးရေစက်တချို့ရဲ့ဂီတဟာ
တပ်မက်မှုအပေါင်းမှာ ပြာကျခဲ့ပြီ။

သတင်းစာများကတော့
ကမ္ဘာမြေရဲ့နာကျင်မှုအထွေထွေကို
သောက်မြိုအန်ထုတ်ကြလိမ့်မယ်။

ငါလည်း
ပါဝင်တောက်လောင်ရင်း
ငြိမ်းချမ်းရေးကို
ထမင်းထုပ်ဝေရဦးမပေါ့ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts