ဓာတ်ပုံသတင်း ဟံသာဝတီ ဦးဝင်းတင် ဦးဝင်းတင် ဌေးအောင် (မိုးမခ)

ဦးဝင်းတင်ဖောင်ဒေးရှင်း ၂၆ ကြိမ်မြောက် နိုင်ကျဉ်းမိသားစုများကို ထောက်ပံ့

 

ဦးဝင်းတင်ဖောင်ဒေးရှင်း ၂၆ ကြိမ်မြောက် နိုင်ကျဉ်းမိသားစုများကို ထောက်ပံ့
(ဌေးအောင်၊ မိုးမခ) စက်တင်ဘာ ၁၃၊ ၂၀၁၆

ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်းမှ (၂၆) ကြိမ်မြောက် ထောက်ပံ့ငွေပေးအပ်ပွဲကို ယနေ့ (၁၂.၉.၂၀၁၆) နံနက် (၁၀း၀၀) နာရီတွင် ရန်ကုန်မြို့ ၊ တော်ဝင်နှင်းဆီစားသောက်ဆိုင်၌ ကျင်းပခဲ့ပါသည်။ အခမ်းအနားသို့  အလှူရှင်များ၊ အခမ်းအနား စီစဉ်သူများ၊ ဖောင်ဒေးရှင်း ကော်မတီဝင်များ၊ ထောက်ပံ့ငွေ လက်ခံရရှိသူ နိုင်ငံရေးအကျဉ်းသားများနှင့် မိသားစုများ စုစုပေါင်း (၁၀၀) ခန့် တက်ရောက်ခဲ့ကြပါသည်။ ယခု (၂၆) ကြိမ်မြောက်တွင် နိုင်ငံရေးအကျဉ်းသားဟောင်း ၁၅ဦးနှင့်အတူ NLD လူငယ်ဘုံရိပ်သာအတွက်လည်း ထောက်ပံ့ကူညီခဲ့ပါသည်။

 

 

ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်းသည် စတင်ဖွဲ့ စည်းထူထောင်စဉ်မှ ယနေ့ အချိန်အထိ နိုင်ငံရေးအကျဉ်းသား (၁၅၄) ဦး၊ နိုင်ငံရေးအကျဉ်းသားဟောင်းနှင့် စာနယ်ဇင်းသမား (၅၉၁) ဦး၊ ဖမ်းဆီးသတ်ဖြတ်ခံ နိုင်ငံရေးအကျဉ်းသား (၁) ဦး စုစုပေါင်း ၇၄၉ ဦးအား ထောက်ပံ့ပေးခဲ့ပြီးဖြစ်ကြောင်း သိရပါသည်။ နိုင်ငံရေးအကျဉ်းသားဟောင်း သား/ သမီး (၇၇၃) ယောက်အတွက် ပညာသင်ထောက်ပံ့ကြေးများ ထောက်ပံ့  ကူညီပြီးစီးခဲ့ကြောင်းသိရသည်။

ဓာတ်ပုံ-ဌေးအောင်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts